မက္ကဆီကို နိုင်ငံ Guerrero ပြည်နယ်မှာ အရင်လက ရဲက ဖမ်းသွားတဲ့ ကျောင်းသား
တွေရဲ့ ရုပ်အလောင်း တွေ မြှုပ်ထားရာ လို့ ယူဆရတဲ့ ကျင်းသစ်ကြီး ၄ ကျင်းကို
ထပ်ပြီးတော့ ရှာတွေ့တယ် လို့ မက္ကဆီကို အာဏာပိုင် တွေက ပြောကြား လိုက်ပါတယ်။
အဖမ်းခံရတဲ့ ကျောင်းသား ၄၃ ယောက်ကို ရှာတွေ့ဖို့ Iguala မြို့နဲ့ အနားတဝိုက်မှာ ပိုက်စိပ်တိုက် ရှာဖွေ ခဲ့ရပါတယ်။
မီးလောင် ကျွမ်းထားတဲ့ အလောင်း ၂၈ လောင်းကို ခပ်တိမ်တိမ် တူးထားတဲ့ ကျင်း ၆ ကျင်း က နေပြီး အရင်ပတ်က တူးဖော် တွေ့ရှိ ခဲ့ပါတယ်။
ဒီအလောင်း တွေကို ဘယ်သူ ဘယ်ဝါ ဆိုတာ ဖော်ထုတ်နိုင်ဖို့ မှုခင်း ကျွမ်းကျင်သူ တွေက ဆောင်ရွက် နေကြပါတယ်။
ဒီအသစ် တွေ့ရှိတဲ့ ကျင်းသစ် တွေမှာ အလောင်း ဘယ်လောက် ရှိသလဲ ဆိုတာ ခုထိ မသိရသေးပါဘူး။
 |
| Iguala မြို့တဝိုက် ပိုက်စိပ်တိုက် ရှာဖွေ |
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ
No comments:
Post a Comment