Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, October 29, 2014

လူရွှင်တော်မျက်နှာဖုံးစွပ် လက်နက်ကိုင်ဂိုဏ်း ပြင်သစ်နိုင်ငံတောင်ပိုင်း၌ ရဲတပ်ဖွဲ့ဖြိုခွင်း

ပါရီ အောက်တိုဘာ ၂၈

ပြင်သစ်နိုင်ငံ တောင်ပိုင်း အဂ္ဂဒေး မြို့၌ ဆပ်ကပ်လူရွှင်တော် မျက်နှာဖုံးတပ် ဆင်ကာ အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်နေသော ဂိုဏ်းတစ်ဂိုဏ်းကို ရဲတပ်ဖွဲ့ က ဖြိုခွင်းခဲ့ကြောင်း ဒေသဆိုင်ရာ သတင်း ဌာနများ က အောက်တိုဘာ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။

အဖွဲ့ဝင် ၁၄ ဦးပါ အဆိုပါဂိုဏ်း၏ ဂိုဏ်းဝင်များမှာ ဆယ်ကျော်သက်ရွယ်လူငယ် များဖြစ်ကြပြီး သေနတ် များ ၊ ဓားများနှင့် တင်းပုတ်များကို ကိုင်ဆောင်ကာ အများ ပြည်သူတို့အား ခြိမ်းခြောက် လျက်ရှိ ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

ပြင်သစ်နိုင်ငံ အဂ္ဂဒေးမြို့ရှိ အထက် တန်းကျောင်းတစ်ကျောင်း၏ ကားရပ်နား ရာနေရာတွင် လက်နက်များ ကိုင်ဆောင် ထားသည့် ဆယ်ကျော်သက်ရွယ်လူငယ် ၁၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ထိုစဉ်အတွင်း မောင့်ပယ်လီယာမြို့၌ ဆပ်ကပ်လူရွှင်တော်မျက်နှာဖုံးစွပ် အကြမ်း ဖက်သမားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး ခဲ့သည်။ အဆိုပါ အကြမ်းဖက်သမားသည် လမ်းသွားလမ်းလာများကို သံတုတ်တစ်ချောင်း ဖြင့် လိုက်ရိုက်နေခဲ့သူဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

မကြာသေးမီ ရက်သတ္တပတ်များ အတွင်း ပြင်သစ်၊ ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စုတို့ရှိ မြို့အချို့တွင် ဆပ်ကပ် လူရွှင်တော်မျက်နှာဖုံးစွပ် အကြမ်းဖက် သမားများကို တွေ့မြင်ခဲ့ကြရကြောင်း သတင်းတွင်ဖော်ပြသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ