၎င်းတို့သည် ဧပြီလအတွင်း ရွက်သင်္ဘောတစ်စီးပေါ် လိုက်ပါလာသည့် အဆိုပါဂျာမနီနှစ်ဦးအား ဓားစာခံအဖြစ်ဖမ်းဆီး ကာ ပြန်ပေးငွေများ တောင်းခဲ့ ကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။
အဘူဆေယက်ဖ်အဖွဲ့ကလည်း ၎င်းတို့တောင်းဆိုထားသည့် ပြန်ပေးငွေ ၅ ဒသမ ၆ သန်းကို အပြည့်အ၀ရရှိခဲ့ကြောင်း ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ထားသည်။
အီရတ်နှင့်ဆီးရီးယားတို့ရှိ IS အစွန်းရောက်များအား အမေရိကန်ဦးဆောင်၍ လေကြောင်းတိုက်ခိုက်လျက်ရှိရာ ဂျာမနီနိုင်ငံလည်း ပူးပေါင်းပါဝင်လျက်ရှိသည်။ အစောပိုင်းကမူ အစ္စလာမ်ခွဲထွက်ရေးအဖွဲ့ အဘူဆေယက်ဖ်က IS အဖွဲ့အား ဂျာမနီဝင်ရောက်တိုက်ခိုက်နေမှုကို အဆုံးသတ်ရန် တောင်းဆိုခဲ့သော်လည်း ဂျာမနီအစိုးရက ပယ်ချခဲ့သည်။
အဘူဆေယက်ဖ်အဖွဲ့သည် ၁၉၉၀ ပြည့်လွန်နှစ်များက စတင်ထကြွလာသည့် အဖွဲ့ဖြစ်သည်။ ၂၀၀၄ ခုနှစ်အတွင်းကမူ Superferry 14 အမည်ရှိ ကူးတို့ သင်္ဘောကြီးတစ်စီးအား အဘူဆေယက်ဖ်အဖွဲ့ ဗုံးခွဲတိုက်ခိုက်ခဲ့ရာ လူပေါင်း ၁၁၆ ဦး သေဆုံးခဲ့ရသည်။




































No comments:
Post a Comment