Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 3, 2014

ဗြိတိန်ခရီးသွားကို သတ်ကြောင်း မြန်မာနှစ်ဦး ဝန်ခံလို့ဆို

ထိုင်းနိုင်ငံ ​Koh ​Tao ​ဒါမှမဟုတ် ​မြန်မာအခေါ် ​လိပ်ကျွန်းမှာ ​အသတ်ခံရတဲ့ ​ဗြိတိန်နိုင်ငံသား ​နှစ်ဦးနဲ့ ​ပတ်သက်ပြီး ​မြန်မာသုံးဦးကို ​ထိုင်းရဲတွေက ​ဖမ်းဆီးထားပြီး ​အဲဒီထဲက ​နှစ်ဦးကတော့ ​အဆိုပါ ​နိုင်ငံခြားသား ​ခရီးသွားတွေကို ​သတ်မိကြောင်း ​ဝန်ခံထားတယ်လို့ ​ထိုင်းရဲက ​ပြောပါတယ်။

ထိုင်းရဲတွေရဲ့အဆိုအရ ​လူသုံးဦးကို ​ဖမ်းဆီးထားတယ်လို့ဆိုပြီး ​အဲဒီထဲက ​တစ်ယောက်ကတော့ ​ဗြိတိန်နိုင်ငံသားတွေကို ​သတ်ပစ်မိကြောင်း ​ဝန်ခံထားတယ်လို့ ​ဆိုပါတယ်။

အသက် ​၂၀ ​ဝန်းကျင်အရွယ် ​David ​Milerနဲ့ ​Hannah ​Witheridge ​တို့ရဲ့ ​အဝတ်တစ်ပိုင်းတစ်စသာ ​ပါတဲ့ ​အလောင်းတွေကို ​Koh ​Tao ​ကျွန်းမှာ ​ပြီးခဲ့တဲ့ ​နှစ်ပတ်က ​တွေ့ခဲ့တာ ​ဖြစ်ပါတယ်။

ဒါပေမဲ့ ​အခုဖမ်းဆီးခံထားရတဲ့ ​မြန်မာသုံးဦးက ​လက်သေတရားခံ ​ဟုတ်မဟုတ် ​ဆိုတာကို ​သိရဖို့ ​DNA ​စစ်ဆေးမှုတွေ ​လုပ်ခဲ့ရာမှာ ​ဖမ်းဆီးထားသူ ​လူနှစ်ယောက်နဲ့ ​ဆက်စပ်မှု ​ရှိနေတာကို ​တွေ့ခဲ့ရတယ်လို့ ​ဆိုပါတယ်။

ကျန်တစ်ယောက်ကတော့ ​လူသတ်မှု ​မဖြစ်ခင်မှာ ​အမှု ​ဖြစ်ပွားတဲ့နေရာကနေ ​ထွက်ခွာသွားခဲ့ကြောင်း ​ထွက်ဆိုထားပါတယ်။

ကမ္ဘာလှည့်ခရီးသည် ​အသွားအလာများတဲ့ ​ထိုင်းနိုင်ငံမှာ ​အခုလို ​လူသတ်မှုတွေ ​ဖြစ်တဲ့အတွက် ​နိုင်ငံခြားသားတွေ ​အလာနည်းမှာကို ​စိုးရိမ်နေကြပါတယ်။

ထိုင်းနိုင်ငံ ​စီးပွားရေးရဲ့ ​၁၀%ကို ​ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကနေ ​နှစ်စဉ် ​ဝင်ငွေ ​ရရှိနေတာဖြစ်ပါတယ်။

ဒီလူသတ်မှုရဲ့ ​လက်သည်တရားခံကို ​ဖော်ထုတ်ဖို့ ​ထိုင်းရဲတွေ ​အများအပြား ​ဖိအားပေးခံခဲ့ရတဲ့အပြင် ​ထိုင်းရဲတွေရဲ့ ​ကိုင်တွယ်ဖြေရှင်းမှုကိုလည်း ​ဝေဖန်နေကြ ​ပါတယ်။

လူသတ်မှု ​စဖြစ်ခါစမှာတော့ ​အပြစ်မဲ့တဲ့ ​မြန်မာတချို့ကို ​ဖမ်းဆီးခဲ့ပေမယ့် ​နောက်ပိုင်းမှာ ​ပြန်လည်လွတ်ပေးခဲ့သလို ​ကျွန်းအပေါ် ​သွားလာမှုတွေ ​ပိတ်ချခဲ့တဲ့အတွက် ​ဝေဖန်မှုတွေ ​ခံခဲ့ရပါတယ်။

မြန်မာ ​သံရုံးကလည်း ​ဒီကိစ္စကို ​အနီးကပ် ​စောင့်ကြည့်နေတယ်လို့ ​သိရပါတယ်။



Koh Tao သို့ လိပ်ကျွန်း


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ