Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, October 15, 2014

လိပ်ကျွန်းလူသတ်မှု သက်သေတွေ စတင်စစ်ဆေး

ထိုင်းနိုင်ငံ ခိုတောင်းကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရက သက်သေအဖြစ် မြန်မာအလုပ်သမား ၃ ဦးကို ဆူရတ်ဌာနီခရိုင် ကော့စမွေတရားရုံးမှာ ဒီကနေ့ စစ်ဆေးခဲ့ပါတယ်။

အစိုးရ တရားလိုပြသက်သေအဖြစ် ကိုမောင်မောင်၊ ကိုအောင်ဇော်လင်းနဲ့ မနီနီအောင်တို့ကို စစ်ဆေးခဲ့ကြောင်း ဒီကနေ့စစ်ဆေးရာမှာ အမှုအတွက် အလားအလာကောင်းတွေ တွေ့ရကြောင်း အမှုအတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့က ဦးမင်းဦးက ပြောပါတယ်။

ကျနော့်အနေနဲ့တော့ အားတက်စရာတွေ အများကြီးတွေ့တယ်ဗျ၊ သူတို့တွေကိုလည်း ကျနော်တို့ အနီးကပ်ထိုင်ပြီးတော့ ဒီလိုလေးတွေတော့ဖြစ်သင့်တယ်၊ မင်းတို့မိဘတွေလည်း ဒီမှာရောက်တော့မယ်နော်၊ ငါတို့ခေါ်ထားပေးပြီးပြီ၊ ဒါတွေကိုပြောပြတော့ သူတို့တွေလည်း သူတို့ကိုကြည့်ရတာ အားတက်တဲ့ပုံစံရှိတယ်၊ ကျန်ခဲ့တဲ့အပတ်က ထောင်မှာသွားတွေ့တဲ့ပုံစံအတိုင်း သူတို့ပုံစံကတော့ အေးအေးဆေးဆေးပဲ၊ ကျနော်တို့အားရတာကတော့ သက်သေတွေက ဒီနေ့ထွက်တာကောင်းနေတယ်၊ အဲ့ဒါကို ကျနော်တို့အားရတယ်

တရားရုံးကို လူသတ်မှုနဲ့ စွပ်စွဲခံနေရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ နှစ်ဦးလည်း လာရောက်ခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ စစ်ဆေးမှုမှာ FED အဖွဲ့က ဦးမိုးဝေ အပါအဝင် အခြားမြန်မာနိုင်ငံသားနှစ်ဦးက စကားပြန်လုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့မနက်ပိုင်းကလည်း ထိုင်းနိုင်ငံ ခိုတောင်ကျွန်းလူသတ်မှုမှာ စွပ်စွဲခံရတဲ့မြန်မာနှစ်ဦးကို မှားယွင်းအရေးယူမှု မရှိစေရေးနဲ့ မျှတမှန်ကန်တဲ့ စုံစမ်းစစ်ဆေးမှု ဖြစ်ရေးအတွက် ဘန်ကောက်မြို့မှာ ဗြိတိန်သံရုံး အရာရှိတွေနဲ့ မြန်မာသံရုံးအရာရှိတို့ တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ