Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 3, 2014

ရုပ်ပြောင်းရုပ်လွှဲ အာဏာရှင်အသွင်သစ်ဖို့ ဘီလူးခေါင်းကြီး မိတ်ကပ်လိမ်းနေပြီ


အစိုးရရဲ့ လက်ရှိ အာရုံစိုက်မှုကို လေ့လာကြည့်ရင် ၂၀၁၅ ရွေးကောက်ပွဲမှာ အာဏာဆက်လက် ကိုင်စွဲရေးကိုပဲ အပူတပြင်း အားကုန်ထုတ် ခေါင်းချင်း ရိုက်နေတာကိုပဲ တွေ့ရမှာ ဖြစ်ပါတယ် . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လက်ရှိ အရပ်သားအစိုးရနိုင်ငံရေး ခရီးစဉ်ရဲ့ သက်တမ်းဝက်ကျော်ကျော် ၂၀၁၄ နှစ်လယ်လောက်ကစပြီး ထူးခြား ချက်တစ်ခုကို ပြည်သူတွေ သတိထားမိကြပါလိမ့်မယ်။ အစိုးရထိပ်ပိုင်း ခေါင်းဆောင်တွေဟာ အရင် အာဏာရှင်တပ်မတော် အစိုးရကို ချီးမွမ်းခန်းဖွင့်တဲ့စကားတွေ တွင်တွင်ပြောလာတာပါပဲ။ သမ္မတက သူ့ရဲ့ ဥရောပခရီးစဉ်မှာ လက်ရှိအပြောင်း အလဲအတွက် တပ်မတော်ကို ကျေးဇူးတင်ရ မှာဖြစ်ကြောင်း ပြောကြားခဲ့ သလို အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကလည်း ““ပြီးခဲ့တဲ့ တပ်မတော်အစိုးရက စနစ်တစ်ခုက တစ်ခု သိမ်မွေ့စွာကူးပြောင်းဖို့ ချိန်ချိန်ဆဆ လုပ်ပေးသွားခဲ့တယ်”” လို့ ပြောကြားခဲ့ပြန်ပါတယ်။
ဒါ့အပြင် အခြေခံဥပဒေနဲ့ ပတ်သက်လို့ ““တိုင်းပြည်ကို စစ်တပ်က အာဏာပြန်မသိမ်းရအောင်၊ သိမ်းဖို့မလိုအောင် အရင် အစိုးရဟာ အခြေခံ ဥပဒေမှာရေးဆွဲသွားတယ်””လို့ အရင်အစိုးရကို ချီးမွမ်းခန်းဖွင့်ရင်း အခြေခံဥပဒေကို အမွှမ်း တင်ပြောကြား လိုက်ပါသေးတယ်။ (အာဏာပြန်မသိမ်းရအောင် ရေးဆွဲထားတဲ့ အခြေခံဥပဒေဆိုတဲ့ စကားက တော့ အငြင်းပွားဖွယ်ရာပါပဲ။ ပညာရှင်များ ဆက်လက်ခွဲခြမ်း လေ့လာစေလိုပါတယ်။ စကားချပ်)…

ဒါ့အပြင် ဦးခင်အောင်မြင့်က စစ်အုပ်ချုပ်ရေး ကျန်သေးကြောင်း ၀န်ခံမှုစကား တချို့ကိုဆိုခဲ့ပြန်တယ်။ သူပြော တဲ့ စကားရပ်က ဒီလိုပါ။ ““စစ်အုပ်ချုပ်ရေး ကျန်နေ သေးတယ်ဆိုတာ မငြင်းပါဘူး။ အရှိန်ကျန် တဲ့သဘောပေါ့။ ထဲထဲဝင်ဝင်မကျန်ပါဘူး။ တည်ငြိမ်အေးချမ်းမှု ပျက်ပြားမှာစိုးလို့ တပ်ကပဲ ဒါကိုထိန်းထားနိုင်တာ””။

ဒါ့အပြင် တခြားထိပ်ပိုင်းခေါင်းဆောင် ပိုင်းတွေလည်း တပ်မတော်နဲ့ ပတ်သက်ပြီး ချီးမွမ်းခန်းတွေဖွင့်တာ ၂၀၁၄ နှစ်လယ်နဲ့ နှစ်ကုန်ကြားမှာ ပိုပြီးစိပ်လာတာတွေ့ရတယ်။ တပ်ကို ချီးမွမ်းခန်းဖွင့်တဲ့၊ အရင်အာဏာရှင်စစ် အစိုးရ ကို ချီးမွမ်းခန်းဖွင့်ခဲ့ကြတဲ့ လက်ရှိ အစိုးခေါင်းဆောင်တွေဆိုတာလည်း အရင်စစ်အစိုးရခေတ်ရဲ့ ထိပ်သီး ဗိုလ် ချုပ် ကြီးဟောင်းတွေပါပဲ။ ““ကိုယ့် ကိုယ်ကိုယ်ဖော် မသူတော်”” ဆိုတဲ့ဆိုရိုး စကားရှိပေမယ့် ကြားရ သူပြည်သူ အပေါင်း ကတော့ ကိုယ့်ကိုယ်ကိုယ် ပြန်ချီးကျူးနေ ကြတယ်လို့ပဲ ကောက်ချက်ဆွဲသုံးသပ်ကြ ပါတယ်။ တပ်မ တော်ကို ချီးမွမ်းခန်းပြန်ဖွင့်နေတဲ့ လက်ရှိအစိုးရရဲ့ ၂၀၁၅ဆီဆက် လက်ချီတက်မယ့် ဗျူဟာဟာ ဘယ်လို ဗျူဟာ မျိုးများဖြစ်လေမလဲဆိုတာ သုံးသပ်တင်ပြချင်ပါတယ်။

၂၀၁၁မှာ ဒီမိုကရေစီစနစ်ဖော်ဆောင် မယ်လို့ နိုင်ငံတကာကို ကြွေးကြော်ပြီး တက်လာတဲ့ အရပ်သားတစ်ပိုင်း အစိုးရရဲ့ ကနဦးနှစ်တွေမှာ ဖြေလျှော့မှု တချို့ပြုလုပ် ပြီး နိုင်ငံတကာနဲ့ ပြည်သူကြားမှာ မျက်နှာ ပန်းပွင့်အောင် လုပ်ဆောင်ပြခဲ့တယ်။ ပြည်သူတွေ ပါးစပ်ဖျားမှာ သမ္မတကြီး၊ သမ္မတကြီးလို့ အမည်နာမရခဲ့သလို နိုင်ငံတကာ ကလည်း ဒဏ်ခတ် မှုတွေဖြေ လျှော့၊ ကြွေးမြီ တွေလျှောက်ရင်း ““မြန်မာ့နွေဦး”” ကွလို့ အစိုးရဟာ လက်ခ မောင်း ခတ်နိုင်တဲ့အထိ မျက်နှာရခဲ့တယ်လို့ ဆိုရမှာပါ။

ကမ္ဘာ့အလယ်မှာ ““မြန်မာ့နွေဦး””လို့ တင်စားခံရတဲ့အထိ အသွင်ကူးပြောင်းမှု ချောမွေ့သယောင် အထင်ခံရ ခြင်းမှာကမ္ဘာ့ ငြိမ်းချမ်းရေး ပြယုဂ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှီအခိုမကင်းခဲ့ဘူး ဆိုတာတော့ လက် ရှိအစိုးရ ခေါင်းဆောင်စစ်သား ဟောင်းကြီးများ ၀န်ခံသင့်တဲ့အချက်ပါ။ ဒေါ်အောင် ဆန်းစုကြည်ရဲ့ နိုင်ငံရေးအကူအညီ အထောက်အပံ့ရအောင် ဗျူဟာခင်းခဲ့တဲ့ အရင်တပ်မတော် အကြီးအကဲတွေရဲ့ နိုင်ငံ ရေးစွမ်းရည်ကိုလည်း အသိအမှတ်ပြုကြရမှာပါ။

ဖြေလျှော့မှုလမ်းစဉ် (Liberalization) နဲ့ အစပြုခဲ့တဲ့ မြန်မာ့ဒီမိုကရေစီခရီးဟာ သက်တမ်းဝက်လွန်လို့ ၂၀၁၄ ကာလ လောက်မှာတော့ (Transition) အသွင်ကူး ပြောင်းခြင်း အဆင့်ကို မတက်လှမ်းနိုင်တော့ဘဲ တရွတ်ဆွဲ သွားနေရတဲ့ လေတစ် ပိုင်းဖြတ်ဒီမိုကရေစီကို ရောက်ပြီး အီသွားပါတော့တယ်။ အရင်စစ်အာဏာရှင်အငွေ့ အသက်တွေ ပြန်လွှမ်းခြုံလာပြီး မြေသိမ်းမှု၊ မီဒီယာဖိနှိပ်မှု၊ ငြိမ်းချမ်းရေးခြေလှမ်း တွေတန့်ပြီး တိုက်ပွဲတွေပြန် လည်ဖြစ်ပွားမှု၊ ၂၀၁၅ ရွေးကောက်ပွဲအတွက် ညစ်လုံး ဗျူဟာတွေဖန်တီးလာမှု၊ အခြေခံဥပဒေ ပြင်ဆင်ဖို့ တုံ့ဆိုင်းလေးကန်မှု၊ ပညာရေး ဗဟိုထိန်းချုပ်မှု၊ ကျောင်းသားအဖွဲ့အစည်းတွေအပေါ် ပြန်လည် အကျပ် ကိုင်လာမှု၊ လူမျိုးရေးပဋိပက္ခတွေ မီးပွားမသေမှု၊ တရားရေးမဏ္ဍိုင်ယိုင်နဲ့မှု၊ အဂတိလိုက်စား မှုတွေကို မတိုက် ဖျက်နိုင်မှု၊ လူတစ်စု စီးပွားရေးလက်ဝါးကြီးအုပ်မှုကို လျစ်လျူရှုမှု စတဲ့ စတဲ့ ပြောမဆုံးပေါင် တောသုံး တောင် အဓမ္မမှုတွေရဲ့ ရုပ်လုံးတွေက ““မင်းသားခေါင်းကျွတ်ပြီး မိတ်ကပ်လိမ်းထားတဲ့ ဘီလူးခေါင်းကြီး””လို ဘွားခနဲ ပေါ်လာပါတော့တယ်။ လက်ရှိ အရပ်သား အစိုးရရဲ့ လမ်းစဉ်မူဝါဒတွေဟာ ၂၀၁၅ နီးလာလေ စစ်ရိပ်စစ်ယောင် တွေပြန်ယှက်သန်း လာလေဆိုတာကို သွားတွေ့ရပါတယ်။

ပြန်သုံးသပ်ရရင် လက်ရှိအစိုးရမှာ ဒီမို ကရေစီရင့်ကျက်ခိုင်မာမှု (Consolidation) ဆိုတဲ့ အဆင့်အထိ သွားဖို့ အစကတည်းက ဒီမိုကရေစီပန်းတိုင် မရှိပါဘူး။ လက်ရှိအစိုးရရဲ့ လက်ရှိ အာရုံစိုက်မှု ကိုလေ့လာကြည့်ရင် ၂၀၁၅ ရွေးကောက်ပွဲမှာ အာဏာဆက်လက်ကိုင်စွဲရေးကိုပဲ အပူတပြင်းအားကုန်ထုတ်ခေါင်းချင်း ရိုက် နေတာ ကိုပဲ တွေ့ရမှာ ဖြစ်ပါတယ်။

အခြေခံဥပဒေ ပုဒ်မ၆(စ)အရ““နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင်တပ်မတော်က ပါဝင်ထမ်း ဆောင်နိုင်ရေးတို့ကိုအစဉ်တစိုက် ဦးတည်သည်””ဆိုထားတာကို ခွဲ ခြမ်းစိတ်ဖြာကြည့် ရင်လည်း ““အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင်တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး””ဆိုတာ ““စစ် တပ်ဦး ဆောင်သော နိုင်ငံရေး””လို့ အဓိပ္ပာယ် ရပါတယ်။ ““စစ်တပ်ဦးဆောင်သော နိုင်ငံရေး””ဆိုတာ ““စစ်အာ ဏာရှင်စနစ်””ကို စကားလုံး သွယ်ဝိုက်သုံးထားတာပါပဲ။ ၆(စ)ရဲ့ နောက်ဆုံးပုဒ် ““အစဉ်တစိုက် ဦးတည် သည်””ဆိုတာ ““အဓွန့်ရှည်တည် တံ့ရေး””လို့ အဓိပ္ပာယ်ထွက်ပါတယ်။ ဒါ ကြောင့်အခြေခံ ဥပဒေပုဒ်မ ၆(စ) ဟာ ““စစ် အာဏာရှင်စနစ် အဓွန့်ရှည် တည်တံ့ရေး””ဆိုတဲ့ ဦးတည်ချက်ကို ရည်ညွှန်းနေပါ တယ်။ ၂၀၁၅ ရွေးကောက်ပွဲ အတွက်လက်ရှိ အစိုးရ အပူတပြင်း ပြင်ဆင်နေပုံတွေကလည်း ပုဒ်မ၆(စ)အတိုင်းပဲ အာဏာဆက် လက်စွဲကိုင်ဖို့ ဦးတည်ရည်မှန်းနေတာ သိသာထင်ရှားလွန်းလှပါတယ်။ ဒီအတွက်လည်း လက်ရှိ အစိုးရ ရွေးကောက်ပွဲပြင်ဆင် နေပုံဟာ ဖွဲ့စည်းပုံနဲ့ ညီညွတ်တယ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။

နောက် ပုဒ်မ ၆(ဃ)မှာပဲ နိုင်ငံတော်သည် ““စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ် ထွန်း ကား ရေး”” ကို အစဉ်တစိုက် ဦးတည်သည်ဆိုပြီး ပါရှိပြန်ပါတယ်။ ဒီမိုကရေစီရဲ့ သဘောမှာ ““စည်းကမ်း”” ဟာပါဝင် ပြီးသား ဖြစ်ပါတယ်။ ပြီးတော့ ဒီမိုကရေစီရဲ့ သဘော တရားဟာ အလျားလိုက် (သို့)အောက်မှ အပေါ်သို့ဆို တဲ့ သဘောဟာ ပါဝင်နေပေမယ့် ““စည်း ကမ်း”” ရဲ့ သဘောကတော့ အထက်မှ အောက်သို့ဆိုတဲ့ သဘောကို ဆောင်ပါတယ်။ဒါကြောင့်ပဲဆန့်ကျင်ဘက် သဘော တရားနှစ်ခုတွဲထားတဲ့ ““စည်းကမ်းပြည့်ဝ သော ဒီမိုကရေစီ စနစ်””ဆိုတာ ကမ္ဘာပေါ်မှာ မရှိတာပါပဲ။

ဒါပေမဲ့ တပ်မတော်မှာတော့ ““စည်း ကမ်း””ဟာ အသက်ဖြစ်တဲ့အတွက် တပ် မတော်အစိုးရ ရေးဆွဲခဲ့တဲ့၊ တပ်မ တော် သားဟောင်းတွေ လက်ရှိကိုင်စွဲထားတဲ့ ၂၀၀၈ဖွဲ့စည်းပုံမှာ ““စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” ”လို့ ပြဋ္ဌာန်း ထားတာ ဆန်းတယ် လို့တော့မခေါ်နိုင်ပါဘူး။ ဒါကြောင့် တပ်မ တော် အခန်းကဏ္ဍတွေ ကျယ်ကျယ် ပြန့်ပြန့် လွှမ်းမိုးထားတဲ့ ၂၀၀၈ဖွဲ့စည်းပုံပါ ““စည်း ကမ်းပြည့်ဝ သော ဒီမိုကရေစီ””ဆိုတာကို အဓိပ္ပာယ် တည့် မတ်စွာဖွင့်ဆိုရင် ““တပ်မ တော် ဒီမိုကရေစီ””လို့ပဲ ဖွင့်ဆိုရမှာပါ။ ဒီအတွက်လည်း တပ်မတော် ဒီမိုကရေစီ ကျင့် သုံးနေတဲ့ လက်ရှိအစိုးရ ဗိုလ်ချုပ်ကြီး ဟောင်းတွေက ““တပ်မတော်ဟာ ကျေးဇူး ရှိကြောင်း”” တပ်မတော်ကို ကာကွယ် ပြောဆိုနေတာဟာလည်း ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ညီညွတ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ အာဏာ ဆက်လက်စွဲကိုင်ရေး အတွက် ခေါင်းပူအောင် ခေါင်းချင်းဆိုင် ဗျူဟာတွေ ကျိတ်ကြံထုတ်နေတဲ့ လက်ရှိအာဏာပိုင်တွေ ကြားမှာ စစ်တပ်ရဲ့အသက်““စည်းလုံးမှု””ကိုလည်း ထူးခြားစွာ ပြန်လည်မြင်တွေ့ လာရပါတယ်။ အာဏာခွဲဝေကျင့်သုံးမှုမှာ အစိုးရနဲ့ လွှတ်တော်အပြန်အလှန် ပွတ် တိုက် တယ်ဆိုတဲ့ သဘောမျိုးအစိုးရ ကနဦးသက်တမ်းမှာ ပြည်သူတွေကြား သတင်းလွှင့်ခဲ့ပေမယ့် ဒါဟာ “မူ”အရ ပွတ်တိုက်မှု (Check and Balance) မဟုတ်ဘဲ “လူ”အရ ပွတ်တိုက်မှု (Personal Clash) သာဖြစ် ကြောင်း ပြည်သူတွေရိပ် စားမိလာကြပါ တယ်။ ““အရေးကြီးလျှင် သွေးနီးမည်””ဆိုတဲ့ ခံယူချက်များအတိုင်းပဲ ပင်မ(ဘုံ) အကျိုးစီးပွားအတွက် (၂၀၁၅ အာဏာ ဆက်လက်စွဲကိုင်ရေး)၊ ကြံ့ခိုင်ရေး ပါတီ အနိုင်ရရေးကို ဘုံရည်မှန်းချက် ထား ဦးတည်လာတာတွေ့ရပါတယ်။ အာဏာသုံးရပ်ခွဲဝေပုံထက် (Speration of power) အာဏာကို ““တပ်မ တော်၊ လွှတ်တော်၊ အစိုးရ””သုံးကိုယ်ခွဲ ကစားတဲ့ နိုင်ငံရေး ကစားကွက်လည်း ၂၀၁၅ နီးလာတာနဲ့အ မျှ သိသာ စွာ ရုပ်လုံးပေါ်လာပါတယ်။

ရုပ်ပြောင်းရုပ်လွှဲ အာဏာရှင် အသွင်သစ်တစ်ရပ် ဖော်ဆောင်ဖို့ ၂၀၁၅ ရွေးကောက်ပွဲဟာ အာဏာပိုင်တွေ အတွက် ကစားပွဲတစ်ခုရဲ့ အရေးအကြီးဆုံး နာကျင် အချိန်ပိုပဲ ဖြစ်ပါတယ်။ ဒိုင်လူကြီး (ရွေးကောက်ပွဲ ကော်မ ရှင်) ကလည်း ကိုယ့်ဘက်မှာ ရှိနေလေတော့ ဘယ်လိုလှည့်ဖြား ကစားကွက်၊ ဘယ်လို ညစ်လုံးနည်း ဗျူဟာ တွေနဲ့ ရေ ကုန် ရေခန်းကစားမလဲ ဆိုတာ ပြည်သူအပေါင်း မကြာမီ ရှုစား တော်မူကြရမှာပါ။

အတိုက်အခံနဲ့ ပြည်သူတစ်ရပ်လုံးကတော့ အာဏာပိုင်တွေ ဖော်ဆောင်တော့ မယ့် ရွေးကောက်ပွဲရှိတဲ့ အာဏာ ရှင် အသွင်သစ် အစိုးရ တစ်ရပ် ဖော်ဆောင်ရေး ရည်မှန်းချက်ကို ၂၀၁၄၊ ၂၀၁၅ (ကျန်ရှိ တဲ့ ၁၈ လတာကာ လ)မှာ အထူးဝီရိယထား နိုင်ငံရေးနိုးကြားမှု သတိနဲ့စောင့် ကြည့်ဝေဖန်နေကြဖို့ ဆော်သြလိုက်ရပါကြောင်း။

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ