Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 4, 2014

ရန်ကုန် မြူ​နီ​စီ​ပယ် ရွေး​ကောက်​ပွဲ​တွေ ကျင်းပ နိုင်​တော့​မယ်

ရန်ကုန် မြို့တော်ခန်းမ

လာမယ့် ဒီဇင်ဘာ မှာ ရန်ကုန်မြို့တော် ရဲ့ စည်ပင် သာယာရေး ကော်မတီ အဆင့်ဆင့် အတွက် ပထမ ဆုံး အကြိမ် မြူနီ စီပယ် ရွေးကောက်ပွဲ တွေ ပြုလုပ် တော့မှာ ဖြစ်ပါ တယ်။ စည်ပင် ရွေးကောက်ပွဲ ဆိုင်ရာ နည်း ဥပဒေ ပြင်ဆင်ချက် အောက်တိုဘာ လဆန်း မှာ ထွက်ရှိ လာခဲ့တဲ့ နောက် အခုလို မြူနီစီပယ် ရွေးကောက် ပွဲ တွေ ကျင်းပ လာနိုင် တာ ဖြစ်ပါတယ်။

မြို့နယ် ခရိုင် အသီးသီး ရဲ့ ၅ ဦးပါ မြူနီစီပယ် ကော်မတီ အတွက် ၃ ဦးကို အများက ရွေးကောက် ကြရမှာ ဖြစ်ပြီး၊ ၂ ဦးကတော့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ က လျာထား ခန့်အပ်ပေး မယ့် အစိုးရ ဝန်ထမ်းတွေ ဖြစ်မယ် လို့ သိရပါ တယ်။

အရွေးချယ် ခံမယ့် ကိုယ်စားလှယ် လောင်း အမည်စာရင်း ကို အောက်တိုဘာ ၆ ရက် ကနေ ၁၉ ရက် နေ့အကြား စာရင်း ပေးရမှာ ဖြစ်ပါတယ်။

ဒီလို ရွေးချယ် တင်မြှောက်ခွင့် ရှိမှသာ အများရဲ့ သဘောထား ဆန္ဒကို ထင်ဟပ်တဲ့ စည်ပင်သာယာရေး ကော်မတီ တွေ ဖြစ်လာပြီး၊ လူထု အခြေပြု မြူနီစီပယ် လုပ်ငန်း တာဝန်တွေ ကို ထမ်းဆောင် သွားနိုင် မှာ ဖြစ်တယ် ဆိုပြီး ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ရဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ် ဒေါ်ညိုညိုသင်း က ပြောပါတယ်။

ယမန်နှစ်က စည်ပင် ရွေးကောက်ပွဲ ဆိုင်ရာ နည်းဥပဒေ တွေ စတင် ပြဌာန်း တုန်းကတော့ အိမ်ထောင်စု ၂၀ဝ မှာမှ လူ၃ ဦး မဲပေးရ တဲ့ စနစ်မျိုး ဖြစ်ခဲ့လို့ ကန့်ကွက်ခဲ့တဲ့ ဒေါ်ညိုညိုသင်း ဟာ အခု နည်းဥပဒေ ပြင်ဆင်ချက် ကြောင့် တစ်အိမ်ထောင် တစ်မဲ ပေးနိုင်ခွင့် ရလာတာမျိုး တိုးတက်မှုတွေ ရှိတယ် ဆိုပြီး ပြောပါတယ်။

ဒါပေမယ့် မဲပေး ပိုင်ခွင့် ရှိတဲ့သူတွေ ကို မှတ်ပုံတင်တဲ့ လုပ်ငန်းစဉ်လို နေရာမျိုးနဲ့၊ ကိုယ်စားလှယ်လောင်း အရည်အချင်း စမ်းစစ်တဲ့ နေရမျိုးတွေမှာ ပိုပြီးတော့ ဒီမိုကရေစီ စံနှုံး စံထားတွေ နဲ့ ကိုက်ညီဖို့ လိုအပ်ကြောင်း လည်း ဒေါ်ညိုညိုသင်း က ပြောပါတယ်။

အခုလို စည်ပင်သာယာ ကော်မတီဝင် နေရာတွေ အတွက် မြူနီစီပယ် ရွေးကောက်ပွဲ တွေ ရှိလာတော့မှာ ဖြစ်ပေမယ့်၊ ရန်ကုန် မြို့တော်ဝန် ကိုတော့ ပြည်သူတွေ က ရွေးချယ်နိုင်ခွင့် မရှိသေးပါဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ မြို့တော်ဝန် ကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရ ဝန်ကြီးချူပ် က လျာထား ရွေးချယ် ပေးရပြီး သမ္မတ က အတည်ပြု ခန့်အပ်တာ ဖြစ်ပါတယ်။



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ