Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 18, 2014

ထိုင်းတောင်ပိုင်း က ကျွန် အရောင်းအဝယ်

ဘင်္ဂ္လားဒေရှ့် လူမျိုးတွေ ကို ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ကျွန်အဖြစ် ရောင်းစား ကုန်ကူး နေကြတဲ့ အထောက် အထားတွေ ကို ဘီဘီစီ တွေ့ရှိလိုက်ရပါတယ်။

ဘီဘီစီ အရှေ့တောင်အာရှ သတင်းထောက်ဟာ ဘင်္ဂ္လားဒေ့ရှ် လူမျိုး ၁၃၀ ကျော်ကို ထိုင်းတောင်ပိုင်း ဖန်းငခရိုင်အတွင်း ကမ်းရိုးတန်းတောအုပ် တခုထဲမှာ လှောင်ပိတ် ချုပ်နှောင်ထားတဲ့ နေရာတခု ကို အရောက် သွားနိုင်ခဲ့ပါတယ်။

သူတို့ထဲက လွတ်မြောက်လာသူ အယောက် ၄၀ နဲ့ ၅၀ ကြားလောက်ရှိပြီး သူတို့တွေနဲ့ ဘီဘီစီ သတင်းထောက် က တွေ့ဆုံ မေးမြန်းတဲ့ အခါမှာ ဘင်္ဂ္လာဒေရှ့် ရှိ သူတို့ နေအိမ်တွေ ဆီ ကို အလုပ်သမား လိုက်ရှာနေတယ် ဆိုတဲ့ လူတွေ ရောက်လာပုံ၊ နောက်ပြီး၊ အလုပ်ကောင်းကောင်း ရှာပေးမယ် လို့ ဖြားယောင်းခေါ်လို့ လှေနဲ့ပါလာပုံ၊ နောက်ပိုင်းမှာတော့ ကြိုးတွေ နဲ့တုတ်နှောင်ကာ အခုလို ကျွန်းတွေ ပေါ်အပို့ခံခဲ့ရကြောင်း ပြောပြ ကြပါတယ်။

ကျွန်းပေါ်မှာလည်း အစာရေစာ မကျွေးပဲထားတာ ရိုက်နှက်ညှင်းဆဲတာ တွေ ခံခဲ့ရပြီး တောထဲက သစ်ရွက်တွေ စားကာ အသက်ရှင်သန်ခဲ့ကြရတယ် လို့ ပြန်လွတ်မြောက်လာတဲ့ သူတွေ ကပြောပါတယ်။

သူတို့ကို အများအားဖြင့် ငါးဖမ်းလှေ တွေ နဲ့ စိုက်ပျိုးခင်းတွေ မှာ ခိုင်းစေတဲ့သူတွေ ဆီ ရောင်းချ ဖို့ ခေါ်လာတာ လို့ ခန့်မှန်းကြပါတယ်။

သူတို့တွေ ကို လူကုန်ကူးဂိုဏ်း က သူတွေ ကတောထဲမှာ နေရာရွှေ့ပြောင်းစဉ် ထိုင်းရွာသား တယောက် ကတွေ့လို့ သက်ဆိုင်ရာ ကို အကြောင်းကြားရာကနေ အခုလို ကယ်တင်နိုင်ခဲ့တာပါ။

အခု လူတချို့လွတ်မြောက်လာပေမယ့် ကျန်တဲ့သူတွေ က ဘယ်စခန်း ဘယ်နေရာဆီ ရောက်နေပြီလဲဆိုတာ ကို ထိုင်းရဲတွေ က စုံစမ်းနေကြဆဲပဲရှိပါတယ်။

ထိုင်းနိုင်ငံမှာ လူကုန်ကူးတဲ့လုပ်ငန်း က အစီအစဉ်တကျ လုပ်ဆောင်နေကြပြီး အစိုးရ က ထိရောက်တဲ့နှိမ်နှင်းမှုတွေ သေသေချာချာ မလုပ်ဖူးလို့ဝေဘန်မှုတွေ လည်း အများအပြားရှိနေပါတယ်။


လွတ်မြောက်လာပေမယ့် စိတ်ဒဏ်ရာတွေ ရှိနေဆဲ


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ