Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, October 5, 2014

အစိုးရသတိပေးချက်ထွက်အပြီး ကောင်ကောင်မှာ ဆန္ဒပြပွဲကြီး ဆက်ဖြစ်

ဟောင်ကောင်ကျွန်းမှာ ဆန္ဒပြသူတွေ သိမ်းပိုက်ထားတဲ့  စီးပွားရေး အချက်အခြာ ကျတဲ့ မြို့လည် လမ်းမတွေကို တနင်္လာနေ့ မနက်ခင်းမှာ ပြန်လည် ဖွင့်လှစ်ရမယ်လို့ ဟောင်ကောင် အုပ်ချုပ်ရေးမှုးက ကြေညာ လိုက်ပြီး မကြာခင်မှာပဲ  စနေနေ့မှာ ဒီမိုကရေစီရေး လိုလားသူ လူအုပ်ကြီးက လမ်းမတွေပေါ်မှာ စုဝေး ဆန္ဒပြ ခဲ့ကြပါတယ်။

ရှေ့သီတင်းပတ်ကစပြီး အစိုးရအလုပ်သမားတွေ ရုံးပြန်တက်နိုင်ဖို့  လိုအပ်သလို အရေးယူဆောင်ရွက်မယ်လို့ ဟောင်ကောင်အုပ်အုပ်ရေးမှူး Leung Chun- ying  က သတိပေးလိုက်တာနဲ့ မရှေးမနှောင်းမှာပဲ  အစိုးရအဖွဲ့ဌာနချုပ် အဆောက်အဦးတွေ အပြင်ဘက်မှာ ဆန္ဒပြသူ သောင်းနဲ့ချီပြီး လာရောက် စုဝေးခဲ့ကြတာဖြစ်ပါတယ်။

တကယ်လို့  ဟောင်ကောင်က Mong Kok  ရပ်ကွက်မှာ သောကြာနေ့က အတိုက်ခိုက်ခံခဲ့ရတဲ့ ဆန္ဒပြသူတွေကို ရဲအကာကွယ်ပေးဖို့ အစိုးရက လုပ်ပေးမယ်ဆိုရင် ဟောင်ကောင်က ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တွေက အာဏာပိုင်တွေနဲ့ ညှိနှိုင်းဆွေးနွေးမှု အသစ်တွေလုပ်မယ်လို့ အစိုးရက စနေနေ့ ညနေပိုင်းတုန်းက သဘောတူခဲ့တာပါ။ ဒါ့အပြင် အစိုးရအလုပ်သမားတွေ အလုပ်ပြန်လုပ်ခွင့်လည်း ပေးမယ်လို့လည်း သူတို့က အာမခံခဲ့ပါတယ်။

 သောကြာနေ့က ဖြစ်ပွားတဲ့ အကြမ်းဘက်မှုကို တဖက်က စလုပ်တယ်လို့  နောက်တဖက်က အပြန်အလှန် စွပ်စွဲနေကြပါတယ်။ ရဲဝန်ထမ်း အများအပြား အပါအဝင်  လူပေါင်း  ၁၈ ယောက်လောက် ဒဏ်ရာရခဲ့တဲ့  ဒီအကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး  ရဲက လူ ၁၉ ဦးကို ဖမ်းဆီးထားပါတယ်။


အစိုးရဆန့်ကျင်သူတွေက ဟောင်ကောင်မြို့ Mongkok ခရိုင်မှာ လမ်းဆုံပိတ်ပြီး ဆန္ဒပြနေကြစဉ်။ (အောက်တိုဘာ၊ ၄၊ ၂၀၁၄)


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ