Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 18, 2014

နမ့်ခမ်းမြို့အနီး စခန်းသစ်ကုန်းကို TNLA မှ သွားရောက်ပစ်ခတ်

၁၇ ရက် အောက်တိုဘာ ၂၀၁၄

နမ့်ခမ်းမြို့ပြင်ဖက်ရှိ တပ်မ(၈၈) တပ်မမှူး စခန်းချရာ စခန်းသစ်ကုန်းအား တအန်းတပ်မတော် တပ်ရင်း ၁၁၂ တပ်ဖွဲ့အချို့က ယနေ့ည ၁၉း၄၀ နာရီခန့်တွင် သွားရောက်ပစ်ခတ်ခဲ့ပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်ကာ ၂၀း၀၀ နာရီခန့်တွင် တိုက်ပွဲ ပြီးဆုံးခဲ့ပါသည်။

တအန်းတပ်ဖွဲ့မှ တပ်ရင်း ၄၇၈ နှင့် တပ်မ ၈၈ လက်အောက်ခံတပ်တို့ ထိုစခန်းသစ်ကုန်အပေါ်ဖက် နမ့်ခမ်း-နမ့်ဖက်ကာကားလမ်း ၁၃ မိုင်တွင် တိုက်ပွဲဖြစ်ပွားသည်နှင့် ထပ်မံစစ်ကူမပေးနိုင်ရန် တပ်ရင်း ၁၁၂ မှ တပ်ခွဲ ၁ တပ်ဖွဲ့များ သွားရောက်ပစ်ခတ်ခဲ့ကြခြင်းဖြစ်
သည်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ၁၅ မိနစ်ခန့် ပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် တိုက်ပွဲပြန်လည်ငြိမ်သက်သွားခဲ့သည်။

စခန်းသစ်ကုန်းတွင် တပ်မမှူး ရှိမရှိကို မသိရှိရသေးပါ။ မြန်မာတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုကိုလည်း အတိအကျမသိရှိရသေးပါ။

တအာင်းတပ်ဖွဲ့များ ထိခိုက်ကျဆုံးမှုမရှိပါ။

နမ့်ခမ်းတွင် TNLA နှင့် မြန်မာ့တပ်မတော် တိုက်ပွဲဖြစ်ပွား

၁၇-၁၀-၂၀၁၄

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ရင်း -၄၇၈ နှင့် မြန်မာတပ်မတာ် တပ်မ (၈၈) လက်အောက်ခံတပ်တို့သည် ယနေ့ ၁၇ ရက်အောက်တိုဘာလတွင် နမ့်ခမ်းမြို့နယ်ရှိ နမ့်ခမ်း-နမ့်ဖတ်ကာ ကားလမ်း. ၁၃ မိုင် တွင် ညနေ ၁၉း၁၅ နာရီအချိန်မှစတင်ပြီး တိုက်ပွဲဖြစ်ပွားလျှက်ရှိသည်။

တိုက်ပွဲ ပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်နေဆဲဖြစ်ပြီး ထိုနေရာသို့ တပ်မ ၈၈ တပ်များ ပိုမိုတိုးချဲ့လှုပ်ရှားလာခြင်းကြောင့် နှစ်ဖက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားနေကြရပါသည်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ