အီဘိုလာ ရောဂါကြောင့် သေဆုံးခဲ့တယ်လို့ အမှန်တကယ် အဖြေထွက်လာမယ်ဆိုရင် အီဘိုလာပိုးကြောင့် ပထမဦးဆုံး သေဆုံးရတဲ့ ဗြိတိန်နိုင်ငံသား ဖြစ်မှာပါ။
အာဏာပိုင်တွေရဲ့ အဆိုအရ အဆိုပါ ဗြိတိန်နိုင်ငံသားဟာ လွန်ခဲ့တဲ့ တစ်ပါတ်ကပဲ ဗြိတိန်ကနေ မက်စီဒိုးနီးယားရဲ့ မြို့တော် Skopje မြို့ကို ရောက်ရှိလာတာပါ။
ဒေသစံတော်ချိန် ကြာသပတေးနေ့မှာ အီဘိုလာ ရောဂါလက္ခာဏာနဲ့ ဆေးရုံကို ရောက်ရှိလာပြီး နာရီပိုင်းအတွင်း ကွယ်လွန်ခဲ့ပါတယ်။
ဒါပေမဲ့ အီဘိုလာ ရောဂါကြောင့် သေဆုံးကြောင်း အခုအချိန်အထိ အတည်မပြုနိုင်သေးသလို ဘယ်လို ကူးစက်သလဲ ဆိုတာကိုလည်း မသိရသေးပါဘူး။
တချိန်တည်းမှာပဲ ဗြိတိန်နိုင်ငံက Heathrow နဲ့ Gatwick လေဆိပ်မှာ အာဏာပိုင်တွေက စစ်ဆေးမှုတွေ လုပ်နေသလို ဥရောပတလွှားနဲ့ ဆက်နွယ်ထားတဲ့ Eurostar ရထားဘူတာတွေမှာလည်း အီဘိုလာ ရောဂါ ဖြစ်နေတဲ့ လိုင်ဘေးရီးယား၊ ဆီယာရာလီယွန်နဲ့ ဂီနီနိုင်ငံက ခရီးသည်တွေကို အဓိက စောင့်ကြည့်နေကြောင်း Mary Gearin က သတင်းပေးပို့ထားပါတယ်။
သြစတြေးလျမှာလည်း စိုးရိမ်မှု ဖြစ်ခဲ့
သြစတြေးလျနိုင်ငံ မြောက်ပိုင်း ကွင်းစလန်းပြည်နယ်က သူနာပြု တစ်ဦးကလည်း အာဖရိကကနေ ပြန်လာပြီး နာမကျန်း ဖြစ်ခဲ့ရာက စစ်ဆေးမှု လုပ်ခဲ့ပေမယ့် မိနစ်ပိုင်းအတွင်းတုန်းကပဲ အီဘိုလာ ရောဂါ မဟုတ်ကြောင်း အဖြေထွက်ရှိခဲ့ပါတယ်။
အသက် ၅၇ နှစ်အရွယ် သူမပြုဟာ ကြက်ခြေနီအသင်းနဲ့ အနောက်အာဖရိကမှာ အလုပ်လုပ်ရာက သြစတြေးလျနိုင်ငံကို ပြန်ရောက်လာတာဖြစ်ပြီး နာမကျန်းဖြစ်တဲ့အခါ စိုးရိမ်ပြီး Cairns မြို့ ဆေးရုံကို ပြသခဲ့တာ ဖြစ်ပါတယ်။
သတိထားတဲ့အနေနဲ့ သူ့ကို သီးသန့်အခန်းကို ပို့ဆောင်ပြီး စောင့်ကြည့် စစ်ဆေးမှုတွေ လုပ်ခဲ့ပေမယ့် လွန်ခဲ့တဲ့ မိနစ်ပိုင်းတုန်းကပဲ အီဘိုလာ ရောဂါ မဟုတ်တဲ့အကြောင်း ကြားဖြတ်သတင်းအနေနဲ့ ထွက်ပေါ်လာပါတယ်။
အီဘိုလာ တိုက်ဖျက်ရေးမှာ ကူညီကြဖို့ အာဖရိက သုံးနိုင်ငံခေါင်းဆောင် ပန်ကြား
ကမ္ဘာ့ဘဏ်နဲ့ တွေ့ဆုံ ဆွေးနွေးမှု လုပ်ခဲ့တဲ့ အနောက်အာဖရိနိုင်ငံ သုံးခုက ခေါင်းဆောင်တွေက သူတို့နိုင်ငံရဲ့ အီဘိုလာ ရောဂါတိုက်ဖျက်ရေးမှာ ကူညီကြဖို့ တောင်းဆိုလိုက်ပါတယ်။
ဆီယာရာလီယွန်နိုင်ငံ၊ လိုင်ဘေးရီးယားနဲ့ ဂီနီနိုင်ငံက ခေါင်းဆောင်တွေက ကမ္ဘာ့ဘဏ်နဲ့ ဗီဒီယိုကနေ တဆင့် တွေ့ဆုံဆွေးနွေးရာမှာ တောင်းဆိုလိုက်တာပါ။
လိုင်ဘေးရီးယားနိုင်ငံအနေနဲ့ အခုအချိန်အထိ အီဘိုလာ လူနာတွေကို အသည်းအသန် ကုသမှု ပေးနေရသလို အီဘိုလာ ရောဂါကြောင့် သေဆုံးသွားသူတွေရဲ့ ကလေးတွေကိုလည်း ကြည့်ရှုနေရတဲ့အတွက် အဲဒီ မိဘမဲ့ ကလေးတွေကိုလည်း အကူအညီ ပေးကြဖို့ လိုင်ဘေးရီးယား သမ္မတ ပြောဆိုထားပါတယ်။
အမေရိကန်နိုင်ငံကတော့ တခြားနိုင်ငံတွေကနေ အကူအညီပေးမှုတွေ တိုးမြှင့်ကြမယ်ဆိုရင် ဒီရောဂါဆိုးကို အချိန်မှီ ထိန်းသိမ်းနိုင်သေးတယ်လို့ ပြောဆိုခဲ့ကြောင်း Lisa Millar က ဝါရှင်တန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။
![]() |
| ပိတ်ချခံထားရတဲ့ ဟိုတယ် အတွင်းက တည်းခိုသူများ |




































No comments:
Post a Comment