Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, October 5, 2014

မြေပုံမြို့နယ်ရှိ အစိုးဝန်ထမ်းများ လစာ ၂ ဆ ခံစားခွင့်ရတော့မည်

ရခိုင်ပြည်နယ် မြေပုံမြို့နယ်ကို လူမှုဖွံ့ဖြိုးမှု နိမ့်ကျသည့် ဒေသအဖြစ် ပြည်ထောင်စု အစိုးရမှ သတ်မှတ် လိုက်သည့် အတွက် မြေပုံမြို့နယ်အတွင်း တာဝန်ထမ်းဆောင် နေကြသည့် အစိုးရ ၀န်ထမ်းများ အနေဖြင့် လစာ (၂) ဆ တိုးမြှင့် ခံစားရတော့မည် ဖြစ်ကြောင်း သိရသည်။

မြေပုံမြို့နယ် ပြည်သူ့လွတ်တော်ကိုစားလှယ် ဦးသန်းဖေက ပြည်သူ့လွတ်တော်တွင် မြေပုံမြို့နယ်ကို လူမှုရေးခက်ခဲသည့် ဒေသအဖြစ် သတ်မှတ်ပေးရန် တင်ပြတောင်းဆိုထားခဲ့သည်။ ယင်းနောက်ပိုင်းတွင် လွတ်တော်က ထိုသို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း မြေပုံမြို့နယ် ပြည်သူ့ လွတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက သိရသည်။

“ကျွန်တော်က လွတ်တော်အစည်းအဝေးမှာ ကျွန်တော့်တို့ဒေကို လူမှုရေးခက်ခဲတဲ့ ဒေသအဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုတင်ပြထားတဲ့အတွက် ပြည်နယ်အစိုးရ ၊ ဗဟိုအစိုးရအဆင်ဆင့်က စီ စစ်ပြီး  လူမှုရေးခက်ခဲတဲ့ ဒေသအဖြစ်သတ်မှတ်လိုက်ပါတယ်။ အခုအခါ မြို့နယ်အတွင်း က ၀န်ထမ်းတွေကို လစာ ၂ ဆတိုးပေးဖို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ငွေစာရင်းပြုစုနေပြီလို့ မနေ့က လွတ်တော်အစည်း အဝေးမှာ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ထွန်းက လာပြီဖြေကြား သွားပါတယ်” ဟု သူက ပြောသည်။

မြေပုံမြို့နယ်မှာ အမှန်တကယ် လူမှုဖွံ့ဖြိုးမှုနိမ့်ကျနေပြီး ၀န်ထမ်းများမှာ လစာဝင်ငွေနှင့် မလောက်ငှ သည့်အတွက် ယခုကဲ့သို့တင်ပြခဲ့ခြင်းဖြစ်ကြောင်း ဦးဖေသန်းကဆိုသည်။

မြန်မာနိုင်ငံတွင် ကုန်းဈေးမြင့်မားပြီး လမ်းပမ်းဆက်သွယ်ရေးခက်ခဲမှု၊ ၀င်ငွေနိမ့်ကျသည့် ဒေသများကို ပြည်ထောင်စုအစိုးရမှ လူမှုရေးခက်ခဲသည့်ဒေသအဖြစ် မြို့နယ်ပေါင်း ၁၀၀ ကျော်သတ် မှတ်ထား သည်။

ယခုတိုးပေးမည့် ၀န်ထမ်းများအား လစာ ၂ ဆတိုးမြှင့်ခံစားပြုရန် အစိုးရမှ စီစဉ်နေပြီဖြစ်သော် လည်း မည့်သည့်လတွင် စတင်ခံစားရမည်ကို မသိရှိရသေးကြောင်း ဦးဖေသန်းက ခုကဲ့သို့ ဆက်ပြောသည်။

“ ဘယ်လောက်မှ စပေးမယ်ဆိုတာတော့ တိတိကျကျမပြောနိုင်ဘူး။ ဒီကြားထဲမှာပေးချင်လည်း ပေး နိုင်တယ်။ ဒါပေမဲ့ ၂၀၁၅၊ ၂၀၁၆ ဘဏ္ဍာရေးနှစ်မှာတော့သေချာတယ်။ ဘာကြောင့်လည်း ဆိုတော့ အစိုးရလုပ်ထုံး လုပ်နည်းအရ အဆင့်ဆင့်လုပ်ရမယ်၊စိစစ်ရမယ်၊ အတည်ပြုရမယ်ဆိုတော့ ကြာချင် လည်းကြာနိုင်တယ်” ဟုဆိုသည်။

ရခိုင်ပြည်နယ်မှ မောင်တော၊ မာန်အောင်၊ တောင်ပြိုလက်ဝဲမြို့နယ်များကို လူမှုရေးဖွံ့ဖြိုး မှုနိမ့်ကျ သည့် ဒေသ အဖြစ်သတ်မှတ်ထားပြီး အစိုးရ၀န်ထမ်းများကို မူရင်းလစာ ၂ ဆကို အစိုးရက တိုးမြှင့် ခံစားခွင့် ပြုထားသည်။

ယခုအခါ မြေပုံမြို့နယ်ကိုပါ လူမှုဖွံ့ဖြိုးမှုနိမ့်ကျသည့် ဒေသအဖြစ် ပြည်ထောင်စုအစိုးရမှ သတ်မှတ် လိုက်သည့်အတွက် မြို့နယ်အတွင်း တာဝန်ထမ်းဆောင်သည့် ၀န်ထမ်းများမှာ လစာ ၂ ဆတိုးမြှင့် ခံစားခွင့် ရရှိကြတော့မည်ဖြစ်သည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ