Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, October 16, 2014

ကြွေးမြီပေးဆပ်နိုင်ခြင်း မရှိသည့် အမျိုးသမီးကြီးတစ်ဦး မီးရှို့သတ်သေရန် ကြိုးပမ်း

ဘန်ကောက် ၊ ၁၆-၁၀-၂၀၁၄

ထိုင်းနိုင်ငံတွင် အိမ်ထောင်စု ကြွေးမြီများ မြင့်တက်နေစဉ် အတွင်း ဘန်ကောက်မြို့ရှိ အစိုးရ အဖွဲ့၏ အကူအညီ ပေးရေးရုံး တစ်ရုံးတွင် အမျိုးသမီး တစ်ဦးသည် အကြွေး ပေးဆပ်နိုင်ခြင်း မရှိသောကြောင့် ယမန်နေ့တွင် ကိုယ့်ကိုယ်ကိုယ် မီးရှို့ သတ်သေရန် ကြိုးပမ်း ခဲ့ကြောင်း သိရသည်။

အသက် ၅၂ နှစ်အရွယ် ဆန်ဗီ ယန်ရက်ဆာပက် အမည်ရှိ အဆိုပါ အမျိုးသမီးကြီး သည် နိုင်ငံ အလယ်ပိုင်း ရှိ လော့ပ်ဘူရီ ပြည်နယ်မှ ဖြစ်ပြီး သူမသည် ကြွေးမြီဒေါ်လာ ၄၆ဝဝဝ ပေးအပ်ရန် တတ်စွမ်းနိုင်ခြင်း မရှိသည့် နောက်ဆုံးတွင် မီးရှို့သတ် သေရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြား ခဲ့သည်။

သို့ရာတွင် အဆိုပါရုံးမှ တာဝန်ရှိ သူများက သူမကိုယ် ခန္ဓာပေါ်တွင် လောင်ကျွမ်း နေသည့်မီးကို ငြှိမ်းသတ် နိုင်ခဲ့ပြီး သူမကို နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ပေး ခဲ့သည်။ ဆန်ဗီယန်သည် သူမ၏ ကြွေးမြီ နှင့် စပ်လျဉ်း၍ အကူအညီ ရယူနိုင်ရန် အဆိုပါရုံးသို့ အကြိမ်ပေါင်း များစွာ လာရောက် ခဲ့ကြောင်း၊ သူမသည် အခြားရွာသား များထံမှ ငွေကြေးများကို ချေးယူခဲ့ပြီး ပြန်လည်ပေး ဆပ်ရမည့် အချိန်တွင် သူမထံ၌ ငွေကြေး အလုံအလောက် မရှိခဲ့ကြောင်း၊ ထို့ကြောင့် နောက်ဆုံးတွင် စိတ်ဖိစီး မှုကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြံစည်ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ အရာရှိ တစ်ဦးဖြစ်သူ ကင်ပက်ခ်ျ ဆက်တီယာ က ပြောကြား ခဲ့သည်။

ထိုင်းနိုင်ငံ အတွင်းရှိ အိမ်ထောင်စု ကြွေးမြီ ပမာဏသည် ယခုနှစ် ဒုတိယ လေးလပတ် အတွင်း ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှု ၏ ၈၃ ရာခိုင်နှုန်း အထိ မြင့်တက် လာခဲ့ကြောင်း သိရသည်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ