ထိုင်းဝန်ကြီးချုပ်အဖြစ် သြဂုတ်လကတည်းက စတင် တာဝန်ထမ်းဆောင်ပြီးနောက် ပထမဆုံး နိုင်ငံခြား ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို လာရောက်ခြင်း ဖြစ်ပါတယ်။
ချစ်ကြည် ရင်းနှီးမှု ရှိပြီးသား မြန်မာနဲ့ ထိုင်းနိုင်ငံအကြား ပိုပြီး ရင်းနှီးမှု ရယူလိုတဲ့အတွက် ဖြစ်သလို ပိုပြီး ပူးပေါင်းမှုတွေ လုပ်ဖို့အတွက် ရည်ရွယ်ပြီး ထိုင်းဝန်ကြီးချုပ်က မြန်မာနိုင်ငံကို လာရောက်တာလို့ ဆိုပါတယ်။
တရားမဝင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ ပူးပေါင်းဖို့၊ နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်ဖို့၊ အလုပ်သမားရေးရာ ကိစ္စဆွေးနွေးဖို့နဲ့ ထားဝယ်စီးပွားရေးဇုန် စီမံကိန်း ပြန်လည်လုပ်ဆောင်နိုင်ဖို့ ကိစ္စတွေကိုလည်း ဆွေးနွေးကြဖို့ ရှိပါတယ်။
Prayuth Chan-ocha ဟာ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ် အစိုးရရဲ့ အာဏာကို မေလတုန်းက သိမ်းပိုက်ပြီးနောက် ဝန်ကြီးချုပ် ဖြစ်လာတာပါ။
ထိုင်းစစ်တပ်ရဲ့ အာဏာသိမ်းမှုကို မြန်မာနိုင်ငံက အစောဆုံး ထောက်ခံမှု လုပ်လိုက်ပြီး ထိုင်းစစ်တပ်ကြောင့် ထိုင်းနိုင်ငံမှာ တည်ငြိမ်မှုတွေ ရှိလာတာလို့ ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ်က ဒီကနေ့မှာတော့ ရွှေတိဂုံ စေတီတော်ကို ဖူးမျှော်မှာ ဖြစ်သလို ရန်ကုန်မှာရှိတဲ့ ထိုင်းစီးပွားရေးအသိုင်းအဝိုင်းနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။
ထိုင်းနိုင်ငံဟာ တရုတ်ပြီးရင် မြန်မာနိုင်ငံရဲ့ ဒုတိယ အကြီးမားဆုံး ကုန်သွယ်ဘက် နိုင်ငံဖြစ်ပြီး အဓိကအားဖြင့် မြန်မာနိုင်ငံက သဘာဝ ဓာတ်ငွေ့ကို ဝယ်ယူတင်သွင်းနေတာလည်း ဖြစ်ပါတယ်။
ထိုင်းဝန်ကြီးချုပ်က ဒီကနေ့မှာပဲ ထိုင်းနိုင်ငံကို ပြန်သွားမယ်လို့ သိရပါတယ်။
![]() |
| ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha |




































No comments:
Post a Comment