အောက်တိုဘာလ ၁၆ ရက်နေ့က ကြည့်မြင်တိုင်မြို့နယ် ရဲတပ်ဖွဲ့မှုးရုံးက ခွင့်ပြုပေးသော ခွင့်ပြုချက်ဖြင့် ဦးတင်စိန်ဆိုသူက ဦးဆောင်ကာ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ဆန္ဒဖေါ်ထုတ်သူတို့သည် ဆိပ်ကြီး၊ဦးမြ၊ငါးစင်ရပ်ကွက်၊ ဖွံ့ဖြိုးရေးလမ်းအတိုင်း- ၀ါးရုံဆိပ်ရပ်ကွက်အ၀င်လမ်းအထိ စီတန်းလှည့်လည် ဆန္ဒဖေါ်ထုတ်ခဲ့ကြခြင်းဖြစ်သည်။
ဆန္ဒဖေါ်ထုတ်သူတို့က "သမ္မတကြီးဦးသိန်းစိန် ကျန်းမာပါစေ" ၊ "တောင်သူလယ်သမားဘ၀စာနာပါ" ၊ "လက်လုပ်လက်စားဘ၀ သနားပါ""ဒေသဖွံ့ဖြိုးတိုးတက်ဖို့မြို့ပြစီမံကိန်းဖော်ထုတ်စို့" ၊ "ရန်ကုန်မြို့သစ်စီမံကိန်းအားလှိုက်လှဲစွာကြိုဆိုထောက်ခံပါသည်" ဟူသောစာတန်းများကို ကိုင်ဆောင်ကာ ချီတက်ခဲ့ကြခြင်းဖြစ်သည်။
ပြီးခဲ့သည့် သြဂုတ် ၂၂ ရက်တွင် ကျင်းပခဲ့သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်း အဝေးသို့ တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေက ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့၏ အနောက်ဘက် ပန်းလှိုင်မြစ်နှင့် တွံတေး တူးမြောင်း အကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ-တွံတေး ကားလမ်း အကြားရှိ ကြည့်မြင်တိုင်၊ ဆိပ်ကြီး ခနောင်တိုနှင့် တွံတေးမြို့ နယ် အတွင်းအကြားရှိ မြေဧက ၃၀,၀၀၀ အသုံးပြုကာရင်းနှီး မြှုပ်နှံ မည့်ငွေ ကျပ် ဘီလီယံ ၇,၀၀၀ နှင့် ကန်ဒေါ်လာ ရှစ်ဘီလီယံ အကုန်အကျ ခံ၍ ရန်ကုန်မြို့သစ် စီမံကိန်း တစ်ခု ဖော်ဆောင်ရန် မြန်မာ့ စေတနာ မြို့သစ် အများပိုင် ကုမ္ပဏီ လီမိတက်ကို တာဝန်ပေး ထားသည်ဟပေးပို့ ခဲ့သောသ၀ဏ်လွှာကို ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ဖတ်ကြား ခဲ့ပြီး စီမံကိန်း စတင်ချိန်မှ သုံးနှစ် အတွင်း ၇၀ ရာ ခိုင်နှုန်း ပြီးစီးရန် ဆောင်ရွက် မည်ဟု ပါဝင်သည်။
ယင်းစီမံကိန်းတွင် နိုင်ငံတော်အတွက် အဆင့်မြင့် တန်ဖိုးနည်း အိမ်ရာ အခန်းပေါင်း ၂၀,၀၀၀၊ မိဘမဲ့ ကလေးဦးရေ ၂,၀၀၀ ထားနိုင်မည့် အဆင့်မြင့် ကျောင်းတစ်ကျောင်း၊ ဦးရေ ၂,၀၀၀ ဆံ့ ခေတ်မီ ဘိုးဘွားရိပ်သာ တစ်ဆောင်၊ တံတားကြေး ကောက်ခံခြင်း မပြုဘဲ ခြောက်လမ်းသွား မြစ်ကူး တံတား ငါးစင်း တို့ကိုကုမ္ပဏီက တည်ဆောက်ပေး သွားမည်ဖြစ်ကြောင်းသ၀ဏ်လွှာတွင်ထည့်သွင်းကြေငြာခဲ့သည်။
ရန်ကုန်မြို့သစ် စီမံကိန်းအား အကောင် အထည် ဖော်ဆောင်ရေး အတွက် ကြိုတင် ဆောင်ရွက်မှုများ ပြုလုပ် ရာတွင် မလိုလား အပ်သည့် ရှုပ်ထွေးမှု များ ပေါ်ပေါက်နိုင် သဖြင့် စီမံကိန်း သတင်း လုံခြုံမှုကို ကန့်သတ် ဆောင်ရွက် ခဲ့ရခြင်း ဖြစ်ပါ သည်ဟုပါရှိခဲ့သော်လည်း မည်သည့် အတွက်ကြောင့် ဆိုသည်ကိုမူ ရှင်းလင်း ထားခြင်း မရှိပေ။
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ လျှို့ဝှက်ဆောင်ရွက်ခြင်းဖြင့်ဆောင်ရွက်ခြင်းမှာ လက်ရှိသွားနေသောဒီမိုကရေစီ စံနှုန်းများနှင့် မကိုက်ညီကြောင်း၊ထို့အပြင် အစိုးရအဖွဲ့၏ သဘောထားတစ်ခုတည်းနှင့်လည်းမလုပ်သင့်ကြောင်းပြောဆိုခဲ့ကြပြီးနောက် ဆူညံသောဝေဖန်သံများ ထွက်ပေါ်ခဲ့သည်။
ဝေဖန်မှုများ ပွက်လောရိုက်လာသည့်အဆိုပါစီမံကိန်းကို နိုင်ငံတော်ပိုင် သတင်းစာများတွင် တင်ဒါခေါ်ပြီးမှ ဆောင်ရွက်မည်ဟုသြဂုတ်လ ၂၈ ရက်နေ့က ထပ်မံကြေငြာခဲ့ပြန်သည်။ယင်းနောက် လုံးဝ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်တွင် မြို့တော်ဝန်ဦးလှမြင့်က ပြီးခဲ့သည့်လက ကြေငြာခဲ့သည်။
စီမံကိန်းအတွင်းပါဝင်နိုင်မည့် တွံတွေးမြို့နယ် ကားလမ်းမကြီးဘေးက မြေများကို တစ်ဧကလျှင် သိန်းတစ်ထောင်ကျော်၊ကျေးရွာအတွင်းတွင် ပေ ၂၀ ပေ ၆၀ မြေတစ်ကွက်လျှင် သိန်း ၂၀၀ ကျော်စသည်ဖြင့်ဈေးနှုန်း မြင့်တက်ခဲ့သေးသည့်အတွက် ဒေသခံလယ်သမားများအနေဖြင့် အလုပ်လက်မဲ့ ဖြစ်လာနိုင်သောကြောင့် ကျေးရွာပေါင်း ၅၀ ကျော်ကပြည်သူများအနေဖြင့်စီမံကိန်းကိုကန့်ကွက်ကြောင်း လက်မှတ်ကောက်ခံကာတင်ပြနိုင်ရေး စီစဉ်ခဲ့သူများလည်းရှိသေးသည်။
l




































No comments:
Post a Comment