Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 25, 2014

အီဘိုလာကုသရေးထိုးဆေး ရှေ့နှစ်အသင့်လို့ ပြော

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO က လာမဲ့ ၂၀၁၅ နှစ်ကုန်ပိုင်းမှာ အီဘိုလာ ရောဂါ စမ်းသပ်ကုသမဲ့ ထိုးဆေး တွေ သန်းနဲ့ ချီ ထုတ်လုပ်မဲ့ အကြောင်း ပြောပါတယ်။ ဒီထိုးဆေး ကို ဖေါ်ထုတ်ရေး နဲ့ ဖြန့်ဝေရေး အစီအစဉ် ကိုလည်း လျင်မြန်စေဖို့ WHO မှ ထိတ်တန်း အရာရှိ Marie-Paule Kieny က ချမှတ် နေပြီ ဖြစ်တဲ့ အကြောင်း၊ ရှင်းပြပါတယ်။

ရောဂါ ကုသရာမှာ ထိရောက်မှု ရှိမယ် လို့ မှတ်ယူထားတဲ့ ထိုးဆေး ၂ မျိုး ကိုလည်း စမ်းသပ် ကုသ ပြီးတဲ့ အကြောင်း နဲ့ နောက်ထပ် ထိုးဆေး ၅ မျိုးကို လည်း ဖေါ်စပ် ထားတဲ့ အကြောင်း ပြောပါတယ်။ ဆေး ကုမ္ပဏီ တွေ ဘက်ကလည်း ၂၀၁၅ နှစ်စ ပိုင်းမှာကို ထိုးဆေး ကို စမ်းသပ် နိုင်ရေးအတွက် လုပ်ကိုင်နေပြီ ဖြစ်တဲ့ အကြောင်း ပြောတာပါ။

WHO အနေနဲ့ အီဘိုလာ ထိုးဆေးတွေ အမြန်ဆုံး ဖေါ်ထုတ် လိုတဲ့နေရာမှာ အရင်က တခါမှ ကြိုးပန်းခဲ့ဖူးခြင်း မရှိတဲ့ အကြောင်း ဘီဘီစီ သတင်းထောက် က ပြောပါတယ်။ ဥရောပ သမဂ္ဂ ကလည်း အီဘိုလာ တိုက်ဖျက်ရေး အတွက် ဒေါ်လာ ၁ ဒဿမ ၄ ဘီလီယံ ထည့်ဝင်လိုက်ပါပြီ။

မာလီနိုင်ငံ မှာ အီဘိုလာ ကူးစက်ခံရတဲ့ ၂ နှစ် အရွယ် ကလေး ကတော့ ကွယ်လွန်သွားပါပြီ။ ဒီကလေးနဲ့ ထိတွေ့သူ လူပေါင်း ၄၀ ကျော် ကိုလည်း မာလီ အာဏာပိုင်တွေ က စောင့်ကြည့်နေကြပါတယ်။

အမေရိကန် တက်ဆက်ပြည်နယ် မှာ အီဘိုလာ ရောဂါ ကူးစက်ခံခဲ့ရ အပြီး သေဆုံးသွားတဲ့ လူနာ ကို ပြုစုတဲ့ သူနာပြု နှစ်ယောက် ပါ ရောဂါ ကူးစက်ရာ က အခုတော့ ဗိုင်းရပ် ကင်းဆင်သွားပါပြီ။ နီနာဖမ် Nina Pham ဆိုတဲ့ သူနာပြု ဟာ Maryland ပြည်နယ် ရှိ ဆေးရုံ က ဆင်းခဲ့ အပြီးမှာ သမ္မတ အိုဘားမား က အိမ်ဖြူတော် ကို ဖိတ်ကြားလိုက်ပါတယ်။ နီနာဖမ် Nina Pham ရဲ့ လုပ်ဖေါ်ကိုင်ဖက် သူနာပြု Amber Vinson ကိုတော့ Atlanta ရှိ ဆေးရုံ ကို ခေါ်ဆောင် ကုသပေးရာမှာ အီဘိုလာ ဗိုင်းရပ်စ် ကင်းဆင်တဲ့ အဆင့် ရောက်နေပေမဲ့၊ ဆေးရုံက ဆင်းရက်တော့ မပေးသေးပါဘူး။



WHO မှအီဘိုလာ ထိုးဆေး အကြောင်းရှင်း


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ