Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, October 2, 2014

မြဝတီမှာ အခြေအနေ ပုံမှန် ပြန်ဖြစ်လာပြီလို့ အာဏာပိုင်တွေပြော

မဲဆောက်နဲ့ မြဝတီ နှစ်နိုင်ငံ နယ်စပ်မြို့တွေ အကြားမှာ ခရီးသွား လုပ်ငန်း တိုးမြှင့်ဖို့ အတွက် အားကစား၊ ယဉ်ကျေးမှု၊ ကျန်းမာ ရေးနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး တွေမှာ ပူးပေါင်း ဆောင်ရွက်ရေးနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံ တာ့ခ်နဲ့ မြန်မာနိုင်ငံ မြဝတီ ခရိုင် အုပ်ချုပ်ရေးမှုးတွေ အကြား အောက်တိုဘာလ ၁ရက်နေ့က မြဝတီမြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

မြဝတီမြို့ အခြေအနေဟာ လုပ်ငန်းတွေ အားလုံး လုပ်ဆောင်ဖို့ စိတ်ချရတဲ့ အနေအထားမှာ ရှိနေပြီလို့ အဲဒီ ဆွေးနွေးပွဲမှာ မြဝတီ ခရိုင် အုပ်ချုပ်ရေးမှူး ဉီးလွင်ကိုဉီးက တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူး နိုင်ဆုမ် ချိုင် ဟထိယတန်တိ ကို ပြောပြခဲ့ပါတယ်။

မြဝတီမြို့မှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရ အကြား တင်းမာမှု ဖြစ်နေရာကနေ ပုံမှန် ပြန်ဖြစ်လာပါပြီလို့ မြဝတီ အာဏာပိုင်တွေက အခုလို ပြောပေမယ့် ဒေသခံ လူထုကြားမှာ တော့ ကောလဟလတွေ ပျံ့နှံ့နေပြီး စိုးရိမ်မှုတွေ ထွက်ပေါ်နေဆဲ ရှိနေပါသေးတယ်။

ကုန်သွယ်ရေးဘက်ပိုင်းကို ကြည့်မယ် ဆိုရင် ဓါတ်ဆီ၊ ဒီဇယ်ဆီတွေနဲ့ တခြား လူသုံး ကုန်ပစ္စည်းတွေ မဲဆောက်၊ မြဝတီ လမ်းကြောင်းကနေ မြန်မာနိုင်ငံ အတွင်းပိုင်းကို သွားနေတာ တွေ့ရပေမဲ့ ကုန်သည်တွေနဲ့ ခရီးသည်တွေ များများစားစား သွားလာတာ ကိုတော့ သိပ်မတွေ့ရဘူးလို့ မဲဆောက် မြဝတီ နယ်စပ်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒါကလည်း တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရကြားမှာ ပစ်ခတ်ကြတဲ့အထိ တင်းမာမှုတွေ ဖြစ်ခဲ့တာတွေ ပြေလည်သွားပြီ ဆိုတာကို နှစ်ဖက်စလုံးက လူသိရှင်ကြား ထုတ်ပြန်တာမျိုး မရှိသေးတာကြောင့်လို့ အကဲခတ်တွေက ပြောပါတယ်။


မဲဆောက် မြဝတီ ခရီးသွား လုပ်ငန်း တိုးမြှင့်ဖို့ တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးနဲ့ မြဝတီ ခရိုင် အုပ်ချုပ်ရေးမှူး တွေ့ဆုံ ဆွေးနွေး


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ