Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, October 5, 2014

ကသာတွင် အမျိုးသမီးတစ်ဦးကို ဓားဖြင့်မွှန်းပြီး ကြိုးတုပ်ကာ အဓမ္မပြုကျင့်သူ အမျိုးသားကို ပုဒ်မသုံးခုဖြင့် အမှုဖွင့်ထား

စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာ မြို့နယ်တွင် အသက် ၃၃ နှစ်အရွယ် ရှိ အမျိုးသမီး တစ်ဦးကို ဓားဖြင့်မွှန်း ကာ ကြိုးတုပ်ပြီး အဓမ္မပြုကျင့်သူ အမျိုးသားကို သက်ဆိုင်ရာမြို့နယ် ရဲစခန်းက ပုဒ်မသုံးခုဖြင့် အမှုဖွင့်အ ရေးယူ ထားကြောင်း အောက်တိုဘာ လ ၁ ရက်က ကသာမြို့မရဲစခန်းမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်၊ ညနေ ၃ နာရီခန့်က စစ်ကိုင်း တိုင်းဒေသကြီး၊ ကသာမြို့နယ်၊ မလွဲ ရွာတွင်နေထိုင်သူ အသက် ၃၃ နှစ် အရွယ် ရှိ အမျိုးသမီးတစ်ဦးသည် ကသာမြို့ပေါ်ရှိ ဘဏ်သို့လာရောက် ကာ ကျောက်ဆည်မြို့နယ်တွင်နေ ထိုင်သော မောင်ဖြစ်သူထံ ငွေ လွှဲပြီး နောက် နေအိမ်အပြန် ကသာမြို့နယ်၊ ဟဲနားရွာအနီး တောလမ်းခရီးတွင် အသက် ၃၄ နှစ်အရွယ်ရှိ အမျိုးသား တစ်ဦးက နောက်မှလိုက်လာကာ ထိုးကြိတ် ရိုက်နှက်ပြီး နွယ်ကြိုးများ ဖြင့် သစ်ပင်တွင်ချည်နှောင်ကာ အဓမ္မပြုကျင့်ခဲ့သည် ဆို၏။

ထိုသို့ အဓမ္မပြုကျင့်ခံရသော အ မျိုးသမီးမှာ တစ်ညလုံး တစ်ဦးတည်း ကျန်ခဲ့ပြီး သတိပြန်လည်လာချိန် အော်ဟစ်အကူအညီတောင်းခဲ့သော ကြောင့် စက်တင်ဘာလ ၂၉ ရက်၊ နံနက် ၅ နာရီခန့်တွင် ဟဲနားကျေး ရွာမှ ထင်းခုတ် သမားများနှင့်တွေ့ရှိ ခဲ့ပြီး ၎င်းကိုကယ်ဆယ်ကာ ရဲတပ်ဖွဲ့ ကို သတင်းပေး ခဲ့ကြောင်း၊ ယင်း နောက် အဓမ္မပြုကျင့်ခဲ့သူ၏ ပုံပန်း သဏ္ဍာန်ကို ၎င်းအမျိုးသမီး ကိုမေး မြန်းရာ စက်တင်ဘာလ ၂၉ ရက်၊ ညနေ ၃ နာရီတွင် ပြစ်မှုကျူးလွန်သူ အမျိုးသားကို ဟဲနားကျေးရွာတွင် သက်သေခံဓားနှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

အဆိုပါ အမှုအခင်းနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူအမျိုးသားကို ပြစ်မှုဆိုင်ရာ မှုခင်းအမှတ်(ပ)၂၀၀/၂၀၁၄၊ ပုဒ်မ ၃၄၂/၃၂၆၊ ၃၇၆ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ