လတ်တလော အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတာကတော့ နယူးယော့ခ်မြို့က
ကိုယ်ပျောက်ဖက်ရှင်ဒီဇိုင်းပါပဲ။ အသက်(၃၃)နှစ်အရွယ်ရှိ ခန္ဓာကိုယ်
ဆေးခြယ်ပညာရှင် ထရီနာမာရီက နယူးယော့ခ်မြို့ရဲ့ အထင်ကရ နေရာတွေမှာ
ကိုယ်ပျောက်ဖက်ရှင် ဖန်တီးပြခဲ့တာဖြစ်ပါတယ်။
ကိုယ်ပျောက် ဖက်ရှင် သက်ဝင်ဖို့ အဓိကကျတာက ပတ်ဝန်းကျင်ရှုခင်းနဲ့ ခန္ဓာကိုယ် ဆေးရောင် လိုက်ဖက်ဖို့ပါပဲ။ ယာဉ်အသွားအလာ၊ လူအသွား အလာစတဲ့ ပြင်ပအနှောင့်အယှက်တွေ မရှိဖို့လည်း လိုပါတယ်။ ကိုယ်ပျောက်ဖက်ရှင် သရုပ်ပြခဲ့ချိန်မှာ ထရီနာ မာရီရဲ့ မော်ဒယ်အမျိုးသမီး တွေဟာ ခန္ဓာကိုယ် အပေါ်ပိုင်းဗလာကျင်းနေလို့ နယူးယော့ခ်မြို့ ရဲတပ်ဖွဲ့တွေ လာရောက်မေးမြန်းခဲ့ကြပေမယ့် အနုပညာ ဖန်တီးမှုတွေ လုပ်ဖို့အတွက်ဆိုရင် လမ်းမပေါ်မှာ ခန္ဓာကိုယ်အပေါ်ပိုင်း ဗလာကျင်းနဲ့ နေခွင့်ရှိတဲ့ ဥပဒေ နယူးယော့ခ်မှာရှိလို့ ထရီနာမာရီရဲ့ ဖန်တီးမှု အခုလို ပုံပေါ်လာခဲ့တာပါ။

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:
Post a Comment