Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, October 16, 2014

ကျောင်းသားကို ရိုက်နှက်မှု ရဲဝန်ထမ်းများ တောင်းပန်စေလို

မြိတ်မြို့နယ်၊ ကလွင်ကျေးရွာ ဘုန်းတော်ကြီးမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ကျောင်းသား တစ်ဦးကို ရဲဝန်ထမ်း ၁၂ ဦးက အင်အားသုံး ဝင်ရောက်ရိုက်နှက်ခဲ့တာကို အရေးယူပေးဖို့နဲ့ ဆရာတော်တွေ ကျေနပ်တဲ့အထိ တောင်းပန်ဖို့ မြို့နယ်ရဲတပ်ဖွဲ့မှူးထံ တောင်းဆို ထားတယ်လို့ သိရပါတယ်။

ဒီကိစ္စကို သက်ဆိုင်ရာက ထိထိရောက်ရောက် ဖြေရှင်းမပေးဘူးဆိုရင် တရားမျှတမှုရရှိရေးအတွက် မိမိတို့ဆန္ဒပြမှာဖြစ်တယ်လို့ မြိတ်မြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဝင် ကိုအောင်နိုင်ဦးက RFA ကို ပြောပါတယ်။

"ရဲ ၁၂ ယောက်စလုံးကို ဥပဒေအရ ထိထိရောက်ရောက် အရေးယူပေးဖို့ တောင်းဆိုထားတယ်၊ နောက်တစ်ချက်က ကျောင်းဝင်းထဲကို ဖိနပ်စီးဝင်ပြီးတော့ အတင်းအဓမ္မ ဝင်ပြီးတော့ရိုက်တာဟာ သာသနာတော်ကို စော်ကားတာရောက်နေတဲ့အတွက် အဲဒီ့ ဆရာတော်ဘုရားကြီးကို ကျေနပ်တဲ့အထိတောင်းပန်ပေးဖို့ ကျနော်တို့ကတော့ ရဲတပ်ဖွဲ့ကို တောင်းဆိုထားတယ်၊ မလုပ်ပေးရင် ပြည်သူတွေပေါင်းပြီးတော့ ဆန္ဒပြသွားမယ်"

မြို့နယ်ဒု-ရဲတပ်ဖွဲ့မှူး ဦးဝင်းနိုင်ကတော့ ဒီအမှုနဲ့ပတ်သက်ပြီး သူတို့ရဲတပ်ဖွဲ့ကို ဘယ်အဖွဲ့အစည်း၊ ဘယ်လူပုဂ္ဂိုလ်တစုံတယောက်ကမှ လာရောက်အမှုဖွင့်ခြင်း သို့မဟုတ် တောင်းဆိုထားခြင်းမရှိဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ နေ့လည်ပိုင်းက မြိတ်မြို့နယ် ကလွင်ကျေးရွာက မဟာရံသီ ဘုန်းကြီးကျောင်းဝင်းအတွင်း စာကျက်နေတဲ့ အဝေးသင်ဥပဒေ တတိယနှစ်ကျောင်းသား မောင်ညီညီစိုးကို ရဲတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ရိုက်နက်ခဲ့ရာကနေ အခုလို မကျေနပ်မှုပေါ်ပေါက်လာတာဖြစ်ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ