Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 10, 2014

ပြည်ထောင်စုဝန်ကြီးသုံးပါး ရှင်းလင်းပွဲတွင် ရန်ကုန်အစိုးရ အဖွဲ့ဝင်များ အိပ်ငိုက် သတင်းထောက်များ မေးမြန်းခွင့် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ကန့်သတ်

နိုင်ငံတော် ဘတ်ဂျက်ကိစ္စ၊ အစိုးရ၏ ပြုပြင်ပြောင်းလဲရေး ကိစ္စများကို မီဒီယာများနှင့် တွေ့ဆုံ ရှင်းလင်းခဲ့သည့် နိုင်ငံတော် သမ္မတရုံး ၀န်ကြီးဦးစိုးသိန်းနှင့် အခြားပြည်ထောင်စု ၀န်ကြီး(၂)ဦးတို့၏ ရှင်းလင်းပွဲသို့ တက်ရောက် ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၏ အိပ်ငိုက်နေသည့်ပုံများ ““အိပ်မက်ဆုံရာ”” ခေါင်းစဉ်ဖြင့် ယခုရက်ပိုင်းတွင် လူမှုကွန်ရက်စာ မျက်နှာများ၌ ပျံ့နှံ့ခဲ့ပြီးနောက် ပြည်သူများ အကြား ပြောဆိုဝေဖန်မှုများ ရှိနေသည်။

အဆိုပါပုံများ အွန်လိုင်း လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့ခဲ့ခြင်းနှင့် ပတ်သက်၍ ““ပြည်ထောင်စု ၀န်ကြီး သုံးပါးရဲ့ သတင်းစာ ရှင်းလင်းပွဲ၊ ဦးစိုးသိန်းက မီဒီယာတွေနဲ့ တွေ့ပြီးတော့ ဘတ်ဂျက်တွေ၊ အဓိက ဘတ်ဂျက် တွေပေါ့ကွာ။ ဘဏ္ဍာရေးဝန်ကြီးရယ်၊ အမျိုးသား စီမံကိန်းဝန်ကြီး ဒေါက်တာကံဇော်ရယ်၊ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းရယ် ကိုယ်စားလှယ် (၃)ယောက်က နေပြီးတော့ မီဒီယာ တွေ့ဆုံရှင်းလင်းပွဲ ဆိုပြီးတော့ကွာ ဘတ်ဂျက် ကိစ္စတွေကို ရှင်းပြနေတာ။ တစ်ယောက်တစ်ယောက် အကြာကြီးပေါ့ကွာ။ ရန်ကုန်တိုင်း အစိုးရက လူတွေ သူ့တို့ဘာသာ စိမ်ပြေနပြေ အိပ်နေတာပေါ့”” ဟု အဆိုပါပုံများကို စတင်ဖြန့်ဝေခဲ့သည့် AP သတင်း ဌာန၏ ဓာတ်ပုံသတင်းထောက် ဦးခင်မောင်ဝင်း (ရွှေအင်းသား)က မြန်မာသံတော်ဆင့်သို့ အောက်တိုဘာ (၈) ရက်နေ့တွင် ပြောသည်။

အဆိုပါ မီဒီယာ ရှင်းလင်းပွဲတွင် ၀န်ကြီးဦးစိုးသိန်းက ပြည်သူများ အခွန်ဆောင်ခြင်းကို အလှူပေးသည်ဟု သဘောထားရန် ပြောကြားချက် တွင်““ကျွန်တော်လည်း အခွန်ပေးရမယ်။ မည်သူမဆို အခွန်ပေးတာကို ပျော်နေ ရမယ်။ အလှူပေးသလို ဖြစ်နေရမယ်။ အဲဒါမှ အိပ်မက်တွေကို အကောင်အထည် ဖော်နိုင်မယ်။ အဲဒါမှ နိုင်ငံတော် တိုးတက်မယ်””ဟု ထည့်သွင်း ပြောဆိုချက်မှာ အွန်လိုင်း လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့ နေသည့် အစိုးရအဖွဲ့ဝင်များ အိပ်ငိုက်သည့်ပုံများကို “အိပ်မက်ဆုံရာ”ဟု ခေါင်းစဉ် ပေးထားသည်နှင့် ကိုက်ညီမှု ရှိကြောင်း ထောက်ခံ ပြောဆိုမှုများလည်း ရှိသည်။

အဆိုပါပွဲသို့ တက်ရောက်ခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်များ အိပ်ငိုက်နေသည့် ပုံများနှင့် ပတ်သက်၍““ဒါကတော့ လူဆိုတာ ရုပ်နဲ့နာမ်နဲ့ ဖွဲ့စည်းထားတာ၊ ငိုက်ရင်လည်း ငိုက်မှာပဲလေ။ ရန်ကုန်တိုင်း အစိုးရက အင်မတန် အလုပ်များပါတယ်။ စနေ၊ တနင်္ဂနွေတောင် မနားရပါဘူးဗျာ။ ကျွန်တော်တို့ ဆိုလည်း ညမိုးချုပ် အလုပ်လုပ်၊ မနက်(၆)နာရီ၊ (၇)နာရီ အစည်းအဝေးလာ၊ အလုပ်လုပ်ဆိုတော့ ငိုက်မိတာတော့ ရှိမှာပဲ””ဟု ရန်ကုန်တိုင်း ဒေသကြီးအစိုးရ ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က မြန်မာ သံတော်ဆင့်သို့ ပြောသည်။

အဆိုပါပွဲတွင် အိပ်ငိုက်ခဲ့သည့်ပုံများ အွန်လိုင်း လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ပြီးနောက် ထိုသို့သော အခြေအနေများ နောက်နောင် မဖြစ်စေရန် အတွက်ကိုလည်း ““ကျွန်တော်တို့က တစ်ချိန်လုံး ငိုက်နေတာ မဟုတ်ဘူး။ ခဏလေး မှေးလိုက်၊ နားထောင်လိုက်။ ဒါကို စကန်ရှော့ ရိုက်ပြီးတော့ လုပ်လိုက်တာလေ။ အပြစ် မပြောပါဘူး။ နောက် ကျွန်တော်တို့ ဆင်ခြင်ရမှာပေါ့။ ကျွန်တော်တို့ကတော့ ကိုယ့်ကိုယ်ကိုယ်ပဲ ဆင်ခြင် ရမယ်လို့ သုံးသပ်ပါတယ်””ဟု ၀န်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

အဆိုပါပွဲကို သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုဝန်ကြီး ဒေါက်တာကံဇော်တို့ သုံးဦးက မီဒီယာတွေ့ဆုံ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သော်လည်း မီဒီယာများမှ မေးမြန်း ရာတွင် လွတ်လပ်မှု မရှိကြောင်းကို ““အဲဒီမှာ ပိုဆိုးတာက ဦးစိုးသိန်းက စာရွက်ကြီး ကိုင်ပြီးတော့ ဘယ်သူ မေးပါ၊ ဘယ်ဝါမေးပါ ဆိုပြီးတော့။ သတင်းထောက်တွေကွာ ပွဲကြီးတစ်ပွဲကွာ၊ သူမေးချင်တဲ့သူ မေးမှာပေါ့။ မဟုတ်ဘူး၊ သူက ဘယ်သူမေး၊ ဘယ်သူမေး ဆိုပြီးတော့ လုပ်နေတယ်”” ဟု အဆိုပါပွဲသို့ တက်ရောက်သူ ဦးခင်မောင်ဝင်း(ရွှေအင်းသား) က မြန်မာသံတော်ဆင့်သို့ ပြောသည်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ