Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 18, 2014

ဗြိတိသျှရဲများကို လိပ်ကျွန်းလူသတ်မှု စုံစမ်းစစ်ဆေးခွင့် ထိုင်းခွင့်ပြုပြီ

ထိုင်းနိုင်ငံ လိပ်ကျွန်းက  ဗြိတိသျှလူမျိုး ၂ ဦး အသတ်ခံရတဲ့အမှုကို ဗြိတိသျှရဲတွေ သွားရောက် စုံစမ်းစစ်ဆေးဖို့ ထိုင်းအစိုးရက ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။

ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွန်းက ထိုင်းဝန်ကြီးချုပ်နဲ့တွေ့ဆုံစဉ် ဗြိတိန်က  ရဲအရာရှိတွေ အခင်းဖြစ်ရာကို သွားရောက်စစ်ဆေးဖို့ ပြောကြားတဲ့အခါမှာ ထိုင်းဝန်ကြီးချုပ်က ဗြိတိန်ရဲ့ အကူအညီကို ယူဖို့ လက်ခံလိုက်တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ထိုင်းရဲက မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဦးကို လူသတ်မှုနဲ့ ပတ်သက်ပြီး စွပ်စွဲဖမ်းဆီးထားပါတယ်။

လူသတ်တယ်လို့ စွပ်စွဲခံရသူ ၂ ဦးကို ထိုင်းရဲက ရိုက်နှက်နှိပ်စက်ပြီး ထွက်ဆိုခိုင်းတယ်လို့ ဝေဖန်ပြောဆိုတာတွေရှိပေမယ့် ထိုင်းရဲကတော့ ဒီစွပ်စွဲချက်ကို ငြင်းပါတယ်။

ထိုင်းဘက်က စုံစမ်းစစ်ဆေးမှုတွေက ခိုင်မာတိကျမှု မရှိဘူးလို့ အများက ယူဆကြပြီး ဗြိတိသျှအစိုးရကို သီးခြား စုံစမ်းစစ်ဆေးပေးဖို့ အွန်လိုင်းကနေ လူပေါင်း ၁ သိန်းနီးပါးက လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြပါတယ်

စက်တင်ဘာ ၁၅ ရက်နေ့က အသက်နှစ်ဆယ်ကျော် ဗြိတိသျှလူမျိုး လူငယ်အမျိုးသမီးတဦးနဲ့ အမျိုးသားတဦး ထိုင်းနိုင်ငံ၊ ခိုတောင်ကျွန်း (လိပ်ကျွန်း) ကမ်းစပ်မှာ သတ်ဖြတ်ခံခဲ့ရမှုနဲ့ပတ်သက်ပြီး မြန်မာလူငယ် ၂ ဦး စွပ်စွဲဖမ်းဆီးခံနေရတာပါ။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ