Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, October 26, 2014

သြော် ဟုတ်လား ဒါနဲ့ . . ပြောရအုံးမယ် ဟဲ . ဟဲ . ဟဲ – လင်းယုန်ရေးသည်

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌကြီး ခင်ဗျာ … စကား ဆိုတာ ပြောပြီးရင် တည်မှ ကောင်းပါတယ် ခင်ဗျ။ အခုတစ်မျိုး တော်ကြာ တစ်မျိုး မကြာခဏ လုပ်နေရင်တော့ သမိုင်းကြောင်း ကောင်းမှာ မဟုတ်ဘူး ခင်ဗျ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပြီးခဲ့တဲ့ ရက်ပိုင်းက ကြားသိလိုက်ရတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌကြီးရဲ့ စကားကတော့ ယခုအချိန်အထိ ဥက္ကဋ္ဌကြီးရဲ့ သက်တမ်း တစ်လျှောက်မှာ ကောင်းမွန်တဲ့ ပြောကြားချက် တစ်ရပ်ဖြစ်တယ်လို့ ဆိုရမှာပဲ ခင်ဗျ။

(ရှေ့ရှေ့က ပြောကြားခဲ့တဲ့ စကားတွေကတော့ ပြည်သူလူထုကြီး သိကြတဲ့ အတိုင်းပဲခင်ဗျ၊ ဟဲ ..ဟဲ)

ပြီးခဲ့တဲ့ အောက်တိုဘာလ (၂၀)ရက်နေ့က ရန်ကုန်မြို့မှာ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်တို့ မဲဆန္ဒရှင်စာရင်း ပြုစုခြင်းနဲ့ စပ်လျဉ်းပြီး တွေ့ဆုံစဉ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌကြီးက လာမယ့် ဒုတိယအကြိမ် လွှတ်တော် သက်တမ်းအတွက် အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် အောက်တိုဘာ လကုန်ပိုင်း၊ ဒါမှမဟုတ် နိုဝင်ဘာလ ပထမပတ် အတွင်းမှာ ကျင်းပပေးမယ်လို့ ပြောကြား လိုက်တယ်ခင်ဗျ။ အဆိုပါ ရွေးကောက်ပွဲကို ရွှေ့စရာ၊ ပြောင်းလဲစရာ မရှိပါဘူးလို့လည်း အခိုင်အမာ ပြောကြား လိုက်လေတယ်ခင်ဗျ။

ထိုစကားကို ကြားရတော့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌကြီးရဲ့ ပြောကြား ချက်ဟာ လာမယ့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပပေးရမယ့် အချိန်မှာ အတိအကျ ကျင်းပပေးမယ်လို့ ပြောကြား လိုက်ခြင်း ဖြစ်ကြောင်း မှတ်ယူပေမယ်ခင်ဗျ။

၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ အစပိုင်း သမ္မတရဲ့ ရေဒီယို မိန့်ခွန်းပါ ပြောကြားချက်အရ ရွေးကောက်ပွဲ ကို ရွှေ့ဆိုင်းမှာ၊ ရွေးကောက်ပွဲ ကျင်းပမယ့် အနေအထား တစ်စုံတစ်ရာ ပြောင်းလဲမှာကို စိုးရိမ်မှု ရှိနေကြတဲ့ အချိန် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌကြီးက ယခုလို ရဲရဲတောက် ပြတ်ပြတ်သားသား ပြောကြားလိုက်ခြင်းကြောင့် ရှေ့ပိုင်းမှာ မည်သို့သော ပြည်သူ့ချဉ်ဖတ် ဖြစ်ရတဲ့ စကားတွေ ဆိုခဲ့ပါစေ (ဟဲ ..ဟဲ) ယခု စကားဟာတော့ ဥက္ကဋ္ဌကြီးရဲ့ တာဝန်ထမ်းဆောင်မှု သက်တမ်းအတွင်း ကောင်းမွန် တဲ့ စကားတစ်ရပ်ကို ပြောကြား လိုက်ခြင်း ဖြစ်တယ်လို့ လင်းယုန်အနေနဲ့ ဆိုရခြင်းပဲခင်ဗျ။

ဒါနဲ့ ပြောရအုံးမယ် ခင်ဗျ။

ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌကြီးရဲ့ ယခုလို ၂၀၁၅ ရွေးကောက်ပွဲကို သတ်မှတ်ချက်အတိုင်း အချိန်မီ လုပ်ပေးမယ်ဆိုတဲ့ ပြတ်ပြတ် သားသား ပြောကြားချက်ကို ကြားသိရတော့ ယခင်တစ်ခါက ဥက္ကဋ္ဌကြီးရဲ့ ပြောကြား ချက်များကို ပြန်သတိရမိတယ်ခင်ဗျ။

အခြားတော့ မဟုတ်ပါဘူးခင်ဗျာ။ ပြည်သူ့လွှတ်တော် န၀မအကြိမ် ပုံမှန် အစည်းအဝေး အတွင်းတုန်းက ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းရဲ့ ကြားဖြတ် ရွေးကောက်ပွဲတစ်ရပ် ပြုလုပ်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး ကြယ်ပွင့်ပြ မေးခွန်းအဖြစ် မေးမြန်းစဉ်မှာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌကြီးကိုယ်တိုင် လွှတ်တော် အစည်းအဝေးကို တက်ရောက်ပြီး ကြားဖြတ် ရွေးကောက်ပွဲ ပြုလုပ်ပေးဖို့ အစီအစဉ်ရှိကြောင်း ပြောကြားခဲ့ဖူးတယ် မဟုတ်လားခင်ဗျာ။ ထိုကြားဖြတ် ရွေးကောက်ပွဲကိုလည်း ၂၀၁၄ ခုနှစ် ပွင့်လင်းရာသီဖြစ်တဲ့ နိုဝင်ဘာ၊ ဒီဇင်ဘာလောက်မှ ကျင်းပပေးဖို့ ရှိတယ်လို့ လေသံပစ်မှုတွေလည်း ထွက်ပေါ်ခဲ့တယ် မဟုတ်လား ခင်ဗျာ။ ဒါပေမဲ့ ၂၀၁၄ ခုနှစ်၊ နှစ်ကုန်ပိုင်း ရောက်လာတဲ့ ပြီးခဲ့တဲ့ လအတွင်း မှာတော့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌကြီး ကိုယ်တိုင်ကပဲ စကားသံတစ်မျိုးပြောင်းလို့ ကြားဖြတ်ရွေးကောက်ပွဲ မလုပ်တော့ကြောင်း ဆိုခဲ့တယ် မဟုတ်လား ခင်ဗျာ။

တကယ်ဆိုရင် ကော်မရှင် ဥက္ကဋ္ဌကြီးအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ပေးမယ်လို့ ပြောကြားခဲ့တာဟာ တစ်နိုင်ငံလုံးက ပြည်သူတွေကို ကိုယ်စားပြုနေတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအတွင်းမှာ ဖြစ်ပါတယ် ခင်ဗျ။ ဒါပေမဲ့ လွှတ်တော်ဥက္ကဋ္ဌကြီးက အကြောင်းအမျိုးမျိုးကြောင့် ကြားဖြတ် ရွေးကောက်ပွဲ မလုပ်ဖြစ် တော့ပါဘူး ဆိုတာနဲ့တင် လွှတ်တော် အစည်းအဝေးအတွင်းမှာ ပြောကြားခဲ့တဲ့ စကားကို ရုပ်သိမ်းခဲ့တယ် မဟုတ်လားခင်ဗျာ။

ယခု တစ်ခါလည်း ဥက္ကဋ္ဌကြီးအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော် သက်တမ်းဟာ ၅ နှစ်သာ ရှိတဲ့အတွက် ယခုလွှတ်တော်များရဲ့ သက်တမ်းက ၂၀၁၁ ခုနှစ်၊ ဇန်န ၀ါရီလ (၃၁)မှာ စတင်ခဲ့ပြီး ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ(၃၁)မှာ ကုန်ဆုံးမှာ ဖြစ်တာကြောင့် ဒုတိယ လွှတ်တော် သက်တမ်းအတွက် သတ်မှတ်ထားတဲ့ အချိန်မှာ လွှတ်တော် ခေါ်နိုင်အောင် ၂၀၁၅ အောက်တိုဘာ လကုန်ပိုင်း၊ သို့မဟုတ် နိုဝင်ဘာ ပထမပတ် အတွင်းမှာ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပပေးပါ့မယ်၊ ရွှေ့စရာ၊ ပြောင်းလဲစရာ မရှိပါဘူးလို့ စကားဆိုပြန်လေပြီ မဟုတ်လား ခင်ဗျာ။

ယခင်တစ်ခါ လွှတ်တော်ရှေ့မှောက်မှာ ပြောကြားခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးမယ် ဆိုတဲ့ စကားကို အလွယ်တကူ ပယ်ဖျက်ခဲ့ပေမယ့် ယခုတစ်ခါ ပြောကြားတဲ့ စကားကိုတော့ တည်မြဲအောင် လိုက်နာ စောင့်ထိန်း ဆောင်ရွက်ဖို့ လိုပေလိမ့်မယ်ခင်ဗျ။

သို့မဟုတ်ဘဲ ၂၀၁၅ နှစ်ကုန်ပိုင်း နီးခါမှ ကြားဖြတ် ရွေးကောက်ပွဲ ကိစ္စရပ်လို လေသံတစ်မျိုး ပြောင်းထွက် လာရင်တော့ မြန်မာ့နိုင်ငံရေးဟာ ရှင်းမရနိုင်အောင် ရှုပ်ထွေးဆိုးဝါးမှုတွေ ကြုံရနိုင်ပြီး ဥက္ကဋ္ဌကြီး အနေနဲ့လည်း သမိုင်းတရားခံ ဖြစ်ရပါလိမ့်မယ်ခင်ဗျာ။

(ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌကြီး ခင်ဗျာ။ စကားဆိုတာ ပြောပြီးရင် တည်မှကောင်းပါတယ် ခင်ဗျ။ အခုတစ်မျိုး တော်ကြာတစ်မျိုး မကြာခဏ လုပ်နေရင်တော့ သမိုင်းကြောင်းကောင်းမှာ မဟုတ်ဘူး ခင်ဗျ။ ဒါကြောင့် ယခုတစ်ခါ ပြောစကားကိုတော့ စကား တည်အောင် ကြိုးစားစေချင်ပါရဲ့ ခင်ဗျာ၊ ဟဲ ..ဟဲ ..ဟဲ)



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ