Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, October 15, 2014

ပြည်တွင်းဆီစက်များ ကုန်ကြမ်းရှားပါးပြတ်လပ်မှုဖြင့် ရင်ဆိုင်နေရ

မြန်မာနိုင်ငံတွင် မိုးရာသီမှာ စိုက်ပျိုးထားတဲ့ ပဲတွေ  ရာသီဥတုကြောင့် အထွက်နှုန်း လျော့ကျမှု ရှိခဲ့တဲ့အပြင်  တရုတ်ဈေးကွက်ကလည်း မြေပဲဆန်တွကို ဈေးနှုန်းမြှင့်ပြီး ၀ယ်လိုအား ရှိလို့ ဆီကြိတ်စက်တွေမှာ ကုန်ကြမ်းရှားပါးမှုနဲ့ ရင်ဆိုင်နေရတယ်လို့ ဆီစက်လုပ်ငန်းရှင်တွေက ပြောပါတယ်။

မြေပဲဆန် အဓိက စိုက်ပျိုးထွက်ရှိတဲ့ မြန်မာပြည်အလယ်ပိုင်း မကွေးနဲ့ စစ်ကိုင်းတိုင်းတွေမှာ မိုးတွင်းကာလ ဇွန်နဲ့ ဇူလိုင်လတွေမှာ စိုက်ပျိုးခဲ့တဲ့ မြေပဲစိုက်ခင်းတွေက မိုးခေါင်ခဲ့တဲ့အတွက် မြေပဲပင်တွေ ပျက်စီးခဲ့ပြီး အထွက်နှုန်းကလည်း ပုံမုန်ထွက်ရှိမှုပမာဏရဲ့ ၃ ပုံ ၁ ပုံခန့်လောက်ပဲ ထွက်ရှိခဲ့ပါတယ်။

မြေပဲဆန်အထွက်နှုန်း ကျဆင်းမှုနဲ့ ပြည်ပက ၀ယ်လိုအားကြောင့် ပြည်တွင်းဆီကြိတ်စက် တွေမှာ ကုန်ကြမ်းရှားပါးကာ တပြည်လုံးမှာရှိတဲ့ ဆီကြိတ်စက် ၁၀ ပုံ ၁ ပုံသာ စက်လည်ပတ် နိုင်တဲ့ အခြေအနေမှာ ရှိနေတဲ့အကြောင်း ရန်ကုန်တိုင်းဆီစက်ပိုင်ရှင်များအသင်းဥက္ကဋ္ဌ ဦးခင်စိုးက ပြောပါတယ်။

“အဲဒီ ၃ ပုံ ၁ ပုံကို တနိုင်ငံလုံးက ၀ယ်ယူသုံးစွဲတဲ့အပြင် တရုတ်ကလည်း လုံးဆန်အနေနဲ့ လာဆွဲတော့ ပြည်တွင်းမလုံလောက်မှု ပေါ်သွားတယ်။ တကယ်လို့ တရုတ်က ၀ယ်တာကို ပေးမထွက်လို့ ရှိရင် ဒီလောက်ပြဿ   နာ မတက်ဘူး။ သူတို့က မြေပဲဆန်ကိုလည်း ပေးထွက်တယ်။ မြေပဲဆန်မရှိရင် မြေပဲဆီ မစားရုံပဲ ဆိုပေမယ့် မြေပဲဆီကိုပဲ ကျန်းမာရေးအရ စားကို စားမယ်ဆိုတဲ့သူတွေ အတွက်တော့ ထိခိုက်တယ်။ မိုးပဲနဲ့ မိုးနှမ်း မဖြစ်တဲ့အတွက် ရှားတယ်။ ရှားတဲ့အတွက် ပဲဆီဈေးနဲ့ နှမ်းဆီ ဈေး ခေါင်ခိုက်တယ်။”

အလားတူ မန္တလေးတိုင်း ဆီစက်လုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးအောင်ကျော်ကျော်က လည်း လက်ရှိ အနေအထားအရ မိရိုးဖလာ ဆီကြိတ်စက်တွေအနေနဲ့ အရည်ကြိုပို့ပြီး ရောင်းချရတော့မယ့် အခြေအနေရောက်နေတယ်လို့ ဆိုပါတယ်။

“ဘာလို့လဲဆိုတော့ ကုန်ကြမ်းတွေ အဓိကက အထွက်နည်းတာ ပါတယ်။ ပြီးတော့ ကုန်ကြမ်းတွေ အိတ်စပို့စ် ခွင့်ပြုတာလည်း ပါသွားတဲ့အတွက် နှမ်းဆိုရင် ကျနော်တို့ မကြိတ်နိုင်တဲ့ အနေအထား ရောက်သွားပြီ။ ဒါကြောင့် လက်ရှိ ပြည်တွင်းနှမ်းဆီဈေးကွက်ပြောရရင် နှမ်းဆီ ၁ ပိဿာ ကျပ် ၅၀၀၀နဲ့ နှမ်းဖက် ၁ ပိဿာ ကျပ် ၁၅၀၀ ရှိတယ်။ နှမ်းဆီစားသုံးတဲ့သူက မရှိတော့ ကြိတ်တဲ့သူကလည်း မရှိတော့ဘူး။ ဒီအတိုင်းဆိုရင် ကျနော်တို့ မိရိုးဖလာ လုပ်နေတဲ့ ဆီစက် လုပ်ငန်းရှင်တွေကတော့ အကုန်လုံး အရည်ကြိုပို့ ရောင်းရမယ့်သဘော ဖြစ်နေတယ်။ ဒါက ကျနော်တို့ တမြို့တည်း မဟုတ်ဘူး။ တနိုင်ငံလုံး အတိုင်းအတာနဲ့ပေါ့။”

ပြည်တွင်းဈေးကွက်ထဲမှာ မြေပဲဆန်ဈေးနှုန်းက ပြီးခဲ့တဲ့ မေနဲ့ ဇွန်လတွေမှာ ၁ ပိဿာကို ၁၅၀၀ ကျပ်နီးပါး ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ၂၀၀၀ ကျပ်နီးပါး အထိမြှင့်တက်မှု ရှိခဲ့သလို တရုတ်ဈေးကွက်ကလည်း ပြည်တွင်းမြေပဲဆံ ၁ ပိဿာကို ၂၄၀၀ ကျပ်အထိ ဈေးအမြှင့်ပေးပြီး ၀ယ်ယူမှု ရှိလာတာပါ။ ပြည်တွင်းမှာ လွန်ခဲ့တဲ့ ၅ နှစ်က ကုန်ကြမ်းရှားပါးမှုကြောင့် မြေပဲဆီဈေးနှုန်းတွေက ၁ ပိဿာကို ကျပ် ၅၅၀၀ အထိ အမြင့်ဆုံးရှိခဲ့ဖူးပါတယ်။

ပြည်တွင်းမှာ မြေပဲဆီဈေးနှုန်းတွေ ကြီးမြင့်လာတဲ့အပေါ် တဖက်ကလည်း အရည်အသွေး မမီ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဆီအတုတွေ ၀င်ရောက်လာနိုင်တဲ့အပြင် ဈေးနှုန်းသက်သာတဲ့ ဆီတွေပါ ၀င်ရောက်လာမှာ ဖြစ်တဲ့အကြောင်း ရန်ကုန်တိုင်းဆီစက်ပိုင်ရှင်များအသင်းဥက္ကဋ္ဌက အခုလို ထောက်ပြပြောဆိုခဲ့ပါတယ်။

“မရှိအောင် လုပ်လိုက်ရင် ကြိုက်တာထိုး ရောင်းလို့ ရတယ်။ အဲဒီမဟာဗျူဟာက အကောင်းဆုံးပဲ သူတို့ သုံးနေတာ။ ကုန်ကြမ်းကို မရှိအောင် လုပ်လိုက် ကုန်ချောကို ကြိုက်သလို ရောင်းလို့ရတယ်။ ရှားနေတာကိုဗျ။ ဆီလုံးဝမရှိတဲ့အချိန်မှာ စားအုန်းဆီသွင်းလည်း ရောင်းရတာပဲ။ ကြော်ပြီးသား ဆီကို စစ်ပြီး ပြန်ရောင်းလည်း ရောင်းရတာဘဲ။ ဒီမှာ သူတို့ကို ပြန်ပြီးတော့ ယှဉ်ပြိုင်နိုင်ဖို့ ကိုယ်ခံစွမ်းအား ကျနော်တို့ မရှိတော့တာပဲ။ ဒီမှာ ၄၀၀၀-၄၅၀၀ ကျပ်နဲ့ မြေပဲဆီကို ကျနော်တို့ ရောင်းနေတဲ့အချိန်မှာ သူတို့ စားအုန်းဆီကို ၁၅၀၀ ကျပ်နဲ့ ရောင်းလို့ ရသလို ကြော်ပြီးသားဆီကိုလည်း ၁၃၀၀ ကျပ်နဲ့ လာရောင်းလို့ ရတယ်။ မြေပဲဆီ ၄၅၀၀ ကျပ်ကို မစားနိုင်တဲ့ လူတန်းစားက ၁၀ ပုံ ၉ ပုံလောက် ရှိတာကို။ လာချင်တာ လာ အကုန်စားမှာပဲ။”

ပြည်တွင်းလူဦးရေရဲ့ ၁၀ ပုံ ၁ ပုံခန့်သာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မြေပဲဆီနဲ့ နှမ်းဆီကို စားသုံးကြတာ ဖြစ်လို့ ပြည်တွင်းစားသုံးမှု လိုအပ်ချက်အတွက် ၁ နှစ်ကို ဆီပိဿာချိန် တန် ၆ သောင်းသာ လိုအပ်မှာ ဖြစ်ပေမယ့် ဆီထွက်သီးနှံစိုက်ဧကက တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ ၂ သန်းရှိတဲ့အနက် ထွက်သမျှသီးနှံတွေကို ကြိတ်ခွဲနိုင်တဲ့ အနေအထားမှာ မရှိဘူးလို့ သိရပါတယ်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ