Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, October 28, 2014

စားထိုးမြေယာ ပြန်မပေးလျှင် တောင်သူများ အခက်ခဲကြုံမည်

ရဲတပ်ဖွဲ့လေ့ကျင့် ကွင်းပြုလုပ်ရန် အတွက် ကန့်ကွက်ထားသော မြေယာများပေါ်တွင် လုပ်ကိုင်စား သောက်ခွင့် သို့မဟုတ် အစားထိုးမြေယာ ပြန်မပေးနိုင်လျှင် မိမိတို့အနေဖြင့် အခက်ခဲကြုံ လာနိုင်သည်ဟု မထောခူကျေးရွာမှ တောင်သူများက ဆိုသည်။

“တကယ်လို့သူတို့ ပြန်မပေးဘူး။ ကန့်ကွက်မယ် ။သိမ်းမယ်ဆိုရင် အစားထိုးမြေပြန်ရှာပေးရမယ်လေ။ ဘာလို့လဲဆိုတော့ ဒီမြေပဲရှိတယ်။ တခြားလုပ်ကိုင်ဖို့ မြေမရှိဘူး။” ဇရပ်ဖြူကျေးရွာမှ ဦးစေးရယ်ကပြောသည်။

လွိုင်ကော်မြို့နယ် မထောခူကျေးရွာအုပ်စုတွင် တောင်သူ ၁၂ ဦး ပိုင်ဆိုင်သည့် မြေ ၅၈ ဧကကို ရဲတပ်ဖွဲ့ လေ့ကျင့်ရေးကွင်းပြုလုပ်ရန် လောပိတရဲစခန်းမှ ယခင်နှစ် တကည်းက ကန့်ကွက်ထားကြောင်းဒေသခံများကဆိုသည်။

“ရှိတာက ဒီမြေပဲလေ။ သူ့တို့သိမ်းသွားမယ်ဆိုရင် အခက်အခဲများကြီးရှိတာပေါ့။ အဲမြေတွေကိုပဲ မှီခိုနေရတယ်လေ။ ပြီးတော့ တကယ်လို့နစ်နာကြေးပေးမယ်ဆိုရင်လည်း တန်ရာတန်ကြေးပေးမှ အခြားမြေကိုပြန်ရှာဝယ်လို့ရမယ်။” တောင်သူတဦးကပြောသည်။

ယခုအခါတွင် ၎င်းတို့ ကန့်ကွက်တားမြစ်ထားသော မြေယာများပေါ် ကို တိုင်းတာပြီး မှတ်တိုင်(အလံတိုင်) များစိုက်ထူထားခဲ့ကြောင်း ဒေသခံများဆိုသည်။

၎င်းမြေ ၅၈ ဧကကို မထောခူကျေးရွာအုပ်စုရှိ ဇရပ်ဖြူ၊ သတ္တပလူ၊ နမ့်ပ၀ါနှင့် လောဓလေးစသည့် ကျေးရွာများ မှ တောင်သူ ၁၂ ဦးပိုင်ဆိုင်ကြောင်းသိရသည်။

၎င်းမြေပေါ်တွင် ပြောင်း၊စပါးကို အဓိက စိုက်ပျိုးလေ့ရှိပြီး တစ်နှစ်လျှင် စပါးက (၁)ဧက (၁၂၅၀)ပိသာ ၊ ပြောင်းက အတင်း(၄၀) ပုံမှန်ထွက်ရှိကြောင်း တောင်သူတဦးကပြောသည်။

၎င်းမြေကို ပြန်လည်ရရှိရန်အတွက် ကန့်ကွက်စာ၊အသနားခံစာ ကို ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် ဌါနဆိုင်ရာအသီးသီးတွင် အောက်တိုဘာ (၂၁) ရက်နေ့ က စာတင်ထားခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ