Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 18, 2014

မီလန်မှာ ခေါင်းဆောင်တချို့နဲ့ ဦးသိန်းစိန် သီးသန့်ဆွေးနွေး

အီတလီနိုင်ငံ မီလန် မြို့မှာ ကျင်းပတဲ့ ASEM ခေါ် အာရှ ဥရောပ ထိပ်သီး အစည်းအဝေး တက်ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်က ဥရောပ နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ ဘေးထွက် ဆွေးနွေးပွဲတွေ လုပ်ခဲ့ပါတယ်။

ထိပ်သီး ဆွေးနွေးပွဲ အပိတ်နေ့မနက်က မြန်မာ နိုင်ငံရဲ့ တိုင်းရင်းသား ကိစ္စတွေနဲ့ လူ့ အခွင့် အရေး ကိစ္စတို့မှာ ကူညီပေးနေတဲ့ ဖင်လန်၊ ဆွီဒင် နိုင်ငံတို့က ခေါင်းဆောင်တွေနဲ့ သီးခြားစီ တွေ့ဆုံပြီး ရှေ့ဆက် ဆောင်ရွက်မယ့် လုပ်ငန်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတ ခရီးစဉ်မှာ လိုက်ပါသွားတဲ့ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ဘီဘီစီကို ပြောပါတယ်။

ဖင်လန် နိုင်ငံက တခြားနိုင်ငံများရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ဝင်ရောက် ကူညီခဲ့ဖူးတဲ့ အတွေ့အကြုံတွေ ရှိတဲ့ အတွက် မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ စိတ်ရှည်ရှည် ဆောင်ရွက်ဖို့နဲ့ သူတို့ဖက်က အတတ်နိုင်ဆုံး ကူညီသွားမယ်လို့ ပြောခဲ့ကြောင်းလည်း ဦးရဲထွဋ်က ပြောပါတယ်။

ဆွီဒင် နိုင်ငံကတော့ ပညာရေး၊ ကျန်းမာရေး ဖွံ့ဖြိုး တိုးတက်ရေးနဲ့ တိုင်းရင်းသား အရေးနဲ့ လူ့အခွင့် အရေး တိုးမြှင့်ဖို့ ကိစ္စ တို့ကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဗီယက်နမ် နိုင်ငံနဲ့ နော်ဝေနိုင်ငံ တို့က နိုင်ငံ ခေါင်းဆောင်တွေနဲ့ လည်း ဆွေးနွေးဖို့ ရှိတယ်လို့ သူက ပြောပါတယ်။

သမ္မတနဲ့ အဖွဲ့ဟာ အောက်တိုဘာလ ၁၇ ရက်မှာ မီလန်ကနေ တူရင်း မြို့ကို ခရီးဆက်မှာ ဖြစ်ပြီး လျှပ်စစ် စီမံကိန်းနဲ့ စိုက်ပျိုးရေး ကိစ္စတို့ကို သွားရောက် လေ့လာမယ့် အပြင် တူရင်း ပြတိုက်မှာ ပြသထားတဲ့ မြန်မာ နိုင်ငံက အနာပညာ လက်ရာ ပြပွဲကိုလည်း သွားရောက်မယ်လို့ ပစ္စည်းတွေ သမ္မတ ခရီးစဉ်မှာ လိုက်ပါသွားတဲ့ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။


ဥရောပမှာ ကျင်းပတဲ့ ASEM ဆွေးနွေးပွဲကို မြန်မာ သမ္မတ အနေနဲ့ ပထမဆုံး တက်ရောက် (ဓါတ်ပုံ MOI)


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ