သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် အတွင်း သွားရောက်လှုပ်ရှား သည့် မြန်မာ စစ်ကြောင်းမှူး တဦး က ဒေသခံ ပြည်သူ့ စစ်များအား ရရာသေနတ်များ ရှာဝယ်ပေးရန် ခိုင်းစေခဲ့ကြောင်း နီးစပ်သူတဦး က ပြောသည်။
အောက်တိုဘာ ၁၂ ရက်နေ့က အရှေ့အလယ်ပိုင်းတိုင်းလက်အောက်ခံ တာကော် အခြေစိုက် ခြေလျင် တပ်ရင်း အမှတ် ၂၉၆ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ရဲကိုက ၎င်း၏တပ်ရေးဗိုလ်ကြီးအား ဌာနေပြည်သူ့စစ် တပ်ဖွဲ့ထံ ရရာသေနတ် များရှာဝယ်ပေးရန် ခိုင်းစေခဲ့သည်ဟု အမည်မဖေါ်လိုသည့် ပြည်သူ့စစ်အရာရှိ တဦးကပြောသည်။
“ရတဲ့ သေနတ်တွေဝယ်သာဝယ်ပေးပါတဲ့ ။ အကူအညီတောင်းတာတဲ့။ အဓိကကတော့ အမ် ၂၂ သေ နတ် တလက်တော့ ရအောင်ဝယ်ပေးပါတဲ့။ ၁၂ ရက်နေ့တုန်းက လာပြောတာ။ အခုထက်ထိ တော့ဝယ် လို့မရသေး ဘူး။ တိုက်ပွဲမှာ သိမ်းပိုက်နိုင်သလိုလိုနဲ့ အထက်ကို လိမ်ညှာတင်ပြဖို့ထင်ပါရဲ့” - ဟု အဆိုပါ အမည်မဖေါ်လိုသည့် ပြည်သူ့ စစ်အရာရှိကပြောသည်။
ခလရ ၂၉၆ လက်အောက်ခံစစ်ကြောင်းသည် သျှမ်းပြည်တပ်မတော်၏ တာ့ဖါဆောင်တပ်စခန်းအား တိုက်ခိုက် စဉ် အခြားသော တပ်ရင်းများ ထက် သေကျေ ဆုံးရှုံးမှုများကြောင်း၊ ထို့အတွက် အထက်က ၎င်းအားပစ်ဒဏ် တခုခု ပေးဖွယ်ရှိသောကြောင့် ထိုဆုံးရှုံးမှုများအား ဖုံးကွယ်ရန် ယခုကဲ့သို့သေနတ် အဝယ်လိုက်ခြင်းဖြစ်ကြောင်း တာကော် တပ်ရင်းနှင့် နီးစပ်သည့် ပုဂ္ဂိုလ်တဦးက ပြောသည်။
“ဘာလို့ တိုက်ပွဲတွေလုပ်နေတာလဲမသိဘူး။ အခု အောင်ပန်း စစ်ဆေးရုံမှာ ကုတင် ၄၈ လုံးက တိုက် ပွဲမှာ ထိခိုက် ဒဏ်ရာရလာတဲ့သူတွေကြီးဘဲ။ ငြိမ်းချမ်းရေးတည်ဆောက်နေပြီလို့လဲပြောတယ်။ ကျမ တော့ အဲဒီတိုက်ပွဲတွေ သဘောမကျဘူး။ အလကားနေရင်း မုဆိုးမ မဖြစ်ချင်ဘူး” - ဟု အောင်ပန်း ရောက် မြန်မာ့တပ်မတော်အရာရှိ ကတော်တဦးကပြောသည်။
ခလရ ၂၉၆ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ရဲကို သည် နောက်တန်း (တာကော်) ထိုင်စဉ်က နောက်လိုက် တပည့် နှစ်ဦးနှင့်အတူ တောင်ကြီး - ကျိုင်းတုံ - တာချီလိတ် လမ်းမ သံလွင်မြစ်ကူး တာကော်တံတား အားဖြတ်သန်း သွားလာ သည့် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်ကြီးယာဉ်ငယ်များထံမှ တစီးလျှင် ကျပ်ငွေ ၅ သောင်း မှ သိန်းဂဏန်း အထိ ကိုယ်တိုင် စောင့်ဆိုင်းကောက်ခံ ခဲ့ကြောင်း နီးစပ်သည့် ကား ဆရာတဦးကပြောသည်။
သျှမ်းပြည်တပ်မတော် ၏ တာ့ဖါဆောင်တံတားအား စတင်ထိုးစစ်ဆင် တိုက်ခိုက်စဉ် ကတည်း က ၎င်း တပ်ရင်းက ပွိုင့်ထိုးတိုက်ခိုက်ရသောကြောင့် အသေအပျောက်များခြင်းဖြစ်သည်ဟု ဆိုသည်။
သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာအစိုးရ တို့သည် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး လက်မှတ်ရေး ထိုးထားကြပြီးဖြစ်သည်။




































No comments:
Post a Comment