Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, October 15, 2014

လိပ်ကျွန်းအမှု မြန်မာအလုပ်သမား ၃ ဦးကို သက်သေအဖြစ် စစ်ဆေး

ထိုင်းတောင်ပိုင်း ခိုတောင်ကျွန်း (လိပ်ကျွန်း) မှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအလုပ်သမား ၃ ဦးကို ကော်စမွီခရိုင်တရားရုံးက ခေါ်ယူစစ်ဆေးခဲ့ပါတယ်။

ဒီကနေ့ မနက် ၁၀ နာရီက စတင်ပြီး တရားလိုပြသက်သေ ၃ ဦးဖြစ်တဲ့ မောင်မောင်၊ အောင်ဇော်လင်းနဲ့ ညီညီအောင်တို့ ၃ ဦးကို ကော့စမွီခရိုင် တရားရုံးက မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

သူတို့ ၃ ဦးထဲက ကိုမောင်မောင်ကတော့ လူသတ်မှုမဖြစ်ခင်ညက တရားခံလို့သံသယဖြစ်ခံရသူ မြန်မာအလုပ်သမား ၂ ဦးနဲ့ အတူရှိနေတဲ့သူဖြစ်ပြီး ကိုညီညီအောင် နဲ့ ကိုအောင်ဇော်လင်းကတော့ အခန်းဖော်ဖြစ်ကာ သေဆုံးသူရဲ့ လက်ကိုင်ဖုန်းနဲ့ ဆက်စပ် စစ်မေးခဲ့တာလို့ မြန်မာသံရုံး ကိုယ်စားလှယ်အဖွဲ့အနေနဲ့ သွားရောက်နာကြားတဲ့အဖွဲ့က ဦးမိုးဝေက ဒီဗွီဘီကို ပြောပါတယ်။

ကိုမောင်မောင်ကိုတော့ မနက်ကနေ ညနေ ၃ နာရီလောက်ထိ အရှည်ကြာဆုံး မေးမြန်းခဲ့ကြောင်း၊ သူတို့ ဆိုင်ကယ်စီးပုံ၊ ဆိုင်မှာအရက်ဝယ်နေပုံ စသဖြင့် စသဖြင့် စီစီတီဗွီကင်မရာက ဖမ်းရိုက်ထားတဲ့ သူတို့ပုံတွေကို ဆလိုက်ရှိုးနဲ့ ပြသစစ်မေးခဲ့ကြောင်း၊ ကိုညီညီအောင်နဲ့ ကိုအောင်ဇော်လင်းတို့ ၂ ယောက်က  တယ်လီဖုန်းကို  သူတို့ သူငယ်ချင်းက လာအပ်လို့ ရခဲ့တာဖြစ်ပြီး ဖွင့်မရလို့ တူနဲ့ထု လွှင့်ပစ်လိုက်တဲ့အကြောင်းတွေ ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။

တရားလိုပြ သက်သေ ၃ ယောက်လုံးရဲ့ အဖြေမှာ လူသတ်မှုနဲ့ ပတ်သက်တဲ့ တွေ့ရှိချက်တွေ မပါခဲ့လို့  စွပ်စွဲခံထားရတဲ့ တရားခံ ၂ ယောက်ဟာ မဖြစ်နိုင်တဲ့ ပုံစံပေါ်လာတယ်လို့ ကိုမိုးဝေက ပြောပါတယ်။

“သူတို့ ၃ ယောက်စလုံး ပြောတဲ့ပုံစံကတော့ ကောင်လေး ၂ ယောက်သတ်တယ်ဆိုတာ ပြောသွားတာ တခုမှ မရှိဘူးခင်ဗျ။ ပြန်ပြီးသုံးသပ်ရမယ်ဆို ကလေး ၂ ယောက်က မဖြစ်နိုင်ဘူးဆိုတဲ့ ပုံစံဖြစ်လာပါပြီ။ ဟိုဘက်ဒီဘက်စစ်ကြတာ တရားမျှတမှုရှိပါတယ်။ ကျနော်တို့ကတော့ ကလေး ၂  ယောက်အတွက် အတိုင်းအတာတခုအထိ ကျေနပ်အားရပါတယ်။”

တရားသူကြီးက ဒီလိုအမှုမျိုးကို သာမာန်ဆိုရင် တရားရုံးမှာ ၆ လလောက်ကြာအောင် စစ်ဆေးပေမယ့် ဒီအမှုကတော့ နိုင်ငံခြားသားတွေဖြစ်နေတာက တကြောင်း၊ အစိုးရကလည်း အမြန်ဆုံးဖြစ်အောင် စီရင်ဖို့ ဖိအားပေးနေလို့ ၃ လနဲ့ အပြီးပြအောင် ကြိုးစားစီရင်မယ့်အကြောင်း ပြောတယ်လို့ ဆိုပါတယ်။

သက်သေတွေကို စစ်ဆေးမေးမြန်းရာမှာ တရားခံအဖြစ် စွပ်စွဲခံထားရသူ ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းဦးတို့ ၂ ဦးတို့ကိုပါ ခေါ်ထုတ်လာပြီး ကြားနာစေခဲ့ပါတယ်။

စွပ်စွဲခံထားရသူ မြန်မာလူငယ် ၂ ဦးအတွက် တရားမျှတမှုရစေရေး လိုက်ပါဆောင်ရွက်ပေးနေတဲ့ မြန်မာသံရုံးကိုယ်စားလှယ်အဖွဲ့၊ မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့အဖွဲ့တွေနဲ့ ထိုင်းရှေ့နေတွေပါ လာရောက်နားထောင်ခဲ့ပါတယ်။

ဒီစစ်ဆေးမှုဟာ တရားခံတွေကို ရုံးတင်တရားစွဲဆိုခြင်းမပြုခင် သက်သေတွေကို ရှေ့ပြေးစစ်ဆေး တာလည်းဖြစ်ပါတယ်။

လူ့အခွင့်အရေးဘက်က ရှေ့နေတွေကတော့  သူတို့အနေနဲ့ အချက်အလက်ကောက်ယူဖို့ ယူလိုတဲ့အတွက် ဒီ စစ်ဆေးမှုကို  နောက်ဆုတ်ပေးဖို့ တောင်းဆိုထားခဲ့ပေမယ့် တရားရုံးက လက်မခံဘဲ အရင်စလို ဆောင်ရွက်ခဲ့တယ်လို့   လူ့အခွင့်အရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက မစ္စတာ အန်ဒီဟောလ်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ဘက်ကတော့ ကျေနပ်စရာ မရခဲ့ဘူးဗျ။ မနေ့က  တရားခံ ၂ ဦးနဲ့  မိနစ် ၃၀ ပဲ တွ့ခွင့်ရတယ်။ အချိန်မလောက်ဘူး။ ကျနော်တို့ဘက်က ရှေ့နေတွေဟာ တရားရုံးမှာ လျှောက်လဲမယ့် အချက်အလက်တွေ စုဆောင်းရဦးမှာမို့ တရားလိုပြသက်သေ စစ်ဆေးချက်ကို ၂ ပတ် ၃ ပတ်လောက် နောက်ဆုတ်ပေးဖို့ တောင်းဆိုပေမယ့် တရားရုံးက ပယ်ချခဲ့တယ်။ သူတို့က သက်သေအလုပ်သမားတွေ ထွက်ပြေးသွားမှာ စိုးလို့တဲ့၊ အန္တရာယ်ရှိလို့တဲ့၊  ဘာကြောင့် အဲလိုပြောလဲဆိုတာ နားမလည်ဘူး။ ပြီးတော့ အခုလို အဆောတလျင် စစ်ဆေးလိုက်ခြင်းအားဖြင့် တရားခံတွေ တရားမျှတမှုရရှိရေး အခွင့်အရေးပေါ် ထိခိုက်တယ်။”

စွပ်စွဲခံထားရသူ မြန်မာ ၂ ဦးအတွက် လူ့အခွင့်အရေးအဖွဲ့က  ထိုင်းနာမည်ကြီးရှေ့နေ မစ္စတာ  နခွန်း ချူမ်းဖူးချတ် နဲ့ အခြား ရှေ့နေ ၅ ဦး စုစုပေါင်း ၆ ဦးတို့က တရားခွင်မှာ ခုခံချေပလျှောက်လဲပေးမှာဖြစ်ပြီး တရားခွင်မ၀င်ဘဲ အပြင်ကနေ လိုက်လံကူညီမယ့် ရှေ့နေ ၁၀ ကျော်ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

လူ့အခွင့်အရေးဘက်က ရှေ့နေတွေဟာ စွပ်စွဲခံရသူ ၂ ဦးနဲ့ အောက်တိုဘာ ၁၃ ရက် ညနေပိုင်းက တွေ့ဆုံခွင့်ရခဲ့ပေမယ့် မိနစ် ၃၀ သာ ပြောခွင့်ရတာကြောင့် ဘာမှအထူးတလည် မေးမြန်းခွင့်မရခဲ့ဘူးလို့ ဆိုပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့  တရားမျှတရေးအတွက် မြန်မာအစိုးရက ထိုင်းဝန်ကြီးချုပ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ တောင်းဆိုခဲ့သလို ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးကလည်း  စုံစမ်း စစ်ဆေးမှုတွေကို ပွင့်လင်းမြင်သာမှုရှိရှိနဲ့ မျှမျှတတ ဆောင်ရွက်ဖို့၊ စုံစမ်းစစ်ဆေးမှုနဲ့ ဥပဒေကြောင်းအရ အကူညီပေးဖို့ ဗြိတိန် ရဲတပ်ဖွဲ့က အသင့်ဖြစ်ကြောင်း ထိုင်းသံရုံး တာဝန်ခံကိုဆင့်ခေါ်ပြောဆိုခဲ့ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ