Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 18, 2014

ဖမ်းဆီးခံ မြန်မာလူငယ်နှစ်ဦးနဲ့ တွေ့ဆုံဖို့ မိဘတွေ အင်္ဂါနေ့ ထွက်ခွာမည်

ထိုင်းနိုင်ငံ ခိုတောင်းကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံနေရတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့နှစ်ဦးကို တွေ့ဆုံဖို့အတွက် မိဘဖြစ်သူတွေ ထိုင်းနိုင်ငံကို လာမယ့်အင်္ဂါနေ့မှာ ထွက်ခွာမယ်လို့ သိရပါတယ်။

သူတို့အတွက် နိုင်ငံကူးလက်မှတ် လက်ဝယ်ရရှိထားပြီဖြစ်သလို၊ ထိုင်းပြည်ဝင်ခွင့်ဗီဇာရဖို့ ဒီကနေ့ စတင်ဆောင်ရွက်နေပြီး အင်္ဂါနေ့ညနေ ထွက်ခွာဖို့အတွက် လေယာဉ်လက်မှတ် ဝယ်ယူထားပြီးဖြစ်ကြောင်း အမှုကိုကူညီဆောင်ရွက်ပေးနေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် ဦးကျော်သောင်းက ပြောပါတယ်။

"အဲဒီ့ မိသားစုလေးယောက်က နိုင်ငံကူးလက်မှတ်တော့ရပြီ၊ ထိုင်းပြည်ဝင်ခွင့်ဗီဇာ တနင်္လာနေ့တင်မှာ၊ ကျနော်နေ့လယ်က သူတို့လေးယောက်ရဲ့ နိုင်ငံကူးလတ်မှတ်မိတ္တူကို မြန်မာသံရုံးကို ပို့လိုက်ပြီ၊ မြန်မာသံရုံးကနေပြီးတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို ပို့လိုက်ပြီ၊ နိုင်ငံခြားရေးဝန်ကြီးဌာနကို ပို့ပြီးတော့ သံရုံးကို ဒီလူတွေကို အရေးကြီးတဲ့ကိစ္စမို့လို့ ဗီဇာထုတ်ပေးပါဆိုပြီးတော့ အစိုးရပိုင်းကလုပ်နေပြီ၊ ဗီဇာလျှောက်ထားတာရယ်၊ လေယာဉ်လက်မှတ်ရယ် အဲ့ဒါတွေ လုပ်ငန်းစဉ်တွေကအရ ကျနော် အင်္ဂါနေ့ညနေဖက် လေယာဉ် ဝယ်ခိုင်းထားတယ်၊ အင်္ဂါနေ့ညနေ ထိုင်းကိုထွက်လာပြီပေါ့"

ဒီမိသားစုဝင်တွေ ထိုင်းနိုင်ငံကို သွားရောက်ဖို့အတွက် ရခိုင်လူမှုအဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ ကျောက်ဖြူမြို့ကနေ ရန်ကုန်မြို့ကို အောက်တိုဘာ ၁၂ ရက်နေ့မှာ ရောက်ရှိလာခဲ့ပါတယ်။

ထိုင်းနိုင်ငံခရီးစဉ်အတွင်း သူတို့ရဲ့လုံခြုံရေး နေထိုင်ရေးတွေကို ဘန်ကောက်မြို့ မြန်မာသံရုံးက ကူညီပေးသွားမယ်လို့ သိရပါတယ်။

ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့ရဲ့အမှုကို ကူညီဆောင်ရွက်ပေးနေတဲ့ သံရုံးအရာရှိ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့်ရဲ့ ပြောကြားချက်အရ လာမယ့် နိုဝင်ဘာလအတွင်းမှာ ဒီလိပ်ကျွန်းလူသတ်မှုကို စတင်စစ်ဆေးမယ်လို့ သိရပါတယ်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ