Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 6, 2014

ဂျပန်တွင် အင်အားပြင်း တိုင်ဖုန်းမုန်တိုင်းကြောင့် လူ ၁ ဦး သေဆုံး


ဂျပန်နိုင်ငံ တိုကျိုမြို့တော်ကို ဦးတည်ပြီး ဒီနေ့မှာ အင်အားပြင်း တိုင်ဖုန်းမုန်တိုင်းတခု ၀င်ရောက်နေတာမှာ အနည်းဆုံး လူ ၁ ဦး သေဆုံးခဲ့ပါတယ်။

ဖန်ဗွန် (Phanfone) တိုင်ဖုန်းမုန်တိုင်းကို အစောပိုင်းက စူပါမုန်တိုင်းအဖြစ် သတ်မှတ်ခဲ့တာပါ။

လေတိုက်နှုန်း ၁ နာရီကို ၁၁၅ မိုင်နှုန်းအထိ ရှိခဲ့ပြီး မိုးရေချိန် ၁ နာရီကို ၃ လက်မ ရွာသွန်းတယ်လို့ ဂျပန်မိုးလေ၀သဌာနက ကြေညာပါတယ်။

ဂျပန်နိုင်ငံအနောက်တောင်ပိုင်းက အိုကီနာဝါကျွန်းကို မုန်တိုင်းဖြတ်သန်းချိန် အမေရိကန်စစ်သား ၃ ဦး ပင်လယ်ရေလှိုင်းနဲ့ မျောပါခဲ့ပြီး ၁ ဦးကတော့ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ပါတယ်။ ကျန် ၂ ဦးကတော့ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

နိုင်ငံအရှေ့ပိုင်းက အိမ်ထောင်စု ၅ သောင်းကျော်ကို ဘေးလွတ်ရာကို ပြောင်းရွှေ့ကြဖို့ကိုလည်း ဂျပန်အစိုးရက တိုက်တွန်းထားပါတယ်။

တိုကျိုမြို့တော်အခြေစိုက် လေယာဉ်ခရီးစဉ်တွေနဲ့ အမြန်ရထားခရီးစဉ်တွေကို ရပ်ဆိုင်းထားပြီး သန်းနဲ့ ချီတဲ့ ပြည်သူတွေက လေဆိပ်တွေနဲ့ ဘူတာတွေမှာ သောင်တင်နေကြပါတယ်။

မုန်တိုင်းဟာ ၁ နာရီကို ၄၅ ကီလိုမီတာနှုန်းနဲ့ နိုင်ငံအရှေ့မြောက်ပိုင်းကို ဆက်လက် ရွှေ့လျားနေတယ်လို့ သိရပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ