Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 10, 2014

အပြန်အလှန် သိမ်းယူခဲ့သည့် လက်နက်များကို DKBA ဘက်က ပြန်ပေးသော်လည်း အစိုးရစစ်တပ်က ပြန်မပေးသေး

တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (DKBA)နှင့် အစိုးရ စစ်တပ်တို့ စက်တင်ဘာ ၂၆ ရက်တွင် ကျိုက်မရောမြို့နယ်၌ တိုက်ပွဲဖြစ်ခဲ့စဉ် DKBA က အစိုးရစစ်တပ်ထံမှ သိမ်းယူခဲ့သော လက်နက်များကို အစိုးရ တပ်မတော် ထံ ပြန်လည် ပေးအပ်ခဲ့သော်လည်း အစိုးရက သိမ်းယူခဲ့သော DKBA ကလိုထူးဘော စစ်ဗျူဟာမှူး ဗိုလ်မှူးစောဆန်းအောင်၏ လက်နက်များ အား ပြန်လည် ပေးအပ်ခြင်း မရှိသေးကြောင်း ဗိုလ်မှူး စောဆန်းအောင် က အောက်တိုဘာ ၈ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

ကျိုက်မရောတွင် တိုက်ပွဲဖြစ်စဉ် DKBA က သိမ်းယူခဲ့သော လက်နက်များအား အောက်တိုဘာ ၆ ရက်တွင် ကော့ကရိတ်မြို့ စကခ (၁၂) ဌာနချုပ်သို့ ပြန်လည် ပေးအပ်ခဲ့သော်လည်း စက်တင်ဘာ ၂၀ ရက်က ဗိုလ်မှူး စောဆန်းအောင် ရန်ကုန်သို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လာရောက်နေစဉ် မွန်ပြည်နယ် မုဒုံတွင်ထားခဲ့သော ၎င်း၏ လက်နက်များကို မုဒုံမြို့အမှတ် ၂ လျှပ်စစ်နှင့် စက်မှု အင်ဂျင်နီယာတပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်ချုပ်ကြီး စိုးနိုင်၊ ခရိုင်အကူ ရဲတပ်ဖွဲ့ခွဲမှ ရဲမှူးသိန်းဝင်းနှင့် ရဲတပ်ဖွဲ့မှူး ရဲမှူးငွေသိန်းတို့ ဦးဆောင်သောအဖွဲ့က သိမ်းယူ ခဲ့ကာ ယနေ့အချိန်ထိ စစ်တပ်က လက်နက်များကို ပြန်လည်ပေးအပ်ခြင်း မရှိသေးကြောင်း ဗိုလ်မှူး စောဆန်းအောင် က ပြောသည်။

““ပြန်မပေးသေးဘူး။ တောင်းတာတော့ ကြာပြီ။ သူတို့မှ မပေးတာ။ အမှန်တော့ ကိုယ့်ပစ္စည်း ကိုယ် မတောင်းဘဲနဲ့ ပေးရမှာ။ ထပ်ကာထပ်ကာ တောင်းနေရတော့ နို့စို့တဲ့ ကလေးမှ မဟုတ်တော့ဘဲ။ သူ့ လက်နက်ကျတော့ တိုက်ပြီးတော့ အမှုန့်ချေပြီးလို့ ယူလို့မရတော့မှ ငါတို့က လူကြီးတွေရဲ့ ညွှန်ကြားချက် အတိုင်း ပြန်ပေးရတာ””ဟု ကလိုထူးဘော အခြေချ စစ်ဗျူဟာမှ စစ်ဗျူဟာမှူး ဗိုလ်မှူး စောဆန်းအောင် က မြန်မာသံတော်ဆင့်သို့ ပြောသည်။

အစိုးရဘက်က သိမ်းယူခဲ့သော ဗိုလ်မှူး စောဆန်းအောင်၏ လက်နက်များတွင် သြစတြေးလျ နိုင်ငံလုပ် ၉ မမ ပစ္စတိုခဲရောင် (နံပါတ် FBD 280 ) ၁ လက်၊ ၉၈၈ ပစ္စတိုကျည်အိမ် ၂ ခု၊ ၉ မမ ကျည် ၁၅ တောင့်၊ စမစ်ဆန် ၀က်ဆန် အမျိုးအစား ပွိုင့် ၃၈ စပါယ်ရှယ် (နံပါတ် 6k 58223) ငွေရောင် ခြောက် လုံးပြူး သေနတ် ၁ လက်၊ ၁၂ ဗို့ ကျည်ဖြင့် ပစ်ခတ်ရသော ပစ္စတို ၁လက်၊ ၁၂ ဗို့ကျည် အနီရောင် ၅ တောင့်၊ ၁၂ ဗို့ကျည် အဖြူရောင် ၁ တောင့်၊ ပွိုင့် ၂၂ ကျည် ၁ တောင့် ၅၀၊ US တံဆိပ် သေနတ်အိမ် ၁ ခုတို့ ပါဝင်သည်။

““ဒီလက်နက်ကိစ္စ၊ ဂယက်က တော်တော်ရိုက်နေတာ။ အစိုးရဘက်ကတော့ ပြန်ပေးတဲ့ ထုံးစံ မရှိပါဘူး။ အရင်တုန်း ကလည်း ပြန်မပေးဖူးဘူး””ဟု DKBA မြ၀တီ ဆက်ဆံရေးရုံးမှ ဗိုလ်စိန်ဝင်းက ပြောသည်။

စက်တင်ဘာ ၂၆ ရက်က ကျိုက်မရော မြို့နယ်တွင် DKBA ကလိုထူးဘော အဖွဲ့နှင့် အစိုးရ တပ်မတော် ခမရ(၂၀၈)တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး မြ၀တီမြို့နယ် ကော့ကရိတ် မြို့နယ်တို့တွင်လည်း ပစ်ခတ်မှုများ ဖြစ်ပွား ခဲ့သည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ