Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 13, 2014

ယူကရိန်း ကာကွယ်ရေး ဝန်ကြီး နုတ်ထွက်

ယူကရိန်းနိုင်ငံအရှေ့ပိုင်း ငြိမ်းချမ်းရေးရရှိဖို့ ရုရှားနဲ့ အဆင့်မြင့်ဆွေးနွေးပွဲ ပြုလုပ်ဖို့ စီစဉ်နေချိန်မှာပဲ ယူကရိန်းသမ္မတ Petrol Poroshenko ဟာ သူ့ကာကွယ်ရေးဝန်ကြီးရဲ့ နုတ်ထွက်လွှာကို လက်ခံလိုက်ပါတယ်။

ဇူလိုင်လတုန်းကမှ ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရတဲ့ Valery Helety ရဲ့ နေရာမှာ အသစ်ခန့်အပ်မယ့်သူရဲ့အမည်ကို တနင်္လာနေ့မှာ ကြေညာမယ်လို့ မစ္စတာ Poroshenko ရဲ့ရုံးက တနင်္ဂနွေနေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လကုန်က သူပုန်တွေထိန်းချုပ်ထားတဲ့ Donetsk မြို့ရဲ့ အရှေ့ပိုင်းမှာရှိတဲ့ Ilovaisk ဒေသမှာ ယူကရိန်းအစိုးရတပ်တွေ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရချိန်ကတည်းက ကာကွယ်ရေးဝန်ကြီး Helety ဟာ ဝေဖန်ပြစ်တင်မှုတွေ ခံနေခဲ့ရသူပါ။

ဖေဖေါ်ဝါရီလအတွင်း ဥရောပသမဂ္ဂကိုလိုလားတဲ့ လူထုဆန္ဒပြပွဲတွေကြောင့် ရုရှားက ထောက်ခံမှုပေးထားတဲ့ သမ္မတ Viktor Yanukovish နုတ်ထွက် သွားခဲ့ပြီးနောက်ပိုင်း Helety ဟာ တတိယမြောက် ယူကရိန်းနိုင်ငံရဲ့ကာကွယ်ရေးဝန်ကြီး ဖြစ်ပါတယ်။

ဇူလိုင်လကစပြီး ရုရှားကပံ့ပိုးတဲ့ ယူကရိန်းအစိုးရဆန့်ကျင်ရေး လက်နက်ကိုင်လှုပ်ရှားမှုတွေ နိုင်ငံအရှေ့ပိုင်းမှာ ကြီးထွားလာခဲ့တာပါ။

ရုရှားသမ္မတ Valdimir Putin က ယူကရိန်းသမ္မတ မစ္စတာ Poroshenko နဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်တဲ့အနေနဲ့ ရုရှားတပ်ဖွဲ့ဝင် ၁၇,၀၀၀ ကျော်ကို ယူကရိန်းနယ်စပ်ကနေ ပြန်လည်ရုပ်သိမ်းဖို့ တနင်္ဂနွေနေ့မှာ အမိန့်ပေးခဲ့ပါတယ်။

နုတ်ထွက်လွှာတင်ခဲ့သူ ယူကရိန်းကာကွယ်ရေးဝန်ကြီး Valeriy Heletey


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ