Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, October 16, 2014

ISIS အစွန်းရောက်တွေအပေါ် အမေရိကန်လေကြောင်း တိုက်ခိုက်မှုတိုး

ဆီးရီးယားနယ်စပ်မြို့ဖြစ်တဲ့ Kobani မြို့ကို IS အစ္စလာမ်မစ် စစ်သွေးကြွတွေ လက်ထဲ ကျမသွားရအောင် ခုခံနေကြတဲ့ Kurdish တိုက်ခိုက်ရေး သမားတွေကို စစ်ရေး အကူညီ ပေးတဲ့ အနေနဲ့ အမေရိကန် တိုက်လေယာဉ်တွေက လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ပင်တဂွန် စစ်ဌာနချုပ်က ပြောပါတယ်။


တချိန်တည်းမှာပဲ IS စစ်သွေးကြွတွေက နယ်မြေကွက်တခုကို သိမ်းပိုက်သွားနိုင်ခြေ ရှိနေတယ်လို့ သတိပေးမှုတွေလည်း ရှိနေပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်တဲ့ ရည်ရွယ်ချက်ကတော့ မြေပြင်မှာရှိတဲ့ မြို့ကို ခုခံနေသူတွေ ပြင်ဆင်ဆောင်ရွက်ဖို့ အချိန်ရအောင် လုပ်ဆောင်ပေးတာ ဖြစ်တယ်လို့ အမေရိကန် ဗိုလ်ချုပ်ကြီး John Allen က ဗုဒ္ဓဟူးနေ့မှာ ပြောဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရာနဲ့ချီရှိတဲ့ IS စစ်သွေးကြွတွေ သေဆုံးခဲ့တယ်လို့ အမေရိကန်စစ်ရေး လေ့လာသူတွေက ယုံကြည်ကြပါတယ်။ Kurdish ခုခံတိုက်ခိုက်ရေးသမားတွေဟာ IS စစ်သွေးကြွတွေ စခန်းချထားတဲ့နေရာ ၂ ခုကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သလို လမ်းတွေ တော်တော်များများပေါ်ကနေ စစ်သွေးကြွတွေ ဆုတ်ခွာသွားအောင် လုပ်နိုင်ခဲ့တယ်လို့ ဗြိတိန်နိုင်ငံမှာ အခြေစိုက်တဲ့ ဆီးရီးယား လူ့အခွင့်အရေးအဖွဲ့က ဗုဒ္ဓဟူးနေ့ စောစောပိုင်းမှာ ပြောဆိုပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာတော့ IS တွေက မြို့ရဲ့ တ၀က်လောက်ကို ပြန်ပြီး သိမ်းသွားနိုင်ခဲ့တယ်လို့ ပြောပါတယ်။ အမေရိကန်စစ်တပ်ကတော့ အင်္ဂါနေ့ကနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ ဝေဟင်ကနေ တိုက်ခိုက်မှုပေါင်း ၁၈ ကြိမ် ပြုလုပ်ခဲ့ပြီး ဂျီဟတ် အစွန်းရောက်သမားတွေရဲ့ အဆောက်အဦး ၁၆ လုံးကို ဖျက်ဆီးပစ်ခဲ့တယ်လို့ ပြောပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ