Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 13, 2014

တောင်သမန်အင်း၊ ဦးပိန်တံတားကြီးအနီးတွင် ဗိသုကာလက်ရာထူးခြားသည့် ရှေးဟောင်းသမ္ဗုဒ္ဓေစေတီကို ဖူးမြော်လေ့လာနိုင်

အမရပူရ အောက်တိုဘာ ၁၂

အမရပူရမြို့နယ် နာမည်ကျော်တောင်သမန်အင်းစောင်း တောင်မင်းကြီး ဘုရားအနီးရှိ သမ္ဗုဒ္ဓေစေတီသည် ဗိသုကာလက်ရာ ပုံသဏ္ဌာန်ထူးခြားသဖြင့် ပြည်တွင်း၊ ပြည်ပမှ ရောက်ရှိလာသည့် ဘုရားဖူးဧည့်သည်များက အထူး စိတ်ဝင်စားကြကြောင်း သိရသည်။

ယင်းစေတီသည် နာမည်ကျော် တောင် သမန်အင်းအနီး မြန်မာနိုင်ငံတစ်ဝန်းမှ စာရေးဆရာ၊ ကဗျာဆရာများနှင့် စာပေလောကသားများ တွေ့ဆုံကာ စာပေဆိုင်ရာအခမ်းအနားများ မကြာခဏ ကျင်းပလေ့ရှိသည့် တောင်လေးလုံးကျောင်းတိုက်၏ ရှေ့ဝင်ပေါက်အနီးတွင် တည်ရှိကြောင်း၊ စေတီတော်မှာ ကွမ်းတောင်ပုံသဏ္ဌာန်ရှိပြီး ဂူလိုဏ်ပေါက် ကလေးများပြုလုပ်ကာ ဂင်္ဂါဝါဠု၊ သဲစုမကပွင့်တော်မူကြကုန်သည့် ဘုရားရှင်များ ၏ ရုပ်ပွားတော်၊ ရုပ်တုငယ်များကို ထည့်သွင်းဋ္ဌာပနာပြု၍ တည်ထားခြင်းဖြစ်ကြောင်း သိရသည်။

ဗိသုကာလက်ရာပုံသဏ္ဌာန်ထူးခြားပြီး အမြင်ဆန်းပြားသဖြင့် နာမည် ကျော်တောင်သမန်အင်းနှင့် ဦးပိန်တံတားကြီးသို့ လာရောက်လည်ပတ်ကြသူ များမှာ စိတ်ဝင်စားစွာ ဖူးမြော်မှတ်တမ်းတင်ခြင်းများ ပြုလုပ်ကြကြောင်း၊ အဆိုပါ သမ္ဗုဒ္ဓေစေတီကို ဘိုးတော်ဘုရားလက်ထက် စာတော်ပြင်အရာရှိ ကသည်းဈေးကောက် ဦးပညာက တည်ထားခဲ့ကြောင်း၊ စေတီတော်ပတ်လည်တွင် စိန်တောင်များဖြင့် ကာရံထားကြောင်း သိရသည်။

စေတီတော်မှာ လေးမျက်နှာလိုဏ်မုခ်ပါရှိပြီး လိုဏ်ဂူငယ်များစွာဖြင့် စေတီတော်တစ်ခုလုံးကို ထူးခြားဆန်းကြယ်စွာ မွမ်းမံတည်ဆောက်ထားသည်ကို ဖူးတွေ့ရသည်။

လိုဏ်ဂူပေါက်နှင့်တကွ ဆင်းတုတော် ၈၈၈ ဆူကို ထည့်သွင်း ပူဇော်ထားကြောင်း သိရသည်။

ဘုရားဒါယကာ ဦးပညာသည် ဘိုးတော် ဘုရားလက်ထက်တွင် အင်းဝမြို့၌ ကြိုးကျစ်သည့်လုပ်ငန်း လုပ်ကိုင်စားသောက် နေထိုင်သော်လည်း အမတ်ကြီး ဦးပေါ်ဦးကပင် ဆရာတစ်ဆူအဖြစ်ဆည်း ကပ်ရသည့် ပညာရှိတစ်ဦးဖြစ်ကြောင်း၊ ဘိုးတော်ဘုရား၏ သတ္တဋ္ဌာနဘုရား တည်နေဟန်အမေးကို ဦးပေါ်ဦးက ဦးပညာထံ ဆည်းကပ်မေးမြန်း ဖြေဆို ခဲ့ရသည်ဟု ဆိုပါသည်။

 ဦးပေါ်ဦး၏ လျှောက်ထားချက်အရ ဘိုးတော်ဦးဝိုင်း သည် သူ၏လက်ထက်တွင် ပညာရှင်များဆင်းရဲနွမ်းပါးမှုမရှိစေရဟူ၍ ဦးပညာအား အမရပူရမြို့တော်သို့ ခေါ်ဆောင်ကာ စာတော်ပြင်အရာရှိခန့်ထားခဲ့ သည်။

အမရပူရမြို့ ကသည်းဈေးမှ တစ်နေ့လျှင် ငွေကျပ်ခြောက်ပြားနှုန်း ကောက်ခံကာ တောင်သမန်အင်းအနီး တောင်မင်းကြီးဘုရားမြောက်ဘက်တွင် သတ္တဋ္ဌာနစံတော်မူနေဟန်ဂူပုထိုးလိုဏ်စေတီတော်များ တည်ထားခဲ့ကြောင်း၊ အဆိုပါ သမ္ဗုဒ္ဓေစေတီမှာလည်း သတ္တဋ္ဌာနဘုရား၊ အောင်ခြင်းရှစ်ပါးဘုရားများနှင့် အတူတည်ထားခဲ့သည့် စာတော်ပြင်အရာရှိ ဦးပညာ၏ကောင်းမှုဖြစ်ကြောင်း သိရသည်။

သမ္ဗုဒ္ဓေစေတီသည်တောင်မင်းကြီးဘုရား အနောက်ဘက် တောင် လေးလုံးကျောင်းတိုက်ရှေ့ လမ်းသွယ်ဘေးတွင်တည်ရှိနေသဖြင့် အလွယ်တကူ ဝင်ရောက်ဖူးမြော်လေ့လာနိုင်ကြောင်း သိရသည်။



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ