Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 13, 2014

တိုက်ပွဲကြောင့် မွန်နှင့်ကရင်တွင် နိုင်ငံခြားသားခရီးသည် ၀င်ရောက်မှု လျော့နည်းနိုင်

ပြီးခဲ့တဲ့လကစပြီး မွန်၊ ကရင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြဝတီ နယ်စပ်ကနေ တဆင့် ဝင်ရောက်လာမယ့် နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေ နည်းပါးသွားဖို့ ရှိတယ်လို့ မွန်ပြည်နယ်အခြေစိုက် ခရီးသွား ကုမ္ပဏီတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ လကုန်ပိုင်းကနေစပြီး အခုလအောက်တိုဘာ ၁၁ ရက်နေ့အထိ အစိုးရတပ်နဲ့ ဒီမိုကရေစီ အကျိုးပြုတပ်မတော် (ဒီကေဘီအေ) တပ်တွေဟာ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အတွင်းမှာ ဆက်တိုက်ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

အခုလိုဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မွန်၊ ကရင် ခရီးသွားဇုန်ကို လာရောက်လည်ပတ်မယ့် နိုင်ငံခြားသားခရီးသွားဧည် သည့်တွေ လျော့နည်းသွား နိုင်တယ်လို့ ဒေသအခြေစိုက် ခရီးသွားကုမ္ပဏီတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။

သီရိဟံသာ ခရီးသွားဝန်ဆောင်မှုကုမ္ပဏီ တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးနေဇော်အောင်က “မြဝတီဟာ ကျနော်တို့ဘက်ကိုဝင်ဖို့ လောလောဆယ်မှာ အဆင်သင့် အဖြစ်ဆုံးအနေထားပါ။ ဒီလိုမျိုး မငြိမ်မသက်တွေဖြစ်နေရင် သူတို့တွေ ပိုပြီးတော့ စဉ်းစားလိမ့်မယ်။ စီးပွားရေးသမားတွေကတော့ သူတို့လိုအပ်ရင် လာပါလိမ့်မယ်။ လာရောက်လေ့လာဖို့၊ ပျော်ဖို့သက်သက် လာဖို့ဆိုတာ မလွယ်လောက်ဘူး” လို့ ပြောပါတယ်။

အရင်ကတော့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်အတွင်းက ဒေသအတော်တော်များများကို ဒေသမငြိမ်သက်မှုတွေရှိတဲ့အတွက် နိုင်ငံခြားသားခရီးသွား ဧည့်သည်တွေသွားခွင့် မပြုခဲ့ပေမယ့် ၂၀၁၀ ခုနှစ်နောက်ပိုင်းမှာတော့ အစိုးရက ဒေသအချို့ကို သွားရောက် ခွင့်ပေးခဲ့ပါတယ်။

၂၀၁၀ နောက်ပိုင်း မွန်ပြည်နယ်အတွင်း လာရောက်ကြတဲ့ နိုင်ငံခြားသားခရီးသွားဧည့်သည်တွေဟာ ရန်ကုန်ကနေတဆင့် လာရောက်ကြသလို၊ ကရင်ပြည်နယ် မြဝတီနယ်စပ်ဂိတ်ကနေတဆင့် ကား၊ မော်တော်ဆိုင်ကယ်တွေနဲ့ အုပ်စုလိုက် ကုန်းလမ်းကနေ လာရောက်တာ ရှိပါတယ်။

ဦးနေဇော်အောင်က “Surf လိုမျိုး၊ Prado လိုမျိုး ကားတွေနဲ့လာတာကိုလည်း တွေ့ဖူးတယ်။ နောက်အိမ်ပုံစံမျိုးအထဲမှာ အခန်းလေးတွေလုပ်ထားတဲ့ ကားလိုမျိုးလည်း တွေ့ဖူးတယ်။ နောက် ဆိုင်ကယ်ကြီးတွေနဲ့ ဘော်ဒါကိုဖြတ်ပြီး လာတာတွေကိုလည်း တွေ့ရတယ်။ အဲဒီထဲမှာ တချို့အဖွဲ့တွေဆို ထိုင်းတွေ့ပါတယ်။ တချို့ဆိုရင်လည်း  ထိုင်းတွေ နဲ့ Euro က လူတွေ ပေါင်းပြီးလာတာကိုလည်း တွေ့ဖူးတယ်” လို့ ပြောပါတယ်။

မွန်ပြည်နယ်အတွင်း အများဆုံးလာရောက်ကြတဲ့ ထိုင်းခရီးသွားဧည့်သည်တွေနဲ့ အနောက်ဥရောပနိုင်ငံခြားသား ခရီးသွားဧည့်သည်တွေဟာ ကျိုက်ထီးရိုး၊ သံဖြူဇရပ်မြို့မှာရှိတဲ့ သေမင်းတမန် ရထားလမ်းနဲ့ စစ်သင်္ချိုင်း၊ ဘီလူးကျွန်း၊ ကမ္ဘာ့အကြီးဆုံး လျောင်းတော်မှုဘုရား၊ နောက် မော်လမြိုင်မြို့မှာရှိတဲ့ ကိုလိုနီခေတ်လက်ရာ အဆောက်အအုံတွေနဲ့ ရှေးခေတ် ဘုရားကျောင်းကန်တွေကိုလည်း လာရောက်လည်ပတ်လေ့ရှိပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ ခရီးသွားလုပ်ငန်းလုပ်ကိုင်နေတဲ့ ဒေသအခြေစိုက် ကုမ္ပဏီ ၃ ခုလောက်သာရှိပြီး အဲဒီနယ်ခံ ကုမ္ပဏီတွေကနေတဆင့် ရန်ကုန်မှာရှိတဲ့ ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီး ခရီးသွားလုပ်ငန်းတွေကို ပူး ပေါင်းလုပ်ကိုင်နေကြတာပါ။



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ