Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 27, 2014

မြန်မာပြည်သူများ၏ အားပေးမှုကို မျှော်လင့်နေဟု အလှမယ်ပြော

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပမယ့် Miss International Beauty Pageant 2014 ပြိုင်ပွဲအတွက် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် မေဘရဏီသော် အောက်တိုဘာ ၂၆ ရက်နေ့ က ဗီယက်နမ်လေကြောင်းလိုင်းနဲ့ ဂျပန်နိုင်ငံ နာရီတာလေဆိပ်ကတဆင့် ရောက်ရှိပါတယ်။

သက်တမ်း ၅၄ နှစ် ရှိနေတဲ့ ဒီပြိုင်ပွဲမှာ နိုင်ငံပေါင်း ၆၅ နိုင်ငံက အလှမယ်တွေ ပါဝင်မှာ ဖြစ်ပြီး အောက်တိုဘာ ၂၆ ရက်နေ့ကနေ နိုဝင်ဘာ ၁၁ ရက်နေ့ထိ ကျင်းပမှာ ဖြစ်ပါတယ်။

Miss Myanmar International 2014 အဖြစ် အလှမယ် ခင်ဝေဖြိုးဟန် ရွေးချယ် ခံခဲ့ရပေမယ့်  အသက် ၁၈ နှစ် ပြည့်ဖို့ လိုအပ်နေတာကြောင့် Miss International Organization က 1st Runner Up  အလှမယ် မေဘရဏီသော်ကို  ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

“ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုတွေကို အခြေခံပြီးလည်း အကောင်းဆုံး ဖြစ်အောင် ယှဉ်ပြိုင်သွားမှာ ဖြစ်သလို မြန်မာပြည်သူတွေရဲ့ အားပေးမှုကိုလည်း မျှော်လင့်နေပါတယ်” လို့ အလှမယ် မေဘရဏီသော်က တိုကျိုမြို့မှာ ဒီဗွီဘီကို ပြောကြားခဲ့ပါတယ်။

Miss International Beauty Pageant ကို အိုကီနာဝါကျွန်းမှာ ၂၀၁၂ ခုနှစ်က      ကျင်းပခဲ့တဲ့ပွဲက စလို့ အလှမယ် နန်းခင်ဇေယျာ က မြန်မာနိုင်ငံ ကိုယ်စားပြု ပထမဆုံး စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ အလှမယ် ဂုဏ်ရည်အေးကျော်က ၀င်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။

Miss International Beauty Pageant 2014 ပြိုင်ပွဲ ပွဲနောက်ဆုံးနေ့ နိုဝင်ဘာ ၁၁ ရက်နေ့ ဆုပေးပွဲကို ရှင်နာဂါဝါ မင်းသား ဟိုတယ်ခန်းမ (Shinagawa Prince Hotel Hall) မှာ ကျင်းပမှာ ဖြစ်ပါတယ်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ