Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 18, 2014

ကချင်ရွာသားတွေ ပြောင်းရွှေ့မိန့် ဖားကန့်စစ်ဗျူဟာမှူး ပြန်ရုတ်သိမ်း

ကချင်လွတ်မြောက်ရေး တပ်မတော် KIA တပ်ရင်း ၆ အခြေစိုက် စခန်း အနီးမှာ ရှိတဲ့ ဒေသခံတွေ အနေနဲ့ ရွှေ့ပြောင်း စရာမလိုပဲ အေးချမ်းစွာ နေထိုင်ဖို့ ဖားကန့်အခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမြင့်သန်းက ဒီကနေ့ ပြောကြား တယ်လို့ သိရပါတယ်။

ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဘာသာရေးအဖွဲ့အစည်းတွေက အောင်ဘာလေ ကျေးရွာသားတွေထံ အကူအညီပေးဖို့ သွားရောက်စဉ် စစ်ဗျူဟာမှူးက ပြောကြားလိုက်တာဖြစ်တယ်လို့ KIA တပ်ရင်း ၆ တပ်ရင်းမှူး ဗိုလ်မှူး တန်ဆန့်က ပြောပါတယ်။

"ဘာသာရေးအသင်းအဖွဲ့တွေနဲ့ NLD က လူကြီးတွေနဲ့ ဗျူဟာမှူးက ပြန်ပြောခိုင်းတယ်၊ သူတို့ အစည်းအဝေးလုပ်တဲ့အချိန်မှာ ကျနော်တို့လည်း သွားနားထောင်တဲ့အချိန်မှာတော့ ပြည်သူလူထုတွေ ဒီမှာအေးအေးဆေးဆေးနေကြပါပေါ့၊ ဘယ်မှလည်း ရွှေ့ပြောင်းစရာမလိုဘူး ဆိုတဲ့အပိုင်းပဲ စကားပါးပါတယ်၊ ကျနော်တို့ စစ်တပ်တွေပိုင်းကျတော့ ဘာမှစကားပါးတာမရှိပါဘူး၊ ပြည်သူလူထုကို ဒီလိုစကားမှာတယ်ဆိုတာတော့ တည်ငြိမ်လာတယ်လို့ ကျနော်တို့ကမြင်ပါတယ်"

ကေအိုင်အေနဲ့ အစိုးရစစ်တပ်အကြား ပိတ်မိနေတဲ့ အောင်ဘာလေ၊ ကံဆီးခေါ၊ ဆိုင်းငိုင် စတဲ့ ကျေးရွာသားတွေကို ဘေးလွတ်ရာကူညီခေါ်ဆောင်ဖို့ မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဘာသာရေးအဖွဲ့တွေက ကားအစီး ၄၀ နဲ့ ဒီကနေ့ သွားရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တပ်မ ၆၆ တပ်မမှူးနဲ့ ဖားကန့်ဗျူဟာမှူးတို့က ကေအိုင်အေတပ်ရင်း ၆ တပ်စခန်းတွေကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့မှာ နောက်ဆုံးထားပြီး ပြောင်းရွှေ့ဖို့ နှုတ်မိန့်နဲ့ပြောဆိုပြီးနောက်ပိုင်း စစ်ရေးတင်းမာလာခဲ့ရာကနေ အဲဒီ ရွာသုံးရွာက စာသင်ကျောင်းတွေကို ပိတ်ထားခဲ့ရတာဖြစ်ပါတယ်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ