Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 6, 2014

ဗိုလ်ချုပ်ကျောက်တိုင် သိမ်းယူတာ ကန့်ကွက်သူများ အရိုက်ခံရ

ပဲခူးတိုင်း ဒေသကြီး အင်းတကော်မြို့နယ် ရန်ကုန်-မန္တလေး လမ်းမကြီးနံဘေးရှိ အင်းတကော် ကျေးရွာက ဗိုလ်ချုပ်ကျောက်တိုင်နဲ့ ဗိုလ်တဲ မြေနေရာကို ကုမ္ပဏီ တခုက သိမ်းယူထားတာနဲ့ ပတ်သက်ပြီး ကန့်ကွက်တဲ့ ဒေသခံတွေကို အမည်မသိ လူဆိုးတချို့က ဝင်ရောက် ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။

အင်းတကော်ကျေးရွာရှိ ဗိုလ်ချုပ်ကျောက်တိုင်ရှေ့မှာ ဒေသခံတွေက သတင်းစာ ရှင်းလင်းပွဲကျင်းပဖို့ ပြင်ဆင်နေစဉ် လူဆိုး ၂ဝ ခန့်က ဝင်ရောက် ရိုက်နှက်ခဲ့တာဖြစ်ပြီး ဒဏ်ရာပြင်းထန်တဲ့ရွာသား ၂ ဦးကို ပဲခူးမြို့ ပြည်သူ့ဆေးရုံမှာ တင်ထားရတယ်လို့ ရွာသား ကိုတင်နိုင်အေးက ပြောပါတယ်။

" အင်းတကော် သတင်းစာရှင်းလင်းပွဲမှာ ဝင်ရိုက်သွားတာဆိုတာ ကျွန်တော်တို့ သတင်းစာရှင်းလင်းပွဲ အစပဲရှိသေးတယ် လူအယောက် ၂၀ ခန့်က မီးချောင်းတွေ ပုလင်းတွေနဲ့ ကျွန်တော်တို့ကို ဝင်ရိုက်သွားတာ"

ပြီးခဲ့တဲ့၂၀၁၂ ခုနှစ်က ငါးဧကခန့် ကျယ်တဲ့ ဗိုလ်တဲမြေနေရာကို စိုက်ပျိုးရေး ကုမ္ပဏီဖြစ်တဲ့ ဘရားသား ကုမ္ပဏီက သိမ်းဆည်းထားတာဖြစ်ပြီး ဒေသခံ ရွာသားတွေက သက်ဆိုင်ရာ ဌာနတွေကို ကန့်ကွက်စာတွေ တင်ပြခဲ့ပေမယ့် အရေးယူဆောင်ရွက်ပေးခြင်း မရှိတဲ့အတွက် ဒီနေ့ သတင်းစာရှင်းလင်းပွဲကျင်းပဖို့ ပြင်ဆင်နေစဉ်မှာ ရိုက်နှက်ခံရတာဖြစ်ပါတယ်။

အဲဒီ ဘရားသားကုမ္ပဏီက အင်းတကော်မြို့နယ်မှာ လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း စည်းရုံးရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်စဉ် နေထိုင်ခဲ့တဲ့ ဗိုလ်တဲမြေနေရာကို အုတ်တံတိုင်းခတ်ပြီး သိမ်းယူထားသလို ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုတဲ့အနေနဲ့ ဝန်ကြီးချုပ်ဟောင်း ဦးနု စိုက်ထူထားခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ကျောက်တိုင်ကိုလည်း ဖျက်သိမ်းဖို့ ပြင်ဆင်နေတဲ့အတွက် ကျေးရွာသားတွေက ကန့်ကွက်နေကြတာလို့ သိရပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ