Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 13, 2014

မင်းတုန်းမင်းတရားကြီးရုပ်တုအကြောင်းကို လေ့လာသမျှ မန္တလေးမြို့အကြောင်းကိုလေ့လာခြင်းနှင့် တူညီနေကြောင်းဧည့်လမ်းညွှန်တို့ရှင်းပြ

မန္တလေး အောက်တိုဘာ ၁၂

မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုမြို့တော် မန္တလေးမြို့သည် နိုင်ငံတကာခရီသွား ဧည့်သည်များကို အထူးဆွဲဆောင်နိုင် သော မြို့ပင်ဖြစ်သည်။ နန်းတော်၊ မြို့ရိုး၊ ကျုံးတို့ကို အထူးနှစ်သက် သဘောကျလေ့ရှိသည့် နိုင်ငံတကာ ခရီးသွားဧည့်သည်များသည် မြနန်း စံကျော် ရွှေနန်းတော်အတွင်း မင်းတုန်းမင်းတရားကြီး ရုပ်တုအား ရွှေရောင်တောက်ပနေသော ပလ္လင် ထက်တွင် ထားရှိခြင်းကို အထူး နှစ်သက်ကာ သဘောကျလေ့ရှိသည်။သဘောကျခြင်းနှင့်အတူ မင်းတုန်း မင်းတရားကြီးအကြောင်းကို မေးမြန်း လေ့ရှိကြသည်။ ဧည့်လမ်းညွှန်များ၏ ညွှန်းဆိုမှုတွင် မင်းတုန်းမင်းတရားကြီး အကြောင်းကိုလေ့လာသမျှ မန္တလေး မြို့အကြောင်းကို အကုန်လေ့လာခြင်း နှင့်ညီသည်ဟုပင်ဆိုတတ်ကြသည်။

မင်းတုန်းမင်းတရားကြီး မန္တလေးရတနာပုံရွှေမြို့တော်ကြီးနှင့်တကွ ခုနစ် ဌာနတည်ရန် ၁၂၁၁ခု တန်ခူး လပြည့်ကျော် ၁ဝ ရက် မှန်နန်းစနု ဆောင်တွင် အမိန့်တော်တစ်ရပ်ချမှတ် ခြင်းမှအစပြုကာ စတင်တည် ဆောက်ခဲ့သည်ဟု သိရသည်။မန္တလေး မြို့တည်၊ နန်းတည်ခြင်းအကြောင်းသည် မန္တလေးမြို့ရှိ စေတီပုထိုးများ အကြောင်းပင်ဖြစ်နေသည်။ မြို့တည် ခြင်းနှင့်အတူ ကျုံးတော်၊ မဟာ လောကမာရဇိန်စေတီတော်၊ သိမ်တော်၊ မဟာအတုလဝေယံကျောင်း တော်၊ ပိဋကတ်တိုက်တော်-သုဓမ္မာ ဇရပ်တော်တို့ပါ တည်စေသည်ဟုသိရသည်။

မင်းတုန်းမင်းတရားကြီးကို အ ကြောင်းပြုကာ မေးလာသမျှဘုရင့် အမိန့်တော်အကြောင်းမှစကာ နတ် ထိန်းများ၊ပြအိုးပြာသာဒ်တံခါး၁၂ရပ်၊ ဗဟိုရ်စည်၊ မှန်နန်းတော်၊ ကျုံးချောင်း မြောင်းကန်လေးပြင်လေးရပ်၊နန်းမြို့ တွင်း၂၃၉ဝင်း၊ ပြင်မြို့ရိုး မြို့တံခါး ၅၇ရပ်၊ ရှေးခေတ်မန္တလေးဈေးများ၊ ဥယျာဉ်များ၊ (၈)ဌာနအုတ်ဇရပ် ကြီးများ၊ စက်ရုံများ၊ ၁၄ဌာနခွဲဝေ အုပ်ချုပ်ပုံနည်းစနစ်များ၊ ကျောင်း တိုက်များ၊ ဝင်းများ၊ ရပ်ကွက်အခေါ် အဝေါ်များ၊ မှုးကြီးမတ်ရာများမှအစ သမိုင်းဝင်နေရာအားလုံး အကြုံးဝင် နေပေသည်။

မြနန်းစံကျော်ရွှေနန်းတော်ကြီး အတွင်းမှ ရွှေရောင်ပလ္လင်ထက်တွင်ခန့် ထည်စွာတည်ရှိနေသော မင်းတုန်းမင်း တရားကြီး ထိုင်နေဟန်ကိုကြည့်ကာ အသေးစိတ်လေ့လာသမျှ ရှေးခေတ် မြန်မာများ၏ စည်းစနစ်၊ လုပ်ကိုင်ပုံ နည်းစနစ်၊ နေထိုင်မှု၊ လူမှုရေး၊ စီးပွားရေး၊ ရတနာပုံခေတ်လက်နက်စက်ရုံ များနှင့် အခြားစက်ရုံများ၊ လက်နက် စမ်းသပ်တီထွင်မှုများ၊ သင်္ဘော ကျင်းများ၊ ကိုးကွယ်ယုံကြည်မှုများ မှအစ အကြောင်းအရာများစွာကို သိ ရှိရမည်ဖြစ်ကြောင်းဧည့်လမ်းညွှန် တစ်ဦးက အတိုချုံးရှင်းပြ၍ သိရသည်။



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ