Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 4, 2014

မော်တော်ယာဉ်မဆင်မခြင်မောင်းနှင်သူ လမ်းဘေးဓာတ်တိုင်ဝင်တိုက်

အောက်တိုဘာ ၂ ရက်အကုန် ၃ရက်သို့အကူး ညသန်းခေါင်ကျော်က ယာဉ်ကိုမဆင်မခြင် အရှိန်ပြင်းစွာ မောင်းနှင်မှုကြောင့် လမ်းဘေးဓာတ် တိုင်နှင့် ယာဉ်တိုက်မှုဖြစ်ကာ ယာဉ် မောင်းဖြစ်သူ ဒဏ်ရာပြင်းထန်စွာရရှိ ပြီး ယာဉ်တစ်စီးလုံးထိခိုက်ပျက်စီးခဲ့ မှုတစ်ရပ် တာချီလိတ်မြို့တွင် ဖြစ်ပွား ခဲ့သည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၃ ရက် နံနက် ဝဝနာရီ ၃ဝမိနစ်ခန့်က ကျိုင်းတုံမြို့အမှတ်(၁)ရပ်ကွက် လုပ်သားရွာနေ မနန်းရွှေစင်အိသည် သူငယ်ချင်းများဖြစ်ကြသည့် ကိုကို လှိုင်(ပုန်းထွန်ရပ်ကွက်)၊ မယဉ်ယဉ် သက်(ရန်အောင်မြေရပ်ကွက်)၊ မရွှန်း လဲ့ဝင်း(ဆန်ဆိုင်း-ခရပ်ကွက်) နေသူ တို့အား တင်ဆောင်ကာ ဟွန်ဒါဖစ် အမျိုးအစား ၄ဃ/---အဖြူရောင် မော်တော်ယာဉ်ကို တာချီလိတ်မြို့ အမှတ်(၁) ချစ်ကြည်ရေးတံတား အဝိုင်းဘက်မှ မကာ ဟိုခမ်းရပ်ကွက် ဘက်သို့ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း မောင်းနှင်လာစဉ် ဝမ်ကောင်းရပ်ကွက် အကောက်ခွန်ရုံးရှေ့အလွန် တွင် အရှိန်မထိန်းနိုင်ဘဲ ယာဉ်မှာ တစ်ပတ်လည်သွားပြီး တစ်ဖက် ယာဉ်ကြောသို့ ရောက်ရှိသွားသည်။ ထို့နောက် လူသွားပလက်ဖောင်းကို ကျော်သွားကာ လမ်း၏ ဝဲဘက် တွင်ရှိသည့် သူရိယသင်္ကန်းတိုက်ရှေ့ ရှိ ဓာတ်တိုင်ကို ယာဉ်၏ယာဘက် ခြမ်းဖြင့် ခါးလယ်မှ အလျားလိုက် ဖြတ်တိုက်မိခဲ့သည်။

ထိုသို့ တိုက်မိမှုကြောင့် ယာဉ် မောင်းနှင်သူ မနန်းရွှေစင်အိသည် အခင်းဖြစ်ရာနေရာတွင်ပင် ရရှိဒဏ် ရာများဖြင့် သတိလစ်သွားပြီးယာဉ်၏ ဦးခန်းတွင် လိုက်ပါလာသည့် ကိုကို လှိုင်၊နောက်ခန်းတွင်လိုက်ပါလာသည့် မယဉ်ယဉ်သက်နှင့်မရွှန်းလဲ့ဝင်းတို့ သုံးဦးတွင်လည်း ထိခိုက်ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိသွားခဲ့သည်။ ထို့ပြင် အရှိန်ပြင်းထန်စွာ တိုက်မိမှုကြောင့် ယာဉ်မှာလည်းပျက်စီးခဲ့ပြီး အတိုက်ခံရ သည့် လျှပ်စစ်ဓာတ်တိုင်လည်း ထိခိုက် ပျက်စီးခဲ့သည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ