Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 18, 2014

မကွေးဆေးတက္ကသိုလ် ကျောင်းသား ဓားထိုးခံရမှု ၂၄နာရီ အတွင်း ဖမ်းဆီး ဖော်ထုတ်နိုင်

မကွေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်မှုဖြင့် မကွေး ဆေးတက္ကသိုလ်ကျောင်းသား ဓားထိုးခံရမှု ၂၄နာရီ အတွင်း ဖမ်းဆီးဖော်ထုတ်နိုင်

မကွေး အောက်တိုဘာ ၁၇

မကွေးတက္ကသိုလ် အဝေးသင် ဌာန ဌာနခွဲစာရေး ဦးမျိုးဝင်းထွန်း က ယခုလ ၁၅ ရက် ည ၁၁နာရီ ၃၅ မိနစ်တွင် မကွေးမြို့ ပြည်တော် သာရပ်ကွက်ရှိ'ယူရို'ထမင်းဆိုင်ရှေ့ ၌ ဓားထိုးမှုဖြစ်ပွားကြောင်း ဖုန်း နှင့်သတင်းပေးချက်အရမကွေးမြို့မ ရဲစခန်းမှ ရဲအုပ်ဝင်းကျော်ဦးနှင့် အဖွဲ့ သက်သေများနှင့်အတူ အခင်း ဖြစ်နေရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ ဒဏ်ရာရရှိသူများ မတွေ့ရဘဲ မကွေးဆေးရုံသို့ရောက် ရှိနေကြောင်းသတင်းအရ မကွေး ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်ရဲတပ် ဖွဲ့မှူး ရဲမှူးကျော်ဝင်းချစ်တို့ ဦးဆောင်၍ စခန်းမှူးနှင့် တပ်ဖွဲ့ဝင် များ သွားရောက်စုံစမ်းရာ အဆိုပါ နေ့ ည ၈ နာရီ မိနစ် ၅ဝ က မောင်ထက်အာကာဦး မကွေးဆေး တက္ကသိုလ်အပါအဝင် ခြောက်ဦး တို့သည် မကွေးမြို့ ချမ်းမြေ့သာ ယာ RELAX စားသောက်ဆိုင်မှ စားသောက်ပြီး စိုးပြည့်ထွန်းနှင့် ကောင်းဆက်ညီညီတို့ကဆိုင်ကယ် တစ်စီး၊ ကျန်ရှိ ဘိုဘိုချစ်ညိုနှင့် ဖုန်းပြည့်ကျော်တို့က KENBO 125 ဆိုင်ကယ်တစ်စီး၊ ရဲနိုင်စိုးနှင့် ထက်အာကာဦးတို့က KENBO 125 ဖားဘီးအဖြူရောင်တစ်စီးတို့ ဖြင့် အသီးသီးမောင်းနှင်လာပြီး အဆောင်သို့ပြန်ရန် နတ်မောက် လမ်းမှ သစ္စာလမ်းသို့ချိုးကွေ့ကာ သစ္စာလမ်းမှ ပြည်တော်သာလမ်း အရှေ့မှအနောက်သို့ မောင်းနှင်လာ စဉ် အမည်မသိ ဂျင်းဘောင်းဘီ အပြာနုရောင် အော်တာရှပ်အင်္ကျီ အနက်ရောင်ဝတ်ဆင်ထားသူနှင့် ဆံပင်ဘေးခွဲ အရပ် ၅ပေ ၅လက်မ ဂျင်းဘောင်းဘီ တီရှပ်အဖြူရောင် လက်တိုဝတ်ထားသူ နှစ်ဦးတို့က နောက်မှထိုင်စီး လိုက်ပါလာပြီး ဆံပင်ထောင် လူပုံပြည့်ပြည့် လူငယ်မောင်းနှင်လာသော ဆိုင် ကယ်တစ်စီးပေါ်မှ အမည်မသိ လူငယ်သုံးဦးတို့သည် ပြည်တော် သာလမ်း'ယူရို'ထမင်းဆိုင်မရောက် မီ ပြည်တော်သာလမ်းပေါ်တွင် အမည်မသိ လူငယ်သုံးဦးအနက် တစ်ဦးကတုတ်ဖြင့် ဘိုဘိုချစ်ညို၏ ဦးခေါင်းကိုရိုက်နှက်ခဲ့ပြီး ဆိုင် ကယ်ကို ကျော်တက်မောင်းနှင် သွားသဖြင့် စိုးပြည့်ထွန်းနှင့် ကောင်းဆက်ညီညီ၊ ရဲနိုင်စိုးနှင့် ထက်အာကာဦးတို့က အမည်မသိ လူငယ်သုံးဦးတို့နောက်သို့ ဆိုင် ကယ်နှင့်လိုက်သွားစဉ်'ယူရို'ထမင်း ဆိုင်ရှေ့အရောက် အမည်မသိ လူငယ်သုံးဦးက ဆိုင်ကယ်ပေါ်မှ ဆင်းကာ ၄င်းတို့အနီးသို့ ရောက်ရှိ လာသော ကောင်းဆက်ညီညီနှင့် ထက်အာကာဦးတို့အား အသင့်ပါ လာသောဓားဖြင့်ထိုးပြီးစိုးပြည့်ထွန်း အား ခဲဖြင့်ပစ်ပေါက်ပြီး ကောင်း ဆက်ညီညီဆိုင်ကယ်နှင့် ထက်အာ ကာဦး၏ ဖားဘီးအဖြူရောင်ဆိုင် ကယ်၏ ဆီတိုင်ကီကာဗာနှင့် ဒူးကာဗာတို့ကို တုတ်ဖြင့်ရိုက်ချိုး ဖျက်ဆီးခဲ့ပြီး ဆိုင်ကယ်နှင့်မောင်း နှင်ထွက်ပြေးသွားကြောင်း၊ အမည် မသိလူငယ်သုံးဦးကတုတ်ဖြင့်ရိုက်၊ ဓားဖြင့်ထိုးသဖြင့် ထက်အာကာဦး တွင် ဝမ်းဗိုက်ချက်အပေါ်တွင် ထိုး သွင်းဒဏ်ရာ တစ်ချက်၊ ဝမ်းဗိုက် ဝဲဘက်ဘေးခါးအထက်၌ ထိုးသွင်း ဒဏ်ရာတစ်ချက်၊ ဝဲဘက်နံစောင်း တွင်ပြတ်ရှဒဏ်ရာနှစ်ချက်စိုးရိမ်ရ၊ ကျန်ရှိဆေးကျောင်းသားသုံးဦးတို့ တွင် ဒဏ်ရာအသီးသီးရရှိခဲ့သဖြင့် ရဲအုပ်ဝင်းမျိုးသန့်ကတရားလိုပြုလုပ် တိုင်တန်းခဲ့ရာ မကွေးမြို့မရဲစခန်း က (ပ)၂၄၄/၂ဝ၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၆/၃၂၅/၄၂၇ အရ အမှုဖွင့်ထားရှိခဲ့ပြီး မကွေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး၏လမ်းညွှန် မှုဖြင့် တရားခံအမြန်ဆုံးဖော်ထုတ် နိုင်ရေးအတွက် သက်ဆိုင်ရာရဲတပ် ဖွဲ့က ပြစ်မှုကျူးလွန်သူ အဝေးသင် တက္ကသိုလ်ကျောင်းသားတချို့ကို ဖမ်းဆီးဖော်ထုတ်နိုင်ခဲ့ကြောင်းသက် ဆိုင်ရာရဲစခန်းမှ ပြောကြားသည်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ