Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, October 26, 2014

သတင်းထောက်သေဆုံးမှု အဖွဲ့ ၃ဝ ကျော် သဘောထားထုတ်ဖေါ်မည်

အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် သေဆုံး ခဲ့ရတဲ့ အပေါ် နိုင်ငံသား အခွင့်အရေး ချိုးဖေါက်ခံရမူနဲ့ တရားမဲ့ သတ်ဖြတ်အနိုင်ကျင့်ခံရမူအဖြစ် အရပ်ဘက်အဖွဲ့အစည်း ၃ဝ ဝန်းကျင်က ဒီကနေ့ သဘောထားထုတ်ဖေါ်ကြမယ်လို့ သိရပါတယ်။

ကိုပါကြီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ အစိုးရစစ်တပ် နဲ့ ဒီကေဘီအေ တပ်ဖွဲ့တွေအကြား ပစ်ခတ်မှုတွေကို သတင်းလိုက်ယူနေစဉ်အတွင်း ပျောက်ဆုံးသွားခဲ့လို့ လိုက်လံစုံစမ်းရာမှာ စစ်တပ်က ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ဇနီးဖြစ်သူက ပြောဆိုခဲ့ပြီး၊ လူပျောက်မှုနဲ့ အမှုဖွင့်ခဲ့သလို၊ သတင်းစာရှင်းလင်းပွဲလည်းကျင်းပခဲ့ပါတယ်။

သတင်းမီဒီယာနဲ့ အင်တာနက် လူမှုကွန်ရက်တွေမှာလည်း ဒီသတင်းပျံ့နှံ့သွားခဲ့ပါတယ်။ အဲ့ဒီနောက် စစ်တက်က သတင်းထုတ်ပြန်ခဲ့ရာမှာ ကိုပါကြီးဟာ KKO အဖွဲ့လို့ ခေါ်တဲ့ ဗိုလ်မှူးစောဆန်းအောင်အဖွဲ့က ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးအဆင့်ရှိကြောင်း၊ စက်တင်ဘာလ ၃ဝ ရက်နေ့က သူ့ကိုဖမ်းမိခဲ့ပြီး ထိန်းသိမ်းထားစဉ်မှာ အောက်တိုဘာလ ၄ ရက်နေ့ညက သေနတ်လုပြီး ထွက်ပြေးဖို့ကြိုးစားခဲ့ရာမှာ ပစ်ခတ်ဖမ်းဆီးရင်း သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့လို့ မြှုပ်နှံ သဂြိုလ်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ သတင်းမီဒီယာတွေနဲ့ အဖွဲ့အစည်းတွေကတော့ ကိုပါကြီးသေဆုံးမှုနဲ့ ပတ်သက်ပြီး သံသယဖြစ်စရာတွေရှိကြောင်း၊ နိုင်ငံသားတစ်ဦးအပေါ် တရားဥပဒေမဲ့လုပ်ရပ်တစ်ခုဖြစ်ကြောင်း ဝေဖန်ပြောဆိုနေကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အောက်တိုဘာလ ၂၅ ရက် မနေ့က ရန်ကုန်မြို့ ၈၈မျိုးဆက်ပွင့်လင်း လူ့အဖွဲ့အစည်းရုံးခန်းမှာ နိုင်ငံရေးအင်အားစုတွေ၊ လူမူရေးအဖွဲ့အစည်းတွေစတဲ့ အဖွဲ့ ၁၉ ဖွဲ့က ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ မျိုးဆက်သစ်လူငယ်များအစည်းအရုံး Generation wave အဖွဲ့က ကိုမိုးသွေးက အခုလိုပြောပါတယ်။

"၈၈ မျိုးဆက် အခြေခံကျောင်းသားများသမဂ္ဂပေါ့နော်၊ နောက်ပြီးတော့ လူ့ဘောင်သစ်ပါတီတို့ စသည်ဖြင့် အင်အားစုတွေအားလုံး ကျနော်တို့ Generation wave အပါအဝင်ပေါ့၊ အင်အားစုတွေ အများကြီးတက်ကြတယ်လေ၊ တက်ပြီးတော့ အဓိကတော့ ကျနော်တို့ ကိုပါကြီး အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့တွေ ဘယ်လိုပြန်ပြီးတော့မှ ကျနော်တို့ရဲ့ သဘောထားတွေဘယ်လိုလဲ ဆိုတာကို ဆွေးနွေးတယ်၊ ကျနော်တို့ တရားမျှတမှုတွေ ပေါ်ပေါက်အောင် ဘယ်လိုဆောင်ရွက်မလဲဆိုတာကို ဆွေးနွေးတယ်"

အစည်းအဝေးဆုံးဖြတ်ချက်အရ အောက်တိုဘာလ ၂၆ ရက်၊ ညနေလေးနာရီ၊ ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့မှာ “ နိုင်ငံသားအခွင့်အရေး ချိုးဖောက်ခံရမှုနှင့် တရားမဲ့အနိုင်ကျင့် သတ်ဖြတ်ခံရမှုတို့အတွက် သဘောထားထုတ်ဖော်သည့်လှုပ်ရှားမှု ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်ရွက်ကြဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီလှုပ်ရှားမူမှာ အစည်းအဝေးတက်ရောက်ခဲ့တဲ့အဖွဲ့ ၁၉ ဖွဲ့အပြင်၊ တခြားအဖွဲ့တွေပါ ပူးပေါင်းပါဝင်မှာ ဖြစ်လို့ စုစုပေါင်း အဖွဲ့ ၃၃ ဖွဲ့က သဘောထားဖေါ်ထုတ်ကြမယ်လို့ သိရပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ