Sean ဆိုတဲ့ကောင်က David ကို နောက်ကနေ လည်ပင်းကိုဖက်ပြီး ချုပ်ပေးတယ်..
ရှေ့ က BAR ပိုင်ရှင်သူဌေးသားက တလက်မဓါးနဲ့ ထိုးတယ်...David ရဲ့ မျက်နှာနဲ့ မေးရိုးအောက်မှာဒါဏ်ရာရတယ် အနောက်က နေDavid ကိုသိုင်းဖက်ပြီးချုပ်ပေးထားတဲ့ Seanရဲ့ လက်ဖျံကိုပါဓါးနဲ့ ထိုးမိတယ်..David မျက်နှာ နဲ့ မေးအောက်က ဒဏ်ရာရယ် Sean လက်ဖျံ ပေါ်ကဒဏ်ရာကိုကြည့်ရင် ထိုးတဲ့သူက ဘယ်သန်ဖြစ်ဖို့ များတယ်။ လက်ဖျံကို အထိုးခံလိုက်ရလို့  Sean က ချုပ်ပေးထားတာကိုလွှတ်ပေးလိုက်မှ ခေါင်းငိုက်ကျပြီးလည်ထွက်သွားတဲ့ David ကိုနောက်ကနေ ဦး ခေါင်းနောက်ပိုင်းကိုထပ်ထိုးတယ်.။
မသေမရှင်ဖြစ်နေတဲ့ David ကိုရေထဲဆွဲချတယ်..ပြီးတော့ Hanna ကို သူတို့ ဘလက်ကာယ လုပ်တယ်..။လက်လွန်သွားတော့ Hanna ကို ပါနှတ်ပိတ်လိုက်တယ်..။BARပိုင်ရှင်ရဲ့ သား ဟာ ဘယ်သန် လားဆိုတာတစ်ချက်ကြည့်ရလိမ့်မယ်။ ဖြစ်ပွားချိန်က မနက်၂နာရီကျော်ကျော်..။ David နဲ့ Hanna က အဲဒီအချိန်မှာကတည်းကသေနေပြီ..။
Bar ပိုင်ရှင်သား က အိမ်ပြန်ပြေးတယ် သူ့ အဖေနဲ့ သူ့ အဖေသူငယ်ချင်း ထိုင်းရဲ ကို ပြောပြတယ်..သူ့ အဖေနဲ့ ရဲ က Sean ကို အပြစ်ပုံချဘို့ လုပ်တယ်..Sean ထွက်ပြေးတယ် စတိုးဆိုင်တစ်ခုထဲကိုဝင်ပြေးပြီး ငွေသိမ်းကောင်တာနောက်က နေ နောက်ကလိုက်လာတဲ့Bar ပိုင်ရှင်နဲ့ ထိုင်းရဲ ကိုဓါတ်ပုံရိုက်ပြီး facebook တင်တယ် သူ့ ကိုလိုက်သတ်နေတဲ့၂ယောက်ဆိုပြီးပြောတယ်..။
အဲဒီအချိန်မှာ အနားမှာဂီတာတီးနေတဲ့ ရခိုင်သား၂ယောက် က ဆေးလိပ်နဲ့ ဘီယာလာဝယ်တယ်..CCTV ကင်မရာမှာပြတဲ့ အချိန်က မနက်၎ နာရီဝန်းကျင်..David နဲ့ Hanna က သေပြီးနေပြီ လွန်ခဲ့ တဲ့ ၂နာရီလောက်ကတည်းက.။ လူ၂ယောက်ကို သတ်ထားတဲ့ သူ၂ယောက်က သတ်ပြီး ၂နာရီလောက်မှာ ဆေးလိပ် ဝယ် ဘီယာထွက်ဝယ်လုပ်နေမှာမဟုတ်ဘူး ပြေးတာကြာပြီ။ ဒီနှစ်ယောက်ဆေးလိပ်ဝင်ဝယ်တာကိုတွေ့ တဲ့ ခုနက Sean နောက်ကို လိုက်လာတဲ့ Bar ပိုင်ရှင်နဲ့ ထိုင်းရဲ က ဆွဲစားလိုက်တယ်..အခင်းဖြစ်ပွားရာနေရာကိုတဖက်လှည့်နဲ့ ရောက်အောင်ပို့ တယ်
ဆေး မူး ဘီယာမူးနေတဲ့ ရခိုင်သား၂ယောက်အူကြောင်ကြောင်နဲ့ ခံလိုက်ရတယ်..။ အခင်းဖြစ်ပြီး နောက်နေ့  Sean နဲ့ Bar ပိုင်ရှင်သား ကို ကော့သောင်ကျွန်းက နေ အမြန် ဘန်ကောက်ကိုလွှတ်ရှောင်ခိုင်းတယ်။ရခိုင်လေး၂ယောက်ကို ဆေးလိပ်ဖင်စီခံက DNA နဲ့ သူတို့  DNA တူတယ်ဆိုပြီးဝန်ခံခိုင်းတယ်..။ မြန်မာစကားပြန်၂ယောက်က ပါ အဆင်းဘီးတပ်ပေးတယ်..။





































No comments:
Post a Comment