Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 18, 2014

ISတပ်ဖွဲ့ဝင်များကိုဘာနီမြို့မှပြန်လည်ဆုတ်ခွာသွားပြီဟုကာ့ဒ်လက်နက်ကိုင်အဖွဲ့ဆိုဗြိတိန်ဓားစာခံတစ်ဦး၏ဗီဒီယိုဖိုင်ကို IS အဖွဲ့ထုတ်လွှင့်

ကိုဘာနီ အောက်တိုဘာ ၁၇

ဆီးရီးယား-တူရကီနယ်စပ် ရှိ စစ်ရေးအရ အရေးပါသော ကိုဘာနီ မြို့၏ နေရာ အများစုကို သိမ်းပိုက် ထားသည့် အစ္စလာမ္မစ်နိုင်ငံတော် IS အဖွဲ့သည် ယမန်နေ့ညပိုင်း တွင် ပြန်လည်ဆုတ်ခွာ သွားခဲ့ပြီဟု ကာ့ဒ်လက်နက်ကိုင် အဖွဲ့များက အတည်ပြုကြောင်း ဘီဘီစီသတင်း ဌာနက ယနေ့ဖော်ပြထားသည်။

IS အဖွဲ့သည် ကိုဘာနီမြို့ရှိ ဧရိယာအားလုံးမှ ဆုတ်ခွာသွားခဲ့ ခြင်းဖြစ်ပြီး မြို့အရှေ့ပိုင်းတွင် စခန်းချ ထားကြောင်း ကာ့ဒ်လက် နက်ကိုင်အဖွဲ့ခေါင်းဆောင်ဘဟာ ဒင်ကန်ဒယ်ကပြောသည်။

ISအဖွဲ့သည်အစောပိုင်းတွင်ကိုဘာနီမြို့၏ ပတ်ဝန်းကျင်ရှိ ကျေးရွာများကို သိမ်းပိုက်ခဲ့ပြီး ယခုလအစောပိုင်းတွင် ကိုဘာနီ မြို့ကို ထိုးဖောက်သိမ်းပိုက်ခဲ့ရာ မြို့ကိုကာကွယ်သည့် ကာ့ဒ်လက် နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲပြင်း ထန်စွာ ဖြစ်ပွားခဲ့သည်။

အစော ပိုင်းတိုက်ပွဲများတွင် IS အဖွဲ့က မြို့ကိုအုပ်မိုးထားသည့် တောင် ကုန်းများနှင့်မြို့၏ဧရိယာအချို့ ကိုသိမ်းပိုက်နိုင်ခဲ့ရာ ကိုဘာနီမြို့ မှာ IS အဖွဲ့၏လက်အောက်သို့ ကျရောက်သွားနိုင်ဖွယ်ရှိကြောင်း ဆီးရီးယားနယ်စပ်ရှိ ဘီဘီစီသတင်း ထောက်ကသတင်းပေးပို့ခဲ့သည်။

နောက်ပိုင်းတွင်အမေရိကန်ဦးဆောင် သောအဖွဲ့များက ကာ့ဒ်လက်နက် ကိုင်များကိုလေကြောင်းမှကူညီ၍ တိုက်ခိုက်ပေးခဲ့သည်။

ပြီးခဲ့သည့် ၂၄ နာရီအတွင်း လေကြောင်း တိုက်ခိုက်မှု ၁၄ ကြိမ်ပြုလုပ်ပေး ခဲ့ကြောင်းသိရသည်။

ကာ့ဒ်လက် နက်ကိုင်အဖွဲ့မှအမျိုးသမီးစစ်ဗိုလ် တစ်ဦးဖြစ်သူဘဟာဒင်ကန်ဒယ် က လက်ရှိအချိန်တွင်လက်နက် ငယ်ပစ်ခတ်မှုအနည်းငယ်ရှိသေး သော်လည်း ၄င်းတို့ထံတွင်လို အပ်သည့်လက်နက်နှင့်စစ်အင်အား အကူအညီများ အလုံအလောက် ရရှိထားပြီဖြစ်ကြောင်း၊မကြာမီ ဒေသခံများကိုဘာနီမြို့သို့ ပြန်လာ နိုင် မည်ဖြစ်ကြောင်းပြောသည်။

ပြန်လည်ဆုတ်ခွာခဲ့ရသည့် ယမန်နေ့တွင် IS အဖွဲ့သည် ဖမ်းဆီးထားသည့် ဗြိတိန်လူမျိုး ဓားစာခံဂျွန်ကန့်လိုင်းကို ရိုက်ကူး ထားသည့်စိတ်ဓာတ်စစ်ဆင်ရေး ဗီဒီယိုဖိုင်တစ်ခုကို ထုတ်လွှင့်ခဲ့ သည်။ တစ်ချိန်တည်းတွင်ကုလ သမဂ္ဂလူ့အခွင့်အရေးကော်မရှင်က IS အဖွဲ့ကိုလူမျိုးသုဉ်းသတ်ဖြတ် သည့်အဖွဲ့ဟုစွပ်စွဲထားသည်။အထူးသဖြင့်အီရတ်နိုင်ငံတွင် ဒေသခံယာဇီဒစ်လူမျိုးများကိုအစု လိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည် ဟုကုလသမဂ္ဂကဆိုသည်။


တူရကီဆီးရီးယားနယ်စပ်ရှိတောင်ကုန်းတစ်ခုပေါ်မှနေ၍ကိုဘာနီမြို့ကိုလှမ်းကြည့်နေသည့်ဓာတ်ပုံ သတင်းထောက်တစ်ဦးကိုတွေ့ရစဉ်။



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ