Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 10, 2014

ခရီးသည်တင်မှန်လုံယာဉ်အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်

သထုံ အောက်တိုဘာ ၁၀

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အရက်ပျံ ချက်စက်ရုံ ဆိုင်းဘုတ်အရှေ့တွင် ယာဉ်မဆင်မခြင် မောင်းနှင် သောကြောင့် ခရီးသည်တင်မှန်လုံယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ တိမ်းမှောက်ကာ ယာဉ်ပေါ် ပါခရီးသည်များ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၉ ရက်၊ ည ၇ နာရီခွဲအချိန်က ရန်ကုန်မှ ထားဝယ်သို့ ယာဉ်မောင်း အောင်အောင် မောင်းနှင် လာသော ကောင်းသစ်စံ ခရီးသည် တင်မှန်လုံ ယာဉ်သည် ဘီးလင်းမြို့တွင်း အရက်ပျံချက် စက်ရုံ ဆိုင်းဘုတ် အရှေ့ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်း မိုင်တိုင်အမှတ် ၁၂၆/၃ နှင့် ၁၂၆/၄ အကြားတွင် ယာဉ်မဆင်မခြင်မောင်းနှင် လာရာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ထိုးကျ တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်ပါ ခရီးသည် ၃၅ ဦးအနက် ၁၃ ဦး ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ) ရရှိခဲ့သည်။

အဆိုပါဒဏ်ရာရရှိသူများအား တာဝန်ရှိသူတို့က ဘီးလင်းဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူ အောင်အောင် အား ဘီးလင်းရဲစခန်းမှ ဒုရဲအုပ် ကျော်မြတ်သူ က ပြစ်မှုပုဒ်မ ၃၃၈/၃၃၇/၂၇၉ ဖြင့် တရားလိုပြုလုပ်ကာ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ