Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, October 15, 2014

အစိုးရ စစ်တပ်က SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်ဟု PI ဒါရိုက်တာ ပြော

အောက်တိုဘာလ ၁၅ ရက် ၂၀၁၄

သျှမ်းပြည်တိုးတက်ရေး ပါတီ/သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် အစိုးရ တပ်မတော်ကြား တိုက် ခိုက်မှုသည် အစိုးရ တပ်မတော်က စစ်ရေးပြင်ဆင်ကာ ထိုးစစ်ဆင်တိုက်ခိုက် နေခြင်းဖြစ်ကြောင်း Pyidaungsu Institute (PI) မန်နေဂျင်း ဒါရိုက်တာက ပြောကြား လိုက်သည်။

“အစိုးရစစ်တပ်က အပစ်ရပ်သဘောတူစာချုပ်ကို မလိုက်နာဘူး။ SSPP/SSA နဲ့ အစိုးရတပ်တို့ ပက်ပင်တိုးမိလို့ တိုက်ပွဲဖြစ်တာ မဟုတ်ဘူး။ အစိုးရစစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ် တယ်” ဟု Pyidaungsu Institute (PI) မန်နေဂျင်းဒါရိုက်တာ ဦးခွန်စိုင်းက ပြောပါသည်။

အစိုးရစစ်တပ်က SSPP/SSA ထိန်းချုပ်နယ်မြေအတွင်း စစ်အင်အားဖြည့်တင်းကာ တိုက်ခိုက်နေမှု၊ SSPP/SSA အား တပ်ဆုတ်ခွာရန် ညွှန်ကြားမှုများသည် အီစွတ်ပုံပြင်ထဲက ကုလားအုတ်နှင့်အာရပ် ပုံပြင်၊ မြေခွေးနှင့်သိုးငယ်ပုံပြင်ကဲ့သို့ ဖြစ်နေကြောင်း ဦးခွန်စိုင်း က ပြောပါသည်။

“သဲမုန်တိုင်းတိုက်တော့ ကုလားအုတ်က အာရပ်ရဲ့တဲထဲဝင်ဖို့ ခွင့်တောင်းတယ်။ အာရပ်က ကုလား အုတ်ဝင်လာရင် သူနေဖို့နေရာမရှိတော့တဲ့အတွက် မပေးဝင်ဘူး။ အသက်ရှူလို့ မရလောက်အောင် လေပြင်းထန်တဲ့အတွက် ခေါင်းလေးဘဲ ဝင်ပါရစေလို့ပြောပြီး ကုလားအုတ်က တိုးဝင်တယ်။ နောက် တော့ လည်ပင်းချမ်းတယ်ဆိုပြီး လည်ပင်းပါတဲထဲတိုးဝင်လာတယ်။ နောက်ဆုံးတော့ တကိုယ်လုံးပါ တိုးဝင်လာတော့ အာရပ်ဟာ နေလို့မရတော့လို့ ထွက်ပြေးရတယ်။ အစိုးရစစ်တပ်ရဲ့လုပ်ရပ်လည်း ဒီနည်းကို သုံးနေတယ်။”

အီစွတ်ပုံပြင်နောက်တပုဒ်က အပြစ်မရှိ အပြစ်ရှာသည့် ပုံပြင်ဖြစ်ကြောင်း၊ မြေခွေးတကောင်နှင့် သိုးငယ်တကောင် မြစ်ရေဆင်းသောက်ရာ၌ ဆုံမိစဉ် မြစ်ညာတွင် ရေသောက်နေသော မြေခွေးက သိုးငယ်ကိုစားချင်သဖြင့် သိုးငယ်က ရေနှောက်အောင်လုပ်သည်ဟု ပြောဆိုကြောင်း၊ သိုးငယ်က မိမိသည် မြစ်အကြေပိုင်းမှ ရေသောက်နေသည်ဖြစ်သဖြင့် ရေနှောက်သည်မှာ ၎င်းနှင့်မဆိုင်ဟု ပြန် လည်ပြောဆိုကြောင်း၊ သို့သော်မြေခွေးက ထပ်မံ၍ - လွန်ခဲ့သည့်နှစ်က ၎င်းအား သိုးငယ်က ဆဲဆို ဖူးသည်ဟု ပြောပြန်သဖြင့် သိုးငယ်က ယမန်နှစ်က သူ မမွေးသေးဟု ပြောဆိုကြောင်း၊ နောက်ဆုံး မြေခွေးက “နင်မဟုတ်ရင် ငါ့ကိုဆဲတာ နင့်အဖေ ဖြစ်ရမယ်” ဟု ပြောဆိုကာ ဖမ်းစားလိုက်ကြောင်း ဦးခွန်စိုင်းက ပြောပြပါသည်။

တိုင်းရင်းသားများ ငြိမ်းချမ်းရေးလုပ်ငန်း အတူတကွလုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ Pyidaungsu Institute(PI)ရုံးကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တရားဝင် ဖွင့်လှစ်ခဲ့သည်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ