Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 24, 2014

မိုင်းယန်းမြို့တွင် စည်ပင်သာယာ ဦးသိန်းဇော် ဗုံးခွဲ ၃ ဦးသေ

အောက်တိုဘာလ ၂၄ ရက် ၂၀၁၄

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းယန်းမြို့နယ် ကျိုင်းဟင်ရပ်ကွက်တွင် စည်ပင်သာယာ ၀န်ထမ်း ဦးသိန်းဇော်က မိမိနေအိမ်အတွင်း ဗုံးခွဲရာ ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ပါသည်။

အောက်တိုဘာလ ၂၃ ရက် နေ့ခင်းပိုင်းက မြို့နယ်တရားရုံးကအပြန် မိမိနေအိမ်အတွင်း ဗုံး ၂ လုံးပစ်ခွဲရာ တာချီလိတ်မှလာသော ဧည့်သည် တဦးအပါအဝင် စည်ပင်ဝန်ထမ်းတဦး၊ မိုင်းယန်းတပ် ခလရ ၂၈၁ တပ်ကြပ်ကြီး ဇနီးတဦး စုစုပေါင်း ၃ ဦးသေဆုံးကြောင်း မိုင်းယန်းမြို့ခံ စိုင်းခမ်းနုက ပြောသည်။

စည်ပင်ဝန်ဝမ်း ဦးသိန်းဇော်နဲ့ သူ့မိန်းမ ဒေါ်နန်းနုက အိမ်ထောင်ရေးအဆင်မပြေလို့ တရားရုံးအထိသွားရှင်းလာတာ။ အသိအသက်သေ အဖြစ် တာချီလိတ်ကအသိတွေနဲ့ မိုင်းယန်းက မိတ်ဆွေတွေကိုခေါ်သွားတာ။ အိမ်ပြန်ရောက်တော့ သူတို့ထမင်းစားဖို့ ပြင်နေချိန် ဦးသိန်းဇော်က ဗုံး ၂ လုံးပစ်လိုက်တယ်။ အိမ်ပေါ်မှာ ၂ ယောက်သေတယ်။ အိမ်ပေါ်တက် မယ့်တယောက် လည်ပင်းထိသွားပြီးထွက်ပြေးတာ လမ်းမ ပေါ်မှာ သေသွားတယ်။ ဦးသိန်းဇော်ကိုယ်တိုင်က အိမ်ပေါ်ကခုန်ဆင်းလို့ ခြေနှစ်ချောင်းလုံး ကျိုးသွားတယ်။ သူ့မိန်းမ ဒေါ်နန်းနုလည်း ဒဏ်ရာရပြီးဆေးရုံမှာအခု။ - ဟု ၄င်းကပြောသည်။

ယခုအခါ စည်ပင်ဝန်ထမ်း ဗုံးခွဲသူဦးသိန်းဇော်အား ကျိုင်းတုံအချုပ်ခန်းသို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်း ဇနီးသည် ဒေါ်နန်းနုလည်း မိုင်းယန်းဆေးရုံသို့ ပို့ဆောင် ကုသ ထားကြောင်း၊ ၄င်းအပြင် ဒဏ်ရာရသူ ၄ ဦးကိုလည်း ဆေးရုံသို့ပို့ ဆောင်ထားကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းက ပြောပြသည်။

အသက် ၅၀ အရွယ် ဒေသခံ လုံးစိုင်းက- သူ့လက်ပစ်ဗုံးက စစ်ပွဲမှာသုံးတဲ့ လက်ပစ်ဗုံးမဟုတ်ဘူး။ ထူးခြားတယ်။ လုံးလုံး သေးသေးလေးတဲ့။ ဒါမယ့်ပြင်းတယ်။ စည်ပင်ဝန်ထမ်းတယောက်က လက်ပစ်ဗုံးဘယ်ကရလာသလဲ။ စဉ်းစားစရာပေါ့။ မြန်မာပြည်မှာ ဘယ်နေရာကြည့်ကြည့် ဗုံးပေါက်ရင်အမှိုက်ပုံးမှာချည်းဘဲ။ သေတာလဲ စည်ပင်ဝန်ထမ်းတွေချည်းဘဲ။ ဒါ တခုခုတော့တခုခုဘဲ- ဟု သုံးသပ်ပြောဆိုပါသည်။

မိုင်းယန်းမြို့သည် သံလွင်အရှေ့ပိုင်း ကျိုင်းတုံမြို့ အရှေ့မြောက်ဖက် ၁၀၂ ကီလိုမီတာအကွာတွင်တည်ရှိသည်။



မိမိနေအိမ်အတွင်း လက်ပစ်ဗုံးခွဲသူ စည်ပင်ဝန်ထမ်းဦးသိန်းဇော်
အိမ်ရှင်ဗုံးခွဲမှုကြောင့် ထိခိုက်ဒဏ်ရာရ သေကြေကြသူဧည့်သည်များ


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ