Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 13, 2014

ပန်ဆိုင်း မူးယစ် ဆေးဝါး သုံးစွဲသူ များအား ဒုတိယ အကြိမ် ဖမ်းဆီး

အောက်တိုဘာလ ၁၂ ရက် ၂၀၁၄

သျှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ် ပန်ဆိုင်းမြို့ ဒေသခံ လူငယ်များ ပူးပေါင်းပြီး မူးယစ်ဆေးဝါး သုံးစွဲသူနှင့် ရောင်းဝယ် ဖောက်ကား သူများကို ဒုတိယအကြိမ် ဖမ်းဆီးမှု ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။

ယခုဖမ်းဆီးမှုမှ မူးယစ်ဆေးရောင်းဝယ်သုံးစွဲသူ(၂၈)ဦးထပ်မံဖမ်းဆီးရမိကြောင်း၊ပထမအကြိမ် ဖမ်းဆီးမှုအားပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်နေ့ကပြုလုပ်ရာတွင် မူးယစ်ဆေးရောင်းဝယ်သုံး စွဲသူ (၃၄) ဦး ဖမ်းဆီးရမိကြောင်း သုံးစွဲသူအများစုမှာ သျှမ်းလူငယ်များဖြစ်ကြကြောင်း ပန်ဆိုင်း လူငယ် ခေါင်းဆောင် စိုင်းသျှိုင် က ဆိုသည်။

“ကျနော်တို့ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို အဖမ်းခံရသူနဲ့ မိဘအုပ်ထိန်းသူတို့ရှေ့မှာ မီးရှို့ ဖျက်ဆီးတယ်၊ ဖမ်းမိတဲ့ငွေကြေးတွေကိုတော့ ကျနော်တို့ ပန်ဆိုင်းမူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ ရံပုံငွေထဲ ထည့်လိုက်ပါတယ်” ဟု ၄င်းကပြောသည်။

ပန်ဆိုင်းမြို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ကို ၂၀၁၄ စက်တင်ဘာလဆန်းပိုင်းတွင် မူးယစ်ဆေး ၀ါး တိုက်ဖျက်လိုသည့် လူငယ်များက ဖွဲ့စည်းတည်ထောင်ထားကြောင်း တရားဝင် အဖွဲ့အစည်း ဖြစ်အောင် သက်ဆိုင်ရာအာဏာပိုင်ထံ စာတင်ထားကြောင်း ပန်းဆိုင်းမြို့ခံ လုံးဆွဲ့ ကဆိုသည်။

“ စက်တင်ဘာလ ကတည်းက ခုချိန်ထိ ကျနော်တို့အဖွဲ့ မူးယစ်ဆေးတိုက်ဖျက်ရေး လှုပ်ရှားမှု ပြုလုပ်လာတယ်။ ကျနော်တို့ဒေသထဲမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ ယခင်ထက် လျော့နည်းသွားတယ် ၊ လုပ်ငန်းသဘောအရ အောင်မြင်တယ်လို့ ဆိုရမှာပဲ ၊ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကတော့ စိတ်ကြွဆေး(ယာဘ) ၊ဘိန်းဖြူ နဲ့ ဘိန်းမဲ တွေဖြစ်ပါတယ်” ဟု ၄င်းက သျှမ်းသံတော်ဆင့် အားပြောသည်။

ပထမအကြိမ်နှင့်ဒုတိယအကြိမ် ဖမ်းဆီးရမိသော မူးယစ်ရောင်းဝယ်သုံးစွဲသူများကို ပြစ်ဒဏ် ပေးပြီးနောက် နောက်နောင်မူးယစ်ဆေးဝါးမရောင်းဝယ်ရန်၊ မသုံးစွဲရန် ဆုံးမပြောဆိုပြီး ပြန်လွှတ်ပေးခဲ့ကြောင်း ၊ နောက်တစ် ကြိမ် ထပ်မံဖမ်းဆီးရမိပါက အစိုးရအာဏာပိုင်သို့ အပ်နှံ မည်ဟုလည်း ပြောဆိုသတိပေးထားကြောင်း ပန်းဆိုင်းမြို့ရှိ သျှမ်းစာ/ယဉ်အဖွဲ့ တာဝန်ရှိသူ တစ်ဦးကဆိုသည်။

ပန်ဆိုင်းမြို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ကို ပန်ဆိုင်းမြို့ရှိ သျှမ်းစာ/ယဉ်အဖွဲ့ မှဦးစီးပြီး မုံးကိုး ပြည်သူ့စစ်တပ်ဖွဲ့နှင့် ရပ်မိရပ်ဖများလည်း ပါဝင် လှုပ်ရှားကူညီကြသည် ဟု ဒေသခံ များ ထံမှ သိရသည်။


ဓါတ်ပုံ - ဒုတိယအကြိမ် ဖမ်းဆီးရမိ ပန်ဆိုင်းမှ မူးယစ်ရောင်းဝယ်သုံးစွဲသူများ



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ