Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, October 16, 2014

နီပေါမှာ နှင်းတောင်ပြိုကျ ၂၀ သေ၊ ၁၀၀ ကျော် ပျောက်ဆုံး

နီပေါနိုင်ငံ ​ဟိမဝန္တာတောင်တန်းမှာ ​နှင်းမုန်တိုင်းနဲ့ ​နှင်းတွေ ​တောင်အောက် ​လျှောကျမှုတွေ ​ဖြစ်ခဲ့တဲ့အတွက် ​အနည်းဆုံး ​လူ ​၂၀ ​သေဆုံးခဲ့ပြီး ​လူပေါင်း ​တစ်ရာကျော် ​ပျောက်ဆုံးနေပါတယ်။

အဲဒီဒေသဟာ ​တောင်တက်သမားတွေအကြား ​နာမည်ကြီးတဲ့ ​ဒေသဖြစ်ပြီး ​သေဆုံးသူတွေထဲမှာ ​နိုင်ငံခြားသာ ​တောင်တက်သမားတွေလည်း ​ပါဝင်ပါတယ်။

အိန္ဒိယနိုင်ငံမှာ ​တနင်္ဂနွေနေ့က ​ကျရောက်တဲ့ ​Hudhud ​မုန်တိုင်းရဲ့ ​လက်ကျန်ရာသီဥတုရဲ့ ​ဒဏ်ကို ​နီပေါနိုင်ငံ ​Annapurna ​Circuit ​ဒေသက ​တောင်တက်သမားတွေနဲ့ ​သူတို့ရဲ့ ​လမ်းပြတွေက ​ခံခဲ့ရတာ ​ဖြစ်ပါတယ်။

နှင်းမုန်တိုင်းနဲ့ ​နှင်းတွေ ​ပြိုကျမှုကြောင့် ​လူပေါင်း ​၂၀ ​ရဲ့ ​အလောင်းကို ​ရဲတွေ ​တွေ့ရှိခဲ့ပြီး ​တချို့လူတွေ ​ပိတ်မိနိုင်တယ်လို့ ​ခန့်မှန်းနေကြပါတယ်။

သေဆုံးသွားတဲ့ ​တောင်တက်သမားတွေထဲမှာ ​အစ္စရေး၊ ​ပိုလန်၊ ​ကနေဒါ၊ ​အိန္ဒိယနဲ့ ​ဗီယက်နမ်နိုင်ငံသားတွေ ​ပါဝင်ပါတယ်။ ​ရာသီဥတု ​ဆိုးဝါးမှုကြောင့် ​အလောင်းတွေကို ​ပြန်မသယ်နိုင်သေးဘူးလို့လည်း ​သိရပါတယ်။

တောင်တက်သမား ​အယောက် ​၁၀၀ ​လောက် ​အဲဒီနေရာမှာ ​ရောက်ရှိနေတယ်လို့ ​ခန့်မှန်းရတဲ့အတွက် ​ရှာဖွေမှုတွေ၊ ​ဆက်သွယ်မှုတွေ ​ပြုလုပ်နေကြပါတယ်။ ​ဒါပေမဲ့ ​ဖုန်းအဆက်အသွယ် ​မကောင်းတဲ့အတွက် ​တောင်တက်သမားတွေနဲ့ ​အဆက်အသွယ် ​မရသေးပါဘူး။

ဒီလို ​ရာသီအတွင်း ​တောင်တက်ဖို့ ​ကောင်းမွန်တဲ့အတွက် ​အဲဒီနေရာကို ​တောင်တက်သမား ​ထောင်နဲ့ချီ ​လာရောက်လေ့ရှိတယ်လို့လည်း ​အေဘီစီ ​သတင်းထောက် ​Stephanie ​March ​က ​သတင်းပေးပို့ထားပါတယ်။



ဒဏ်ရာရသူတွေကို နီပေါ စစ်တပ်မှ ကူညီနေ


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ