အမေရိကန် အရာရှိတွေကတော့ အဲဒီ နာမည်နဲ့ အမေရိကန်တယောက်ကို စစ်သွေးကြွတွေက ဖမ်းထားတယ်လို့ အတည်ပြုပါတယ်။ ဗီဒီယိုရဲ့ စစ်မှန်မှုကိုလည်း အရာရှိတွေက သံသယမရှိပါဘူး။
ဗြိတိန်လူမျိုး အေလန် ဟန်းနေးဟာ အိုင်အက်စ်အဖွဲ့က ဒီလို ခေါင်းဖြတ်သတ်ဖြတ်တာကို ခံရတဲ့ လေးယောက်မြောက် ဖြစ်ပါတယ်။ ဒီမတိုင်ခင်က အမေရိကန် သတင်းထောက်နှစ်ယောက်နဲ့ ဗြိတိန် အကူအညီပေးရေး လုပ်သားတယောက်တို့ကို ဒီလိုပဲ ခေါင်းဖြတ် သတ်ဖြတ်ခဲ့တာပါ။
အင်္ဂလန်မြောက်ပိုင်းသား ဟန်းနေးဟာ အသက် ၄၇ နှစ်အရွယ် ကားဒရိုင်ဘာ ဖြစ်ပြီး မနှစ် ဒီဇင်ဘာလက ဆီရီးယားနိုင်ငံ အနောက်မြောက်ဒေသမှာ ဆေးဝါးအထောက်အပံ့တွေ တင်သွားတဲ့ ယာဉ်တန်းအတူ လိုက်ပါသွားရင်း အဖမ်းခံခဲ့တာဖြစ်ပါတယ်။
အိုင်အက်စ်အဖွဲ့ဟာ ဆီရီးယားမှာ အနောက်နိုင်ငံတွေက လူ ၁၀ လောက်အထိ ဖမ်းထားတယ်လို့ ယူဆရပါတယ်။ ကျန်နေသေးတဲ့ တခြားလူတွေကတော့ ဗြိတိသျှ သတင်းသမား ဂျွန်ကန့်တလိုင်း လည်း ပါဝင်ပါတယ်။
![]() |
| ဓာတ်ပုံ - ရိုက်တာ |




































No comments:
Post a Comment